4
ငါဆိုဦးမည်မှာ အရွယ်မရောက်သည့်ကာလအတွင်း အမွေခံသည့်ဥစ္စာရှင်မှန်သော်လည်း ကျွန်ဖြစ်သူနှင့်မခြားနားဘဲ၊ အဘချိန်းချက်သည်ကာလမတိုင်မချင်း အမွေထိန်း၊ ဘဏ္ဍာထိန်းများလက်အောက်တွင် ရှိနေရ၏။ ထိုနည်းတူငါတို့သည် အရွယ်မရောက်သည့်ကာလ လောကီစာဝါငယ့်အောက် ကျွန်ခံလျက်နေခဲ့ရသော်လည်း၊ 4-5 အချိန်ကာလပြည့်သော် ဘုရားသခင်သည် ပညတ်တရားအောက်ရှိနေသူတို့ကို ရွေးနုတ်စေခြင်းငှာလည်းကောင်း၊ သားအဖြစ်ကိုငါၙတို့ရစေခြင်ငှာလည်းကောင်း၊ မိန်းမမှ ပညတ်တရားအောက်ဖွားမြင်ခံမည့်သားတော်ကို စေလွှတ်တော်မူ၏။ သင်တို့သည် သားများဖြစ်သောကြောင့် အဗ္ဗ၊ အဘဟုကြွေးကြော်သော သားတော်၏ဝိညာဉ်ကို သင်တိုစိတ်နှလုံးထဲသို့ ဘုရားသခင်စေလွတ်တော်မူသဖြင့်၊ အသီးအသီးသည် ကျွန်အဖြစ်ဆက်လက်မနေဘဲ သားဖြစ်၏။ သားမှန်က ဘုရားသခင်အားဖြင့် အမွေခံတည်း။
ထိုအခါ သင်တို့သည် ဘုရားသခင်ကိုမသိသဖြင့် ပြကတေ့ဘုရားမဟုတ်သော နတ်များအောက် ကျွန်ခံလျက်နေခဲ့ကြရာ၊ ယခုမူကား ဘုရားသခင်ကိုသိကျွမ်းသူ၊ မုချအားဖြင့်ဘုရားသခင်သိကျွမ်းတော်မူသူဖြစ်လျက် တန်ခိုးမဲ့၊ ကျေးဇူးမဲ့သောစာဝါငယ့်အောက် ကျွန်ခံလိုပြန်၍တစ်ဖန်လှည့်ကြသည်မှာ၊ 10 အသို့နည်း။ သင်တို့သည်ဥပုသ်နေ့၊ လဆန်းနေ့၊ ပွဲချိန်၊ မင်္ဂလာနှစ်များကိုစောင့်ရှောက်ကြသဖြင့်၊ 11 သင်တို့အဖို့ငါဆောင်ရွက်မှု အချည်းအနှီးဖြစ်မည်ဟု ငါစိုးရိမ်၏။
12 ညီအစ်ကိုတို့၊ ငါသည် သင်တို့ကဲ့သို့ဖြစ်ခဲ့သောကြောင့် ငါကဲ့သို့သင်တို့ဖြစ်ကြမည့်အကြောင်း တောင်းပန်ပါ၏။ 13 သင်တို့သည် ငါ့အားအဓမ္မမှုမပြုခဲ့သည်သာမက သင်တို့သိကြသည့်အတိုင်း ရုပ်ခန္ဓာရောဂါကြောင့် သတင်းတော်မြတ်ကို သင်တို့အားငါဦးစွာကြားပြောသည့်ကာလ၊ 14 သင်တို့စုံစမ်းရာစုံစမ်းကြောင်းဖြစ်သော ငါ့ရုပ်ခန္ဓာရောဂါကို ရွံ့ရှာစက်ဆုပ်ခြင်းကင်းလျက် ဘုရားသခင့်စေတမန်တော်အဖြစ် ခရစ်တော်ယေရှုအဖြစ် ငါ့ကိုလက်ခံကြပေ၏။ 15 သို့ဖြစ်လျက်ပင် သင်တို့သြဘာပေးခြင်းကားအဘယ်မှာနည်း။ အထက်ကသင်တို့သည် ကိုယ့်မျက်စိများကိုပင် ထုတ်ပေးနိုင်လျင် ငါ့အားထုတ်ပေးလိုကြောင်း ငါသက်သေခံ၏။ 16 သို့ဖြစ်လျင် ငါသည်မှန်ရာကို ကြားပြောသောကြောင့် သင်တို့ရန်သူဖြစ်ပြီလော။ 17 ဆိုခဲ့သူတို့သည် သင်တို့အကျိုးငှာမဟုတ်၊ ကိုယ်ကိုတုန့်ပြန်စွဲလမ်းစေခြင်းငှာ သင်တို့ကိုပိတ်ပင်မည့်သဘောနှင့်သာ စွဲလမ်းကြ၏။ 18-19 သို့ရာတွင် သင်တို့၌ခရစ်တော်၏ပုံတော်မကျမီ ဖွားမြင်ခြင်းဝေဒနာခံစားပြန်စေသောငါ့သူငယ်တို့၊ ငါရှိစဉ်သာမဟုတ်၊ အခါခပ်သိမ်းပင်သင်တို့အကျိုးငှာ စွဲလမ်းခြင်းခံကြလျင် ကောင်းလှပေ၏။ 20 သင်တို့အတွက် စိတ်ရှုပ်ထွေးသောကြောင့် ဆုံးမသံပြောင်းရ​ေစရန် သင်တို့ထံယခုငါရောက်လို၏။
21 ပညတ်တရားအောက်နေလိုသောသင်တို့၊ ပြောကြ။ ပညတ်တရားတော်ကို နာယူမည်မဟုတ်လော့။ 22 ကျမ်းချက်ရှိသည့်အတိုင်း အာဗြဟံ၌ကျွန်သိမ်းမယားတွင်တစ်ယောက်၊ ကျွန်မဟုတ်သောမယားတွင်တစ်ယောက် သားနှစ်ယောက်ရှိရာ၊ 23 ကျွန်သိမ်းမယားတွင်ရသောသားသည် ဇာတိအလျောက်၊ ကျွန်မဟုတ်သောမယားတွင်ရသောသားမူကား ကတိတော်ကြောင့်ဖြစ်ပွား၏။ 24 ထိုအကြောင်းအရာများနှင့်ပုံဆောင်လျှင် ထိုမယားနှစ်ယောက်တည်းဟူသောပဋိညာဉ်နှစ်ပါးတွင် တစ်ပါးမှာ ကျွန်ဖြစ်ရန် သားသမီးများကိုဖွားမြင်သူဟာဂရကဲ့သို့ သိနတောင်မှရခဲ့သောပဋိညာဉ်ဖြစ်၏။ 25 ထိုဟာဂရသည် အာရပ်ပြည်ရှိသိနတောင်ဖြစ်လျက် မြို့သူမြို့သားနှင့်တကွ ကျွန်အဖြစ်နေသောယခုကာလ ေယရုရှလင်မြို့ကိုဆောင်၏။ 26-27 ကောင်းကင်ေယရုရှလင်မူကား သားမဖွားသောအမြုံမ၊ ကြွေးကြော်လော့။ သားဖွားခြင်းဝေဒနာမခံရသောမိန်းမ၊ အသံလွှင့်၍ကြွေးကြော်လော့။ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက် သားများစွာရှိသည်ဟူသောကျမ်းချက်အရ မြို့လွတ်ဖြစ်လျက် ငါတို့အမိဖြစ်၏။ 28 ညီအစ်ကိုတို့၊ ငါတို့သည်ဣဇာက်ကဲ့သို့ ကတိတော့်ဆိုင်ရာ သားများဖြစ်ကြသည့်အပြင်၊ 29 ထိုကာလ ဇာတိအလျောက်ရသောသားသည် ဝိညာဉ်တော်အလျောက်ရသောသားကိုညှဉ်းပန်းသကဲ့သို့ ယခုကာလဖြစ်၏။ 30 သို့သော်လည်း ကျမ်းဂန်တော်ကမည်သို့ဆိုသနည်း။ ကျွန်မိန်းမနှင့်သူ့သားကိုနှင်ထုတ်လော့။ ထိုကျွန်သိမ်းမယား၏သားသည် ကျွန်မဟုတ်သောမယား၏သားနှင့်အတူ အမွေခံရသည်မဟုတ်ဟု ဆို၏။ 31 ထိုကြောင့်ညီအစ်ကိုတို့၊ ကျွန်သိမ်းမယား၏သားများမဟုတ်။ ကျွန်မဟုတ်သောမယား၏သားများ၊