9
ထိုအခြင်းအရာများနောက်၊ ငါ့ထံချဉ်းလာသောအကြီးအကဲအချို့တို့က၊ ပရာဟိတ်၊ လေဝိဂိုဏ်းသား၊ ဣသရေလအသည်သားတို့ သည်၊ ခါနနိ၊ ဟိတ္တိ၊ ဖေရဇိ၊ ယေဗုသိ၊ အမ္မုန်၊ မောဘ၊ အိဂျစ်၊ အာမောရိလူမျိုးတို့ ရွံရှာဖွယ်ဓလေ့များကိုလိုက်လျက်၊ နိုင်ငံခြားသားတို့နှင့် မခွဲမခွာဘဲ၊ ချင်းတို့သားသမီးများကို ကိုယ်နှင့်လည်းေကာင်း၊ သားနှင့်လည်းေကာင်း၊ ထိမ်းမြားသဖြင့်၊ သီးသန့်သောအဆက်အနွယ်သည်၊ နိုင်ငံခြားလူမျိုးတို့နှင့် ရောရှက်လေပြီ။ အကြီးအကဲအရာရှိတို့ ပင်၊ ဤလွန်ကျူးမှုကိုရှေ့တည်ပြုကြပြီတကားဟု ကြားပြောကြ၏။ ထိုစကားကိုကြားလျှင်၊ အတွင်းပြင်အဝတ်ကိုဆုတ်လျက်၊ ဆံမုတ်ဆိတ်ကိုလည်းနုတ်လျက်၊ မှိုင်တွေလျက်ငါထိုင်နေရ၏။ ထိုသို့၊ ညဉ့်ဦးပူဇော်ချိန်တိုင်အောင်ငါမှိုင်တွေလျက်ထိုင်နေစဉ်၊ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားဗျာဒိတ်တော်ကြောင့် တုန်လှုပ်သူအပေါင်းတို့သည်၊ သိမ်းသွားခံရသူတို့လွန်ကျူးမှုအတွက်၊ ငါ့ထံစုဝေးကြကုန်၏။
ညဉ့်ဦးပူဇော်ချိန်တွင်၊ အတွင်းပြင်ဆုတ်ပြီးဝတ်နှင့်၊ စိတ်ပျက်ရာမှငါထပြီးလျှင်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားအားလက်အုပ်ချီလျက်၊ ဒူးထောက်လျက်၊ ပဌနာပြုသည်မှာ၊ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ကျိုးယုတ်ရှက်ကွဲ၍ ကိုယ်တော့်ထံမမော်ဝံ့ပါ။ အကျွန်ုပ်တို့ဒုစရိုက်မှုသည်၊ ဦးခေါင်းကိုလွှမ်းမိုးသည့်တိုင်အောင် များပြားလျက်၊ အပြစ်လည်း၊ မိုးကောင်းကင်အထိကြီးလေးပါ၏။ ဘိုးဘေးတို့လက်ထက်မှစ၍၊ ယနေ့တိုင်၊ အပြစ်သားများဖြစ်ကြပါ၏။ ဘုရင်တို့နှင့်ပရောဟိတ်တို့ပါ၊ အကျွန်ုပ်တို့သည်၊ ယခုကဲ့သို့၊ နိုင်ငံခြားမင်းလက်သို့အပ်နှင်းခြင်း၊ ဓားဘေးသင့်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာပျက်ခြင်းများကို ခံရကြပါ၏။ ယခုမှာ၊ အကျွန်ုပ်တို့အားစက္ခုအလင်းကိုပေးလျက်၊ ကျွန်ခံရစဉ် အနည်းငယ်သာယာ ခွင့်ပေးတော်မူရန်၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည်၊ အကြွင်းအ ကျန်တို့ကိုဘေး လွတ်စေ၍၊ သန့်ရှင်းရာဌာနတော်၌ ကြက်ဆူးအဖြစ်စိုက်ထားသောကျေးဇူးတော်မှာ၊ ဇင်္ဂမမျှဖြစ်ပါသေး၏။ အကျွန်ုပ်တို့သည် ကျွန်ဖြစ်ကြပါသော်လည်း၊ ကျွန်ခံလျက်နေရစဉ်ပင်၊ အကျွန်ုပ်တို့ဘုရားသခင်စွန့်တော်မမူဘဲ၊ ကိုယ်တော်၏ ဗိမာန်တော်ကိုတည်ဆောက်ခြင်း၊ ပျက်စီးရာကိုထေးဖာခြင်း၊ ယုဒပြည်ယေရုရှလင်မြို့ကိုပြန်တည်ခြင်း သာယာခွင့်အမျိုးမျိုးကိုပေးစိမ့်သောငှာ၊ ပေရသိဘုရင့်ရှေ့၊ မျက်နှာသာ ရစေတော်မူပါ၏။ 10-12 အိုအကျွန်ုပ်တို့၏ ဘုရားသခင်၊ ထိုသို့သောကျေးဇူးတော်ကိုခံရပြီးမှ၊ မည်သို့လျှောက်ရ ပါအံ့နည်း။ သင်တို့ဝင်ရောက်၍အပိုင်ရကြမည့်ပြည်သည်၊ တိုင်းရင်းသားတို့၏ မသန့်ရာများနှင့် ရွံရှာဖွယ်ဓလေ့များကြောင့်၊ ပြည်တစ်စွန်းမှ တစ်စွန်းတိုင်မသန့်အောင်၊ ညစ်ညူးခြင်းနှင့်ပြည့်စုံ သောပြည်ဖြစ်၏။ သို့ဖြစ်၍ သင်တို့ခွန်အားရှိလျက်၊ ပြည်ကျိုးကိုခံစားပြီးလျှင်၊ သားစဉ်မြေးဆက်ပိုင်ရစေရန်၊ သင်တို့သားသမီးများကိုချင်းတို့သားသမီးများနှင့် ပေးစားထိမ်းမြားခြင်းမပြုဘဲ၊ ချင်းတို့စည်းစိမ်ချမ်းသာအကျိုးကိုမရှာကြရဟု၊ ကျွန်တော်ရင်း ပရောဖက်တို့အားဖြင့် မြစ်တားတော်မူခဲ့သောပညတ်တော်ကို၊ အကျွန်ုပ်တို့စွန့်ပယ်ကြပါပြီ။ 13 အကျွန်ုပ်တို့ဆိုးသွမ်းမှုများနှင့်ကြီးလေးသောအပြစ်များကြောင့်၊ ခံရသောဒုက္ခကိုလည်းေကာင်း၊ ခံထိုက်သမျှသောအပြစ်ဒဏ်ကိုအကျွန်ုပ်တို့၏ဘုရားသခင်ဆပ်ပေးတော်မမူဘဲ၊ ဤမျှလောက်ကြွင်းကျန်စေသော ကျေးဇူးတော်ကိုလည်းေကာင်း၊ မထောက်ေမျှာ်သော အကျွန်ုပ်တို့သည်၊ 14 ပညတ်တော်ကို တစ်ဖန်ဖောက်ကျော်၍၊ ဤရွံရှာဖွယ်ဓလေ့အတိုင်းလိုက်တတ်သော လူမျိုးနှင့် အိမ်ထောင်ဘက်ပြုကြလျှင်၊ တစ်ယောက်မျှမလွတ်၊ အကြွင်းအကျန်မရှိ၊ ဖျက်ဆီးသည့်တိုင်အောင်၊ အကျွန်ုပ်တို့ကို အမျက်ထားတော်မူမည်မဟုတ်ပါလော။ 15 အိုဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ယနေ့တွင်ပင်၊ ဘေးလွတ်သော အကြွင်းအကျန်မျှသာရှိသေးသည်နှင့်အညီ၊ ကိုယ်တော်ဖြောင့်မတ်တော်မူပါ၏။ အပြစ်သင့်လျက်ပင်အကျွန်ုပ်တို့သည်မျက်မှောက်တော်တွင်နေရကြပါပြီ။ ထိုအပြစ်ကြောင့်၊ ရှေ့တော်တွင် ရပ်တန့်နိုင်သူ တစ်စုံတစ်ယောက်မျှမရှိပါဟု တောင်းလျှောက်လေ၏။