4
တစ်ဖန် မောရှေက၊ ထိုသူတို့သည် အကျွန်ုပ်ကိုမယုံ၊ စကားကိုလည်းမနာခံဘဲ သင့်အားထာဝရဘုရားထင်ရှားတော်မမူကြောင်း ဆိုကြလိမ့်မည်ဟု ပြန်လျှောက်သော်၊ ထာဝရဘုရားက၊ သင့်လက်၌ရှိသည်ကား ဘယ်အရာနည်းဟုမေးတော်မူလျှင် တောင်ဝေးရှိပါသည်ဟုလျှောက်ရာ၊ မြေပေါ်သို့ပစ်ချလော့ဟု မိန့်တော်မူသည့်အတိုင်း ပစ်ချက၊ တောင်ဝေးသည်မြွေဖြစ်၍၊ ၎င်းရှေ့မှမောရှေပြေးလေ၏။ 4-5 ထာဝရဘုရားကလည်း၊ ထိုသူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အားထင်ရှားတော်မူကြောင်း ယုံကြစေခြင်းငှါ၊ လက်ဆန့်၍အမြီးကို ကိုင်ဖမ်းလော့ဟုမိန့်တော်မူသည့်အတိုင်း လက်ဆန့်၍ဖမ်းမိက လက်တွင်တောင်ဝေးပင် ဖြစ်ပြန်သတည်း။ တစ်ဖန်ထာဝရဘုရားက၊ သင့်လက်ကိုရင်ခွင်သို့သွင်းလော့ဟု မိန့်တော်မူသည့်အတိုင်း လက်ကိုရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ ထိုလက်သည် မိုးပွင့်အဆင်းကဲ့သို့နူရ၏။ တစ်ဖန်၊ သင့်လက်ကိုရင်ခွင်သို့သွင်းဦးလော့ဟု မိန့်တော်မူသဖြင့် လက်ကိုရင်ခွင်သို့သွင်း၍ထုတ်ရာ အသားမှန်ဖြစ်ပြန်လေ၏။ ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမလက္ခဏာသက်သေကိုမနာခံလျှင် နောက်ဖြစ်သောလက္ခဏာသက်သေကို ယုံကြလိမ့်မည်။ ထိုလက္ခဏာသက်သေနှစ်ရပ်ကိုမျှမယုံ၊ သင့်စကားကိုလည်းမနာခံသေးလျှင် နိလမြစ်ရေကိုခပ်ယူ၍ ကုန်းပေါ်သို့သွန်းလောင်းလော့။ ထိုသို့မြစ်ထဲမှခပ်ယူသောရေသည် ကုန်းပေါ်တွင်သွေးဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ 10 ထိုနောက် မောရှေက၊ အရှင်ဘုရား၊ ယမန်ကသော်လည်းေကာင်း၊ ကျွန်တော်မျိုးအား မိန့်တော်မူသောအခါမှသော်လည်းေကာင်း၊ စကားမတတ်၊ နှုတ်ဆွံ့လျှာလေးသူဖြစ်ပါသည်ဟု ထာဝရဘုရားအားလျှောက်ဆို၏။ 11 ထာဝရဘုရားကလည်း၊ လူ့နှုတ်ကိုမည်သူပြုပြင်သနည်း။ အသူ၊ ပင်းသူ၊ မြင်သူ၊ မမြင်သူတို့ကို မည်သူပြုပြင်သနည်း။ ငါထာဝရဘုရားပင်မဟုတ်လော။ 12 သို့ဖြစ်၍သွားလော့။ သင့်နှုတ်၌ငါတည်နေ၍ မည်သို့ပြောရမည်ကို သွန်သင်ပေအံ့ဟုမိန့်တော်မူလျှင်၊ 13 မောရှေက၊ အရှင်ဘုရားစေအံ့သူလက်ဖြင့်သာ ပေးပို့တော်မူပါဟုလျှောက်သော်၊ 14 ထာဝရဘုရားသည် မောရှေအားအမျက်တော်ထား၍ သင့်အစ်ကိုဖြစ်သူလေဝိဂိုဏ်းသား အာရုန်ရှိသည်မဟုတ်လော။ 15 သူသည် မုချပြန်ပြောမည်ကိုငါသိ၏။ သင့်ကိုကြိုဆိုရန် သူထွက်လာပြီ။ တွေ့မြင်သောအခါ စိတ်နှလုံးရွှင်လိမ့်မည်။ သင်သည်သူ့ကိုနှုတ်ထည့်စကားပြော၍ သင့်နှုတ်၌လည်းေကာင်း၊ သူ့နှုတ်၌လည်းေကာင်း၊ ငါတည်နေလျက် မည်သို့ပြုကြရမည်ကိုလည်း သွန်သင်အံ့။ 16 သူသည် ထိုလူမျိုးရှေ့တွင်စကားပြန်လုပ်၍၊ သင်၏နှုတ်ကိုယ်စား သင်လည်းသူ့ဘုရားသခင်၏ကိုယ်စားဖြစ်လိမ့်မည်။ 17 လက္ခဏာသက်သေများကိုပြရန် ဤတောင်ေ၀းကိုလည်းကိုင်စွဲလော့ဟု မိန့်တော်မူ၏။
18 ထိုအခါ မောရှေသည် ယောက္ခမယေသရော့ထံပြန်သွား၍ အိဂျစ်ပြည်ရှိ ကျွန်တော့်အမျိုးသားချင်းတို့အသက်ရှင်သည် မရှင်သည်ကိုသိမြင်ခြင်းငှါ ၎င်းတို့ရှိရာသို့ပြန်သွားခွင့်ပေးပါဟုဆိုသော် ယေသရောက၊ အကြည်အသာသွားတော့ဟု ပြန်ဆိုလေ၏။ 19 ထာဝရဘုရားကလည်း၊ အိဂျစ်ပြည်သို့ပြန်သွားလော့။ သင့်အသက်အန္တရာယ်ကို ရှာကြံသူအပေါင်းတို့ သေကြလေပြီဟု မိဒျန်ပြည်၌ မောရှေအားမိန့်တော်မူသော်၊ 20 မောရှေသည်၊ သားမယားတို့ကိုခေါ်ယူ၍ မြည်းပေါ်မှာတင်ပြီးလျှင်၊ ဘုရားသခင့်တောင်ဝေးတော်ကိုကိုင်စွဲလျက် အိဂျစ်ပြည်သို့ပြန်လေ၏။ 21 ထိုအခါ ထာဝရဘုရားက၊ အိဂျစ်ပြည်သို့ပြန်ရောက်လျှင် ငါအပ်နှင်းသောသက်သေနိမိတ်အမျိုးမျိုးကို ဖာရောမင်းရှေ့ပြဖြစ်အောင်ပြလော့။ သို့ပြလျက်ပင် သူ့စိတ်နှလုံးကိုငါခဲယဉ်းစေသဖြင့် ထိုလူမျိုးကိုလွှတ်လိမ့်မည်မဟုတ်။ 22 ဖာရောမင်းအားလည်း ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးပင်တည်း။ 23 ငါ့သားကိုငါ့အားဝတ်ပြုရန်လွှတ်စေဟု ငါအမိန့်ရှိလျက်နှင့်မလွှတ်မူ၍ ငြင်းခဲ့သောကြောင့် သင့်သား၊ သင့်သားဦးကိုပင် ငါအဆုံးစီရင်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလော့ဟု မောရှေအားမိန့်မှာတော်မူ၏။ 24 ခရီးစခန်းတွင် မောရှေကို ထာဝရဘုရားတွေ့ကြုံ၍ သေစေခြင်းငှါကြံစည်တော်မူလျှင်၊ 25 ဇိပေါရသည် ကျောက်စောင်းကိုယူ၍ သား၏အရေဖျားကိုလှီးဖြတ်ပြီးမှ လင့်ခြေရင်းသို့ပစ်လျက် စင်စစ်အရှင်သည် ကျွန်မအားသွေးနှင့်စပ်လျဉ်းသောလင်ယောက်ျားဖြစ်သည်ဟုဆိုသော် မောရှေကိုလွှတ်ထားတော်မူ၏။ 26 ထိုအခါ မယားက၊ သွေးနှင့်စပ်လျဉ်းသောလင်ယောက်ျားဖြစ်သည်ဟု ဆိုသည့်အကြောင်းကား၊ လှီးဖြတ်ခြင်းနှင့်စပ်လျဉ်း၍တည်း။
27 ထာဝရဘုရားကလည်း၊ မောရှေကိုကြိုဆိုခြင်းငှါ တောသို့သွားလော့ဟု မိန့်တော်မူသည့်အတိုင်း၊ အာရုန်သွား၍ ဘုရားသခင့်တောင်တော်ပေါ်တွင် တွေ့ကြုံနမ်းရှုပ်ပြီးလျှင်၊ 28 မောရှေသည် ထာဝရဘုရားစေခိုင်းတော်မူသော ဗျာဒိတ်တော်အလုံးစုံကိုလည်းေကာင်း၊ မိန့်မှာတော်မူသော လက္ခဏာသက်သေအပေါင်းကိုလည်းေကာင်း အာရုန်အားကြားပြောလေ၏။ 29 မောရှေနှင့်အာရုန်တို့သွား၍ ဣသရေလအမျိုးသားလူကြီးရှိသမျှကို စည်း​ဝေးစေကြပြီးလျှင်၊ 30 မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အလုံးစုံကို အာရုန်ပြန်ပြော၍ ထိုသူတို့မျက်မှောက်တွင် လက္ခဏာသက်သေများကိုပြလေသော်၊ 31 သူတို့ယုံကြည်လျက် ဣသရေလအမျိုးသားတို့အား ထာဝရဘုရားကြွရောက်ကြည့်ရှုတော်မူကြောင်းကိုလည်းေကာင်း၊ ညှဉ်းပန်းခံရခြင်းကို ရှုမြင်တော်မူကြောင်းကိုလည်းေကာင်း ကြားနာရသောအခါ ဦးညွှတ်ရှိခိုးကြကုန်၏။