8
ထိုနေ့ချင်းတွင် အာရွှေရုမင်းသည်၊ ယုဒလူမျိုး၏ရန်သူဟာမန့်အိမ်ကို၊ မိဖုရားဧသတာသို့ပေး၏။ မော်ဒကဲနှင့်မည်သို့တော်စပ်သည်ကို ဧသတာတင်လျှောက်သည့် အတိုင်း၊ ဘုရင်မင်းထံမော်ဒကဲဝင်ရ၍၊ ဘုရင်မင်းသည်၊ ဟာမန်မှပြန်သိမ်းသောတံဆိပ်လက်စွပ်တော်ကိုမော်ဒကဲသို့ချွတ်အပ်၏။ ဧသတာလည်း၊ ဟာမန့်အိမ်ကိုမော်ဒကဲ အုပ်ထိန်းစေ၏။ တစ်ဖန်ဧသတာသည်၊ ဘုရင်မင်းခြေတော်ရင်း၌ပျပ်ဝပ်လျက်၊ ယုဒလူမျိုးတစ်ဘက်ဟာမန်ကြံစည်ခဲ့သောဘေးကိုပယ်ပတော်မူပါမည့်အကြောင်း၊ အထံတော်တွင်မျက်ရည် နှင့်တောင်းပန်သော်၊ ရာဇရွှေလှံတံကိုဧသတာသို့ဘုရင်မင်းကမ်းလှမ်းသဖြင့်၊ ရှေ့တော်မှာထရပ်ပြီးမှ၊ ဧသတာက၊ ကျွန်မကိုမျက်နှာသာပေး၍စိတ်တော်နှင့်တွေ့ပါလျှင်လည်းေကာင်း၊ အမှုကိုလည်း၊ အလိုတော်ကျ၍သဘောတော်မြတ်ပါလျှင်လည်းေကာင်း၊ ပြည်ထောင်တကာရှိယုဒလူမျိုးတို့ကို ကွပ်မျက်ရန်အာဂတ်အမျိုးဟမ္မေဒါသသားဟာမန်ကြံစည်ခဲ့သောအမိန့်တော်စာများကို ဖျက်ပယ်ပြီဟူ၍ ထပ်မံထုတ်ဆင့်တော်မူပါ။ ကျွန်မ၏ဆွေမျိုးသားချင်းတို့၌သင့်လတ္တံ့သော ဘေးကိုလည်းေကာင်း၊ ဆွေမျိုးညာတကာတို့ပျက်စီးအံ့သောအမှုကိုလည်းေကာင်း၊ မည်သို့ရှုစိတ်နိုင်အံ့နည်းဟုတင်လျှောက်ရာ၊ မိဖုရားဧသတာနှင့်ယုဒလူမျိုးမော်ဒကဲတို့အားဘုရင်အာရွှေရုမင်းက၊ ယုဒလူမျိုးတို့ကိုလက်ရောက်ပြုလိုသောဟာမန်ကို၊ လည်ဆွဲတိုင်၌ကွပ်မျက်စေခဲ့ပြီ။ ချင့်အိမ်ကို လည်းဧသတာအားငါပေးပြီ။ ဘုရင့်အမည်ဖြင့်ရေး၍၊ လက်စွပ်တော်တံဆိပ်ခတ်နှိပ်ပြီးသောအမိန့်တော်စာကိုကား၊ မည်သူမျှမဖျက်မပယ်နိုင်။ ယုဒလူမျိုးတို့အကြောင်း သင်တို့အလိုရှိရာကို၊ ငါ့ဘုရင့်အမည်ဖြင့်စာရေး၍ လက်စွပ်တော်တံဆိပ်ခတ်နှိပ်ကြလော့ဟုမိန့်ဆိုသည့်အတိုင်း၊ သိဝန်ခေါ် တတိယလ၊ နှစ်ဆယ့်သုံးရက်နေ့တွင်၊ သံတော်ဆင့်များကိုခေါ်၍၊ မော်ဒကဲမိန့်မှာသမျှကို၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင်၊ တစ်ရာ့နှစ်ဆယ့်ခုနှစ်ပြည် ထောင်ရှိ ယုဒလူမျိုးတို့ထံကိုယ့်ဘာသာအက္ခရာအလိုက်လည်းေကာင်း၊ ဘုရင်ခံချုပ်၊ ဘုရုင်ခံ၊ မှူးတော်မတ်တော်တို့ထံ၊ ပြည်ထောင်တကာရှိလူအမျိုးမျိုးတို့ဘာသာအက္ခရာအလိုက်လည်းေကာင်း၊ 10-12 အာရွှေရုမင်းအမည်တော်ဖြင့်ရေးလျက်၊ လက်စွပ်တော်တံဆိပ်ခတ်နှိပ်ပြီးလျှင်၊ အာရွှေရုမင်းပိုင် ပြည်ထောင်တကာအတွင်းမြို့ရွာတိုင်းရှိယုဒလူမျိုးအပေါင်းတို့သည်၊ အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက်တွင်၊ ကိုယ့်အသက်အဖို့စုရုံးခုခံသည့်ပြင်၊ လက်ရောက်ပြုလိုသောသူရဲရှိသမျှကို၊ မိန်းမများ၊ သူငယ်များပါ၊ နေချင်းဖျက်ဆီးသတ်ဖြတ်ကွပ်မျက် လုယူရန်အခွင့်တော်ရှိစေဟူသောအမိန့်တော်စာကို၊ ဇောင်းတော်ပေါက်လျင်သည့်မြင်းပေါ်တွင် စီးသူမြင်းသည်တော်တို့လက်ဖြင့်ပို့လိုက်၍၊ 13 ရန်သူတို့အားတုန့်ပြန်ရန်၊ ထိုနေ့မတိုင်မီ၊ ယုဒလူမျိုးတို့အရံသင့်ရှိနေကြရမည့်ရာဇသတ်စာတန်းကို၊ ပြည်ထောင်တကာရှိလူအမျိုးမျိုးတို့အားကြော်ငြာလေ၏။ 14 ထိုသို့ရှုရှန်နန်းတော်တွင်ထုတ်ဆင့်သော ရာဇသတ်တော်ကို၊ အမိန့်တော်အတိုင်း၊ လျင်သောမြင်းတော်ပေါ်တွင် စီးသူမြင်းသည်တော်တို့ရုတ်ခြည်းစိုင်းနှင်ထွက်သွား ပြီးနောက်၊ 15 မော်ဒကဲသည်မင်းမြောက်တန်ဆာ၊ ဖွဲ့ဖြူ၊ ဖွဲ့ပြာကိုဆင်ယင်လျက်၊ ကြီးမြင့်သောရွှေမကိုဋ်ကိုဆောင်းလျက်၊ လျှော်ထည်၊အမောင်းထည်ဝတ်လုံကိုခြုံလျက်၊ ဘုရင်မင်း ထံမှထွက်သွားရာ၊ ရှုရှန်တစ်မြို့တော်လုံးရွှင်လန်းစွာကြွေးကြော်ကြကုန်၏။ 16 ယုဒလူမျိုးတို့လည်း၊ ထွန်းကားခြင်း၊ အားရဝမ်းမြောက်ခြင်း၊ အသရေမြင့်ခြင်းများကိုခံရကြ၏။ 17 ဘုရင်မင်း၏ရာဇသတ်အမိန့်တော်ရောက်သမျှပြည်ထောင်တကာရှိမြို့ရွာတိုင်း၌၊ ယုဒလူမျိုးတို့သည်၊ အားရဝမ်းမြောက်စွာမင်္ဂလာနေ့၊ ပွဲနေ့ကိုကျင်းပကြ၏။ ပြည်သူ ပြည်သားအများတို့လည်း၊ ယုဒလူမျိုးတို့ကို ကြောက်ရွံ့သောကြောင့်၊ ယုဒဘာသာသို့ဝင်ကြ၏။