9
ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ ဖာရောမင်းထံဝင်၍ ဟေဗြဲလူမျိုး၏ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူမျိုးကိုငါ့အားဝတ်ပြုရန် လွှတ်စေ။ မလွှတ်လိုငြင်းဆို၍ ထားသေးလျှင်၊ ငါထာဝရဘုရား၏လက်တော်သည် မြင်း၊ မြည်း၊ ကုလားအုပ်၊ နွား၊ သိုး၊ ဆိတ် စသော လယ်ပြင်ရှိ တိရစ္ဆာန်များအပေါ်သို့ရောက်သဖြင့် ပြင်းထန်သောကပ်ရောဂါဘေးသင့်လိမ့်မည်။ ငါထာဝရဘုရားသည် ဣသရေလလူတို့ တိရစ္ဆာန်တစ်ဘက်၊ အိဂျစ်လူတို့တိရစ္ဆာန်တစ်ဘက်၊ ခွဲခြားထားသဖြင့် ဣသရေလအမျိုးသားတို့ပိုင်သော တိရစ္ဆာန်တစ်ကောင်မျှမသေရဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူ၏။ နက်ဖြန်ဤပြည်တွင် ထိုအမှုကိုငါဘုရားပြုမည်ဟူ၍ ထာဝရဘုရားချိန်းချက်တော်မူသည့်အတိုင်း၊ နောက်နေ့၌ထိုအမှုကို ထာဝရဘုရားပြုတော်မူသဖြင့် အိဂျစ်လူတို့တိရစ္ဆာန်အပေါင်းသေကုန်၏။ ဣသရေလအမျိုးသားတို့ တိရစ္ဆာန်မူကား တစ်ကောင်မျှမသေ။ ဖာရောမင်းသည် လူကိုစေရာ၊ ဣသရေလလူတို့တိရစ္ဆာန်တစ်ကောင်မျှမသေကြောင်းသိရသော်လည်း စိတ်နှလုံးခက်မာပြန်၍ ထိုလူမျိုးကိုမလွှတ်ဘဲနေသေး၏။
ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အားမိန့်တော်မူပြန်သည်မှာ မီးဖိုကျပ်ခိုးတစ်လက်ခုပ်စီယူ၍ ဖာရောမင်းရှေ့ကောင်းကင်ထက်သို့ မောရှေေမြှာက်ပစ်စေ။ ထိုကျပ်ခိုးသည် အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် မြူမုန့်ဖြစ်၍ ၎င်းပြည်တစ်ဝှမ်းလုံး လူနှင့်တိရစ္ဆာန်များ၌ ပြည်တည်သော အနာစိမ်းပေါက်လိမ့်မည်ဟု မိန့်တော်မူသည့်အတိုင်း၊ 10 မီးဖိုကျပ်ခိုးကိုသူတို့ယူ၍ ဖာရောမင်းရှေ့ရပ်လျက် ကောင်းကင်ထက်သို့မောရှေမြှောက်ပစ်သဖြင့် လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းထွက်လေ၏။ 11 ဗေဒင်တတ် ဝိဇ္ဇာဆရာစသော အိဂျစ်လူအပေါင်းတို့၌ ထိုအနာစိမ်းစွဲကပ်သည်ဖြစ်၍ ၎င်းဆရာတို့ပင် မောရှေရှေ့တွင် မရပ်မတည်နိုင်ချေ။ 12 မောရှေအားမိန့်တော်မူခဲ့သည့်အတိုင်း ထာဝရဘုရားသည် ဖာရောမင်း၏စိတ်နှလုံးခဲယဉ်းစေတော်မူသဖြင့် သူတို့စကားကိုနားမထောင်ဘဲနေသေး၏။
13 ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ နံနက်အချိန်ထ၍ ဖာရောမင်းရှေ့တွင်ရပ်တန့်လျက် ဟေဗြဲလူမျိုး၏ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူမျိုးကိုငါ့အားဝတ်ပြုရန် လွှတ်စေ။ 14 သို့မဟုတ် မြေတစ်ပြင်လုံးငါနှင့်တူသူမရှိကြောင်း သင်သိစေခြင်းအလို့ငှါ ယခုတစ်ကြိမ်သင့်နှလုံး၌လည်းေကာင်း၊ ကျေးကျွန်သင်းပင်းပြည်သူပြည်သားတို့၌လည်းေကာင်း ဘေးဒဏ်အမျိုးမျိုးကို ငါသင့်ရောက်စေမည်။ 15-16 သင့်အား ငါ့တန်ခိုးကိုပြခြင်းငှါလည်းေကာင်း၊ ငါ့နာမကိုမြေတစ်ပြင်လုံးနှံ့ကြေငြာစေခြင်းငှါလည်းေကာင်း သင့်ကိုတည်နေခွင့်ငါပေးခဲ့ပြီ။ သို့မဟုတ်လျှင် လက်တော်ဆန့်၍ သင်နှင့်ပြည်သူပြည်သားတို့ပါ သင့်စေသောကပ်ရောဂါဘေးဖြင့် မြေကြီးပေါ်မှကွယ်ပျောက်စေခဲ့ပြီ။ 17 သင်သည် ငါ့လူမျိုးကိုမလွှတ်ဘဲ သူတို့အပေါ်တွင်မောက်မာသေးသလော။ 18 အိဂျစ်ပြည်တည်ထောင်စကာလမှ ယခုတိုင်အောင်မကျစဘူး၊ အလွန်သည်းစွာသောမိုးသီးကို နက်ဖြန်ဤအချိန်ခန့်တွင်ပင် ငါကျရွာစေမည်။ 19 ထိုကြောင့် နွားမှစ၍လယ်ပြင်၌ရှိလေသမျှကို လုံခြုံရာသို့သွင်းစေလော့။ အိမ်ကိုမဆောင်ဘဲ လယ်ပြင်၌ရှိသမျှသောလူသူတိရစ္ဆာန်တို့အပေါ်သို့ မိုးသီးကျသဖြင့်သေရကြလိမ့်မည်ဟု မိန့်တော်မူကြောင်း ဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူ၏။ 20 ဖာရောမင်း၏ ကျေးကျွန်တို့အနက် ထာဝရဘုရား၏အမိန့်တော်ကိုကြောက်ရွံ့သူတို့သည် ကိုယ့်ကျွန်နှင့်တိရစ္ဆာန်များကို အိမ်သို့နှင်သွင်းကုန်၏။ 21 ထာဝရဘုရား၏အမိန့်တော်ကို အလေးမမူသူတို့ကား ကိုယ့်ကျွန်နှင့်တိရစ္ဆာန်များကို လယ်ပြင်၌ထားကြကုန်၏။
22 ထာဝရဘုရားကလည်း အိဂျစ်ပြည်တစ်ဝှမ်းလုံး၌ လူသူတိရစ္ဆာန်တို့အပေါ်သို့လည်းေကာင်း၊ လယ်ပြင်ရှိကောက်ပင်ပဲပင်ဟူသမျှတို့အပေါ်သို့လည်းေကာင်း မိုးသီးကျစေခြင်းငှါ ကောင်းကင်ထက်သို့လက်ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည့်အတိုင်း၊ 23 တောင်ဝေးကိုကောင်းကင်ထက်သို့ မောရှေထောင်သောအခါ မိုးကြိုးသံနှင့်မိုးသီးကို ထာဝရဘုရားလွှတ်တော်မူလျက် လောင်မီးလည်းမြေပေါ်သို့ကျလေ၏။ ထိုသို့ထာဝရဘုရားသည် အိဂျစ်ပြည်၌ မိုးသီးကျရွာစေတော်မူသဖြင့်၊ 24 အိဂျစ်လူမျိုးဖြစ်ထွန်းစကာလမှ ထိုပြည်တစ်ဝှမ်းလုံးတွင်မကျစဘူး၊ အလွန်သည်းစွာသော မိုးသီးလောင်မီးရောလျက်ကျလေ၏။ 25 အိဂျစ်ပြည်တစ်ဝှမ်းလုံး လယ်ပြင်၌ရှိသမျှလူသူတိရစ္ဆာန်များကိုလည်းေကာင်း၊ လယ်ပြင်ရှိကောက်ပင် ပဲပင်ခပ်သိမ်းကိုလည်းေကာင်း မိုးသီးဘေးထိရောက်သည့်ပြင် သစ်ပင်အပေါင်းကိုလည်း ချိုးဖျက်လေ၏။ 26 ဣသရေလအမျိုးသားတို့နေရာ ဂေါရှင်ပြည်၌ကား မိုးသီးမကျချေ။ 27 ထိုအခါ ဖာရောမင်းသည် မောရှေနှင့်အာရုန်တို့ကိုခေါ်စေပြီးလျှင်၊ ယခုတစ်ကြိမ်ငါပြစ်မှားပြီ။ ထာရဘုရားဖြောင့်၍ ငါနှင့်ငါ့လူတို့ကောက်ကြ၏။ 28 ပြင်းထန်သော မိုးကြိုးသံနှင့်မိုးသီးများလှပြီ။ ထာဝရဘုရားကိုတောင်းပန်လော့။ သင်တို့ကိုထပ်မံမနေစေဘဲ ငါလွှတ်ပေအံ့ဟုဆိုရာ၊ 29 မောရှေက၊ မြို့ပြင်သို့ကျွန်တော်ထွက်ရောက်လျှင် ထာဝရဘုရားမျက်မှောက်တော်တွင် လက်အုပ်ချီပါမည်။ ထာဝရဘုရားသည် မြေကြီးရှင်ဖြစ်တော်မူကြောင်း ဘုရင်းမင်းသိစေခြင်းငှါ မိုးကြိုးသံတိတ်၍ မိုးသီးအကျစဲပါလိမ့်မည်။ 30 ဘုရင်မင်းနှင့်ကျေးကျွန်သင်းပင်တို့ကား ထာဝရဘုရားသခင်အား မကြောက်ရွံ့သေးကြောင်း ကျွန်တော်သိပါသည်ဟု လျှောက်ဆို၏။ 31 မုယောပင်သည် အသီးအနှံထွက်ပြီ၊ ပိုက်ဆံပင်လည်းဖူးပြီဖြစ်၍ ၎င်းအပင်များကို မိုးသီးဘေးထိရောက်၏။ 32 ဂျုံပင်၊ ပြောင်းပင်များကား မပေါက်သေးသောကြောင့် ထိုဘေးမထိချေ။ 33 မောရှေသည် ဖာရောမင်းထံမှ မြို့ပြင်သို့ထွက်သွားပြီးလျှင် ထာဝရဘုရားမျက်မှောက်တော်တွင် လက်အုပ်ချီသဖြင့် မိုးကြိုးသံ၊ မိုးသီးအကျစဲ၍မြေပေါ်သို့မိုးမရွာ။ 34 မိုးရွာခြင်း၊ မိုးသီးကျခြင်း၊ မိုးကြိုးထစ်ခြင်းရပ်စဲသည်ကို ဖာရောမင်းသိမြင်လျှင် ပြစ်မှားပြန်၍ ကျေးကျွန်သင်းပင်းတို့နှင့်တကွ စိတ်နှလုံးခက်မာကြ၏။ 35 မောရှေအားဖြင့် ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းသည်စိတ်နှလုံးခဲယဉ်း၍ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။