2
1-2 ဗာဗုလုန်မြို့သို့၊ လည်းေကာင်းဘုရင်နေဗုခဒ်နေဇာမင်းသိမ်းသူ၊ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်တကွ၊ ယုဒ ပြည်၊ ယေရုရှလင်မြို့မှစ၍ ဇာတိမြို့ရွာသို့ပြန်သွားခွင့်ရသော၊ ဣသရေလအမျိုး၊ ယုဒပြည်သား သုံ့ဘမ်းရာပါသူတို့စာရင်းကား၊ ပါရုတ်အဆက်၊ နှစ်ထောင့်တစ်ရာ့ခုနစ်ဆယ့်နှစ်ယောက်၊ ရှေမတိအဆက်၊ သုံးရာ့ခုနစ်ဆယ့်နှစ်ယောက်၊ အာရာ့အဆက်၊ ခုနစ်ရာ့ခုနစ်ဆယ့်ငါးယောက်၊ ပါဟတ်မောဘအနွယ်၊​ယောရှုနှင့်ယွာဘတို့အဆက်၊ နှစ်ထောင့်ရှစ်ရာတစ်ဆယ့်နှစ်ယောက်၊ ဧလံ့အဆက်၊ တစ်ထောင့်နှစ်ရာ့ငါးဆယ်လေးယောက်၊ ဇတ္တုအဆက်၊ ကိုးရာ့လေးဆယ့်ငါးေယာက်၊ ဇက္ခဲအဆက်၊ ခုနစ်ရာ့ခြောက်ဆယ်၊ 10 ဗာနိအဆက်၊ ခြောက်ရာ့လေးဆယ့်နှစ်ယောက်၊ 11 ဗေဗဲအဆက်၊ ခြောက်ရာ့နှစ်ဆယ့်သုံးယောက်၊ 12 အဇဂဒ်အဆက်၊ တစ်ထောင့်နှစ်ရာ့နှစ်ဆယ့်နှစ်ယောက်၊ 13 အဒေါနိကံအဆက်၊ ခြောက်ရာ့ခြောက်ဆယ့်ခြောက်ယောက်၊ 14 ဗိဂဝဲအဆက်၊ နှစ်ထောင့်ငါးဆယ့်ခြောက်ယောက်၊ 15 အာဒိန့်အဆက်၊ လေးရာ့ငါးဆယ်လေးယောက်၊ 16 ဟေဇကိအနွယ်၊ အာတာ့အဆက်၊ ကိုးဆယ့်ရှစ်ယောက်၊ 17 ဗေဇဲအဆက်၊ သုံးရာ့နှစ်ဆယ့်သုံးယောက်၊ 18 ယောရအဆက်၊ တစ်ရာ့တစ်ဆယ့်နှစ်ယောက်၊ 19 ဟာရှုံ့အဆက်၊ နှစ်ရာ့နှစ်ဆယ့်သုံးယောက်၊ 20 ဂိဗ္ဗါမြို့သားကိုးဆယ့်ငါးယောက်၊ 21-22 ဗက်လင်မြို့သား၊ တစ်ရာ့နှစ်ဆယ့်သုံးယောက်။ နေတောဖမြို့သား၊ ငါးဆယ့်ခြောက်ယောက်၊ 23 အာနသုတ်မြို့သားတစ်ရာ့နှစ်ဆယ့်ရှစ်ယောက်၊ 24 အာဇမာဝက်မြို့သားလေးဆယ့်နှစ်ယောက်၊ 25 ကိရယတ်ယာရိမ်၊ ခေဖိရ၊ ဗေရုတ်မြို့သား၊ ခုနစ်ရာ့လေးဆယ့်သုံးယောက်၊ 26 ရာမ၊ ဂေဗမြို့သား၊ ခြောက်ရာ့နှစ်ဆယ့်တစ်ယောက်၊ 27 မိတ်မတ်မြို့သား တစ်ရာ့နှစ်ဆယ့်နှစ်ယောက်၊ 28 ဗေသလ၊ အာဣမြို့သား၊ နှစ်ရာ့နှစ်ဆယ့်သုံးယောက်၊ 29 နေဗောမြို့သား၊ ငါးဆယ့်နှစ်ယောက်၊ 30 မာဂဗိတ်သားမြေး၊ တစ်ရာ့ငါးဆယ်ခြောက်ယောက်၊ 31 အခြားသူဧလံ့သားမြေး၊ တစ်ထောင့်နှစ်ရာ့ငါးဆယ့်လေးယောက်၊ 32 ဟာရိမ့်သားမြေး၊ သုံးရာ့နှစ်ဆယ်၊ 33 လောဒ၊ ဟာဒိဒ်၊ ဩနောမြို့သား၊ နှစ်ရာ့နှစ်ဆယ့်ငါးယောက်၊ 34 ယေရိခေါမြို့သား၊ သုံးရာ့လေးဆယ့်ငါးယောက်၊ 35 သေနာမြို့သား၊ သုံးထောင့်ခြောက်ရာသုံးဆယ်တို့တည်း။
36 ပရောဟိတ်စာရင်းကား၊ ယောရှုအနွယ်၊ ယေဒါယအဆက်၊ ကိုးရာ့ခုနစ်ဆယ့်သုံးပါး၊ 37-38 ဣမေရအဆက်၊ တစ်ထောင့်ငါးဆယ့်နှစ်ပါး၊ ပါရှုရအဆက်၊ တစ်ထောင့်နှစ်ရာ့လေးဆယ့်ခုနစ်ပါး၊ 39 ဟာရိမ့်အဆက်၊ တစ်ထောင့်တစ်ဆယ့်ခုနစ်ပါးတို့တည်း။
40 လေဝိဂိုဏ်းသားစာရင်းကား၊ ဟောဒဝိအနွယ်၊ ယောရှုနှင့် ကပ်မျေလတို့အဆက်၊ ခုနစ်ဆယ့်လေးယောက်၊ 41 သီဆိုသူ၊ အာသပ်ဂိုဏ်းသား၊ တစ်ရာ့နှစ်ဆယ့်ရှစ်ယောက်၊ 42 တံခါးစောင့်မျိုး၊ ရှလ္လုံ၊ အာတာ၊ တာလမုန်၊ အက္ကုပ်၊ ဟတိတ၊ ရှောဗဲတို့အဆက်၊ ပေါင်းတစ်ရာ့သုံးဆယ့်ကိုးယောက်တို့တည်း။
43-58 ကျွန်သီးတော်မျိုး၊ ဇိဟ၊ ဟသုဖ၊ တဗ္ဗောက်၊ ကေရုတ်၊ သယာဟ၊ ပါဒုန်၊ လေဖန၊ ဟာဂဘ၊ အက္ကုပ်၊ ဟာဂပ်၊ ရှာလမဲ၊ ဟာနန်၊ ဂိဒ္ဒေလ၊ ဂါဟာ၊ ရာယ၊ ရေဇိန်၊ နေကောဒ၊ ဂဇ္ဇမ်၊ ဩဇ၊ ပါသ၊ ဗေသဲ၊ အာသနာ၊ မဟုနိမ်၊ နဖုသိမ်၊ ဗာကဗုတ်၊ ဟကုဖ၊ ဟာရဟုရ၊ ဗာဇလုတ်၊ မဟိဒ၊ ဟာရရှ၊ ဗာရကုတ်၊ သိသရ၊ တာမ၊နေဇိ၊ဟတိဖတို့အဆက်နှင့်၊ ရှောလမုန် မင်းထားခဲ့သော ဘုရားကျွန်မျိုး၊ သောတဲ၊ ဟဿောဖရက်၊ ပေရုဒ၊ ယာလ၊ ဒါကုန်၊ ဂိဒ္ဒေလ၊ ရှေဖတိ၊ ဟတ္တိလ၊ ပေါခရက်၊ ဟဇ္ဇေဗိမ်၊ အာမိတို့အဆက်ပါ၊ နှစ်ရပ်ပေါင်းသုံးရာ့ကိုးဆယ့် နှစ်ယောက်တို့တည်း။
59 ထိုမှတစ်ပါး၊ ဣသရေလလူမျိုးမှန်မမှန်၊ အိမ်ထောင်အမျိုးအဆက်ကိုမေဖာ်ပြနိုင်သော၊ တေလ၊ မေလ၊ တေလဟာသနယ်၊ ခေရုပ်၊ အဒ္ဒန်၊ ဣမေရမြို့များမှပြန်သွားသူတို့ကား၊ 60 ဒေလာယ၊ တောဘိယ၊ နေကောဒတို့အဆက်၊ ခြောက်ရာ့ငါးဆယ့်နှစ်ယောက်တို့တည်း။
61 ပရောဟိတ်မျိုး ဟာဗာယအဆက်၊ ဟက္ကုတ်အဆက်၊ ဂိလဒ်ပြည်သား ဗာဇိလဲအမျိုးသမီးကိုသိမ်းပိုက်၍။ အမျိုး၏အမည်ကိုခံသူ ဗာဇိလဲအဆက်တို့သည်၊ 62 ရွှေတိုက်စာရင်းတွင် ဆွေစဉ်မျိုးဆက်ရှာ၍ မတွေ့သောကြောင့်၊ သီးသန့်သူ့အဆက်မဟုတ်ဟု ထင်မှတ်သည့်အလျောက်၊ ပရောဟိတ်ရာထူးမှချပြီးလျှင်၊ 63 ဘုရင်ခံမင်းက၊ ဥရိမ်နှင့်သုမိန်ကိုဆင်ယင်သောပရောဟိတ်မပေါ်ထွန်းမီ၊ အထူးသီးသန့်ရာများကို ထိုသူတို့မသုံးဆောင်ရဟု စီရင်လေ၏။
64-65 ကျွန်ယောက်ျား၊ ကျွန်မိန်းမခုနစ်ထောင့်သုံးရာ့သုံးဆယ်ခုနစ်ယောက်နှင့်၊ အငြိမ့်သည်အငြိမ့်သားနှစ်ရာတို့ကို မထည့်မသွင်းဘဲ၊ ပရိသတ်ပေါင်းကား၊ လေးသောင်း နှစ်ထောင့်သုံးရာ့ခြောက်ဆယ်တို့တည်း။ 66 မြင်း ခုနစ်ရာ့သုံးဆယ့်ခြောက်၊ လားနှစ်ရာ့လေးဆယ့်ငါး၊ 67 ကုလားအုပ် လေးရာ့သုံးဆယ့်ငါး၊ မြည်းခြောက်ထောင့်ခုနစ်ရာ့နှစ်ဆယ်ပါရှိသတည်း။
68 အိမ်ထောင်အအုပ်အချုပ်အချို့တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော်ရာသို့ရောက်ကြသော်၊ ဗိမာန်တော်ကိုနေရာရင်းတွင် တည်ဆောက်ရန်၊ 69 ရွှေဒင်္ဂါးခြောက်သောင်းတစ်ထောင်၊ ငွေချိန်ခွက် နှစ်ထောင့်ငါးရာများနှင့်၊ သင်္ကန်းစုံတစ်ရာကို၊ ဘဏ္ဍာတိုက်သို့သဒ္ဓိန္ဒြေဖြင့်သွင်းလှူကြ၏။ 70 ထိုသို့ပရောဟိတ်များ၊ လေဝိဂိုဏ်းသားများ၊ သီဆိုသူများ၊ တံခါးစောင့်များ၊ ကွျန်သီးတော်များ၊ အသည်သားများတည်းဟူသောဣသရေလလူအပေါင်းတို့သည်၊ ကိုယ့် ဇာတိမြို့ရွာများတွင်နေရာကျကြသတည်း။