5
ခရစ်တော်ပေးတော်မူသော လွတ်ခွင့်ရသူဖြစ်သည်နှင့်အညီ၊ ကျွန်ထမ်းပိုးအောက်ပြန်မလျိုးဘဲ တည်ကြည်စွာနေကြလော့။
နားထောင်ကြဦး။ ငါပေါလုဆိုသည်ကား သင်တို့သည်လှီးဖြတ်ခြင်းမင်္ဂလာခံယူလျှင် ခရစ်တော်ကြောင့်အကျိုးမရှိ။ ထိုမင်္ဂလာကိုခံယူသူတိုင်းအား ပညတ်တရားတော်အလုံးစုံကို ကျင့်စောင့်ရန်တာဝန်ရှိသူဖြစ်ကြောင်း ငါသတိပေး၏။ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာရောက်လိုသမျှသောသင်တို့သည် ခရစ်တော့်ထံကခွာ၍ ကျေးဇူးတော်မှနှင်ထုတ်ခံရကြပြီ။ ငါတို့မူကား စောင့်ေမျှာ်ရာဖြောင့်မတ်ခြင်းအဖြစ်ကို ဝိညာဉ်တော်၌ ယုံကြည်ခြင်းအားဖြင့် တောင့်တလျက်နေကြ၏။ ခရစ်တော်ယေရှု၌ လှီးဖြတ်ခြင်းမင်္ဂလာရှိမရှိ အကျိုးမပေးနိုင်။ ချစ်ခြင်း​ေမတ္တာကိုပြုပြင်သော ယုံကြည်ခြင်းသာလျှင်ပေးနိုင်၏။ သင်တို့သည် အထက်ကကောင်းမွန်စွာပြေးလျက်နေကြရာ သမ္မာတရားတော်ကိုမလိုက်မနာစေရန် မည်သူဆီးတားဘိသနည်း။ ယခုလိုက်နာခြင်းသည် သင်တို့ကိုခေါ်ထားတော်မူသောအရှင့်ထံမှမဟုတ်။ တဆေးအနည်းငယ်သည် တစ်ပေါင်းလုံးပေါက်စေတတ်၏။ 10 သင်တို့သည် စိတ်ပြောင်းလျက်မနေကြမည့်အကြောင်း၊ အရှင်ဘုရားအားဖြင့်ငါယုံကြည်စိတ်ချသော်လည်း သင်တို့စိတ်ကိုမွှေနှောက်သူမည်သူမဆို စီရင်ဒဏ်ခံရလိမ့်မည်။ 11 ညီအစ်ကိုတို့၊ လှီးဖြတ်ခြင်းမင်္ဂလာတရားကို ငါဟောလျက်နေသေးသည်မှန်လျင် ကားတိုင့်ဆိုင်ရာ တိုက်လဲရာတိုက်လဲကြောင်းပယ်ဖျက်ပြီဖြစ်၍ အဘယ့်ကြောင့်ညှဉ်းပန်းခံရတော့သနည်း။ 12 သင်တို့ကိုမှောက်လှန်သူတို့သည် ဆုံးမခြင်းကိုလည်းခံကြပါစေသော။
13 ညီအစ်ကိုတို့၊ လွတ်ခွင့်အဖို့ သင်တို့ကိုခေါ်ထားတော်မူသည်မှန်၏။ သို့ရာတွင်ထိုလွတ်ခွင့်ကို ရုပ်ခန္ဓာသွေးဆောင်ရာသွေးဆောင်ကြောင်းမဖြစ်စေဘဲ ချစ်ခြင်းမတ္တာအားဖြင့် အချင်းချင်းတို့ထံကျွန်ခံကြလော့။ 14 အပေါင်းအဖော်ကို ကိုယ်နှင့်အမျှချစ်လော့ဟူသောကျမ်းတစ်ချက်၌ ပညတ်တရားအလုံးစုံချုပ်ခြာလျက်ရှိ၏။ 15 တစ်ယောက်ကိုတစ်ယောက်ကိုက်စားလျှင်မူကား အချင်းချင်းအားဖြင့်ဖျက်ဆီးရာမရောက်မိစေရန် သတိမူကြလော့။ 16 ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့်ေလျှာက်လိုက်ကြလော့။ သို့ပြုလျင်ရုပ်ခန္ဓာတပ်မက်ခြင်းကို မပြည့်စေဘဲရှိကြလိမ့်မည်။ 17 အသို့ဆိုသော် ရုပ်ခန္ဓာသည် ဝိညာဉ်တော်တစ်ဖက်တပ်မက်ခြင်း၊ ဝိညာဉ်တော်လည်းရုပ်ခန္ဓာတစ်ဖက် တိုက်ခိုက်ခြင်းကိုပြုလျက် အချင်းချင်းဆန့်ကျင်ဘက်နေသည့်အလျောက် သင်တို့သည် သဘောကျရာများကိုမပြုနိုင်။ 18 သို့ရာတွင် ဝိညာဉ်တော်ပို့ဆောင်ရာလိုက်ပါလျှင် ပညတ်တရားအောက်ရှိနေကြတော့သည်မဟုတ်။ 19 ရုပ်ခန္ဓာဆိုင်ရာအကျင့်များတည်းဟူသော မေထုန်မှီဝဲခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ 20 ရုပ်ပွားကိုးကွယ်ခြင်း၊ နတ်ဟောခြင်း၊ ရန်ညိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ဖီဆန်ခြင်း၊ အယူခြားနားခြင်း၊ ဂိုဏ်းကွဲခြင်း၊ ငြူစူခြင်း၊ 21 မူးယစ်ခြင်း၊ ပျော်ပါးခြင်းမှစ၍ အမျိုးတူအကျင့်များသည် ထင်ရှားလျက်ရှိကြ၏။ ငါပြောဆိုခဲ့သည့်အတိုင်းဆိုဦးမည်မှာ ထိုကဲ့သို့သောအကျင့်များကိုပြုကျင့်သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို အပိုင်ရကြမည်မဟုတ်။ 22 ဝိညာဉ်တော့်ဆိုင်ရာအသီးမူကား ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာပြခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာတည်ခြင်း၊ သိမ်မွေ့ခြင်၊း ကိုယ်ကိုချုပ်တည်းခြင်းများတည်း။ 23 ထိုသို့သောပါရမီနှင့် ဆန့်ကျင်သောတရားမရှိ။ 24 ခရစ်တော်ယေရှုပိုင်ရာတော်ဖြစ်သူတို့သည် ရုပ်ခန္ဓာကို ဆိုင်ရာဝါသနာနှင့်လောဘများပါ ကားတင်ခဲ့ကြပြီ။
25 ငါတို့သည် ဝိညာဉ်တော်အားဖြင့်အသက်ရှင်ကြသည်မှန်လျှင် ဝိညာဉ်တော်အားဖြင့် ေလျှာက်လိုက်ကြကုန်အံ့။ 26 တစ်ယောက်ကိုတစ်ယောက် အမျက်တိုက်ခြင်း၊ ငြူစူခြင်းများကိုရှောင်လျက် ဝါကြွားခြင်းကင်းလျက် နေကြကုန်အံ့။