9
ထို့နောက်ကိုယ်တော်က မြို့တော်ကို ဒဏ်ခတ်အံ့သူတို့သည်၊ ဖျက်ဆီးရန်လက်နက်ကိုင်စွဲလျက်ချဉ်းလာကြစေဟု၊ ငါ့ရှေ့တွင်အသံကျယ်စွာခေါ်တော်မူရာ၊ ကွပ်မျက်ရန် လက်နက်ကိုင်စွဲသူခြောက်ပါးတို့သည်၊ ပိတ်ထည်ဝတ်လျက်၊ ဘေး၌ ရေးရန် မှင်အိုးလွယ်သူတစ်ဦးပါ၊ မြောက်မျက်နှာအထက်တံခါးလမ်းဖြင့်ဝင်လာပြီး လျှင်၊ ပူဇော်ရာကြေးပလ္လင်တော့်အနီး၌ရပ်နေကြ၏။ ဣသရေလလူမျိုး၏ဘုရားသခင်ဘုန်းတော်သည်၊ စံနေခဲ့ရာ ခေရုဗတို့မှ ဗိမာန်တော်တံခါးခုံထက် တက်နှင့်သတည်း။ ပိတ်ထည်ဝတ်လျက်၊ ဘေး၌ရေးရန် မှင်အိုးလွယ်သူ့ကိုခေါ်တော်မူ၍၊ ထာဝရဘုရားက ယေရုရှလင်မြို့အတွင်းလျှောက်သွားလျက်၊ ထိုမြို့၌ ပြုကျင့်သမျှသောရွံရှာဖွယ်အမှုများအတွက် မြည်တမ်းညည်းတွားသူတို့နဖူးပေါ်တွင်၊ အမှတ်တင်လော့ဟုမိန့်တော်မူပြီးလျှင်၊ ငါကြားရသည့်အတိုင်း၊ အခြားသူတို့အားလည်း၊ ထိုသူ့နောက်လိုက်လျက် မြို့အတွင်းလျှောက်သွား၍၊ သနားကင်းလျက် မျက်စောင်းနှင့်မညာတာဘဲ၊ ကွပ်မျက်ကြလော့။ ငါ့သန့်ရှင်းရာဌာနကစ၍ လူကြီးလူငယ်တို့ကို၊ မိန်းမကြီးငယ်၊ သူငယ်တို့ပါကွပ်မျက်ဖျက်ဆီးကြလော့။ အမှတ်တင်သူတို့ကိုကား၊ မချဉ်းကြလင့်ဟုမိန့်တော်မူသည့် အတိုင်း၊ ထိုသူတို့သည်၊ ဗိမာန်တော့်မျက်နှာစာရှိ လူကြီးတို့ကိုဦးစွာ ကွပ်မျက်ကြသည့်ကာလ၊ ဗိမာန်တော်ကိုမသန့်အောင်ပြုလော့။ တံတိုင်းများကိုလည်း၊ အလောင်းများဖြင့်ပြည့်စေပြီးမှ၊ ထွက်သွားကြလော့ဟူသော အမိန့်တော်အရထွက်သွားလျက်၊ မြို့တွင်း၌ ကွပ်မျက်ကြလေ၏။ ထိုသို့ကွပ်မျက်ဆဲတွင် ကျန်ရစ်သောငါသည် ပျပ်ဝပ်ပြီးလျှင်၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည်ယေရုရှလင်မြို့ပေါ်သို့၊ အမျက်တော်သွန်းလောင်းရာ၌၊ ဣသရေလလူမျိုးအကြွင်းအကျန်အပေါင်းတို့ကို ပယ်ရှင်းတော်မူမည်လောဟု အော်ဟစ်တောင်းလျှောက်သော်၊ ထာဝရဘုရားသည် ပြည်တော်ကိုစွန့်ပစ်လျက်၊ အာရုံပြုတော်မမူဟုဆိုတတ်သော ဣသရေလနှင့် ယုဒအမျိုးသားတို့ဒုစရိုက်ကြီးလေးလှ၍ပြည်တော်သည်သွေးသွန်း မှု၊ မြို့တော်လည်း တရားလွဲမှုများနှင့်ပြည့်လျှံသည်တကား။ 10 ငါလည်းသနားကင်းလျက် မျက်စောင်းနှင့်မညှာတာဘဲ၊ ချင်းတို့အလေ့အလာကို ဆပ်ပေးမည်ဟု မိန့်တော်မူပြီးနောက်၊ 11 ပိတ်ထည်ဝတ်လျက် ဘေး၌ မှင်အိုးလွယ်သူက၊ ကျွန်တော်သည် အမိန့်တော်အတိုင်းပြီးမြောက်ပါပြီဟူ၍ တင်လျှောက်လေ၏။