10
အာရွှေရုမင်းသည်၊ ပြည်တော်တွင်၊ သမုဒ္ဒရာကမ်းခြေအထိ၊ အခွန်ခွဲခန့်လေ၏။ အာဏာတန်ခိုးဆိုင်ရာအမှုအရေးများနှင့်၊ ဘုရင်မင်းသူကောင်းပြု၍မော်ဒကဲဘုန်းကြီးခြင်းအကြောင်းပါ၊ မေဒိ၊ ပေရသိရာဇဝင်တွင် ရေးထားလျက်ရှိ၏။ ကိုယ့်အမျိုးအကျိုးရှာကြံ၍၊ ကိုယ့်အနွယ်တို့အားမေတ္တာစကားပြောလေ့ရှိသော၊ ယုဒလူမျိုးမော်ဒကဲသည်၊ အာရွှေရုမင်းအောက်အမြင့်ဆုံးသောရာထူးကိုရလျက်၊ ယုဒလူမျိုးတို့တွင် တန်ခိုးကြီး၍၊ ဆွေမျိုးသားချင်းအပေါင်းတို့နှစ်သက်ကြသူဖြစ်သတည်း။