3
1-4 ထိုအကြောင်းကြောင့် ခရစ်တော်နှင့်ဆိုင်သောနက်နဲရာအကြောင်း ငါနားလည်သည်ကိုဖတ်ကြည့်သိမြင်ရကြစေရန်၊ အချုပ်အားဖြင့်ငါရေးခဲ့သည်နှင့်အညီ ထိုနက်နဲရာကို ဗျာဒိတ်တော်ဖြင့် ငါ့အားဘော်ပြတော်မူကြောင်း သင်တို့အဖို့ကျေးဇူးတော်ကို ဘုရားသခင်စီရင်ပေးသနားတော်မူကြောင်း သင်တို့ကြားပြီးသည့်အလျောက် လူမျိုးခြားဖြစ်သူသင်တို့အတွက် ခရစ်တော်ယေရှု၏အကျဉ်းသားငါပေါလုသည် အသနားတော်ခံ၏။ သီးသန့်သောတမန်တော်တို့နှင့်ပရောဖက်တို့အား ဝိညာဉ်တော်အားဖြင့် ယခုကာလထင်ရှားသည်နှင့်အမျှ အထက်လူမျိုးအဆက်ဆက်တို့အား ဖော်ပြတော်မမူသောထိုနက်နဲရာမှာ၊ သတင်းတော်မြတ်ကြောင့် ခရစ်တော်ယေရှု၌ လူမျိုးခြားတို့သည် ငါတို့နှင့်အတူအမွေခံများ၊ ကိုယ်ခန္ဓာတော်၏အင်္ဂါများ၊ ကတိတော်ကိုခံစားသူများဖြစ်ကြသတည်း။ တန်ခိုးတော်ပြုပြင်ခြင်းဖြင့် ဘုရားသခင်ပေးသနားတော်မူသောဆုကျေးဇူးတော်အလျောက် ငါသည် ထိုသတင်းတော်မြတ် ဆောင်ရွက်သူဖြစ်၏။ 8-9 နှိုက်၍မမီသောခရစ်တော်၏ကြွယ်ဝခြင်းသတင်းတော်ကို လူမျိုးခြားတို့အားကြားပြောခြင်းငှာလည်းေကာင်း၊ ရှိရှိသမျှကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် ကာလအစဉ်ထိမ်ချန်လျက် ယခုထမြောက်စေတော်မူသောနက်နဲရာကိုဖွင့်ပြခြင်းငှါလည်းေကာင်း၊ ဤကျေးဇူးကို သီးသန့်ထားတော်မူသူတကာထက်ညံ့သောငါ့အား ပေးသနားတော်မူ၏။ 10-11 သို့မှကောင်းကင်ရှိနတ်မင်းနှင့်အာဏာရှင်တို့အား ငါတို့အရှင်ခရစ်တော်ယေရှု၌ ကာလအစဉ် ကြံရွယ်တော်မူသောအကြံအလျောက် ဘုရားသခင့်အထူးထူးအပြားပြားသောဉာဏ်ပညာတော်ကို ယခုကာလ အသင်းတော်အားဖြင့် ဖော်ပြသတည်း။ 12 ထိုအရှင်၌ငါတို့သည် ယုံကြည်ခြင်းအားဖြင့်စိတ်ချလျက် ရဲရင့်စွာတိုးဝင်ခွင့်ရကြ၏။ 13 သို့ဖြစ်၍ သင်တို့ဂုဏ်တင်ရာဂုဏ်တင်ကြောင်းဖြစ်သော သင်တို့အတွက်ငါခံရသောဒုက္ခများကြောင့် စိတ်မပျက်ကြမည့်အကြောင်း တောင်းပန်ပါ၏။
14-15 ဆိုခဲ့သည့်အကြောင်းကြောင့်ပင် ကောင်းကင်နှင့်မြေကြီးရှိ အမျိုးမျိုးအနွယ်နွယ်တို့၏ အချက်အခြာဖြစ်တော်မူသော အဘခမည်းတော့်ထံငါဒူးထောက်လျက်၊ 16 ကိုယ်တော်သည်ဘုန်းတော်ကြွယ်ဝသည့်အတိုင်း ဝိညာဉ်တော်အားဖြင့်သင်တို့အဇ္ဈတ္တလူကို ခွန်အားနှင့်သန်စွမ်းစေတော်မူပါမည့်အကြောင်း၊ 17 ယုံကြည်ခြင်းအားဖြင့်သင်တို့စိတ်နှလုံး၌ ခရစ်တော်စံနေတော်မူပါမည့်အကြောင်း မေတ္တာတရား၌ အမြစ်စွဲခြင်း၊ တိုက်မြစ်ချခြင်းခံရသောသင်တို့သည်၊ 18-19 သိမီခြင်းငှာမစွမ်းနိုင်သော ခရစ်တော်၏မေတ္တာတော့်အနံ၊ အလျား၊ အမြင့်၊ အနက်ကို သီးသန့်ထားတော်မူသူအပေါင်းတို့နှင့်တကွ နားလည်သိမြင်နိုင်ရန် ဉာဏ်သတ္တိရှိသဖြင့် ဘုရားသခင် ပြည့်စုံသည်နှင့်အမျှ ပြည်စုံစေတော်မူပါမည့်အကြောင်းများကို အသနားတော်ခံပါ၏။
20 ငါတို့၌ပြုပြင်သောတန်ခိုးတော်နှင့်အညီ၊ ငါတို့ထင်မြင်တောင်းလျှောက်သမျှထက် ကြွယ်ဝစွာသနားတော်မူနိုင်သောအရှင်သည် အသင်းတော်၌လည်းေကာင်း၊ ခရစ်တော်ယေရှု၌လည်းေကာင်း၊ လူမျိုးအဆက်ဆက် ကာလအစဉ်ဘုန်းတော်ကြီးပါစေသတည်း။ အာမင်။