8
ထို့နောက် ခြောက်နှစ် ဆဋ္ဌမလ၊ ငါးရက်၌ ငါ့အိမ်တွင်ထိုင်နေသော ယုဒလူကြီးတို့နှင့်အတူ ထိုင်နေစဉ်၊ အရှင်ထာဝရဘုရား၏လက်တော်သည်၊ ငါ့အပေါ်သို့ သက်ရောက်၍၊ ငါရှုမြင်ရာ ခါးသဏ္ဌာန်အောက်၌မီး၊ ခါးအထက်၌ပယင်းရောင်သဖွယ် ရောင်ခြည်သဏ္ဌာန်ဆောင်သော၊ မီးသဏ္ဌာန်အသွင်တစ်ပါးကို မြင်ရ၏။ လက်သဏ္ဌာန်ကိုဆန့်လျက် ဦးဆံကိုဆွဲပြီးလျှင်၊ မိုးမြေစပ်ကြားရောက်ချီဆောင်သောဝိညာဉ်တော်သည်၊ ရှုစိတ်တော်မမူလိုသော ရုပ်ပွားတည်ရာ ယေရုရှလင်မြို့ ရှိအတွင်းတံတိုင်း၊ မြောက်မျက်နှာတံခါးဝအနီး၊ ဘုရားသခင်ဆိုင်ရာရူပါရုံ၌၊ ငါ့ကိုဆောင်သွားတော်မူသည့်အတိုင်း၊ မြို့ပြင်တွင်ငါဖူးမြင်ခဲ့သော ရူပါရုံနည်းတူ၊ ဣသရေလအမျိုး၏ဘုရားသခင့် ဘုန်းတော်တည်သည်ကိုငါမြင်ရ၏။ ကိုယ်တော်က၊ အချင်းလူ့သား၊ မြောက်မျက်နှာသို့မြော်ကြည့်လော့ဟုမိန့်တော်မူသည့်အတိုင်း၊ မြောက်မျက်နှာသို့မြော်ကြည့်သော်၊ ပူဇော်ရာပလ္လင်တော်တံခါးဝ မြောက်ဘက်၌၊ ရှုစိတ်တော်မမူလိုသော ထိုရုပ်ပွားကိုငါမြင်ရလျှင်၊ အချင်းလူ့သား သန့်ရှင်းရာဌာနတော်မှငါခွာရစေခြင်းငှာ၊ ဤဌာန၌ဣသရေလအမျိုးသားတို့ပြုကျင့်သော၊​ အလွန်ရွံရှာဖွယ်အမှုများကိုမြင်၏လော။ အလွန်ရွံရှာဖွယ်အမှုများကို မြင်ရဦးမည်ဟု မိန့်ဆိုလျက်၊ တံတိုင်းဝအတွင်းသို့ ဆောင်သွားတော်မူသဖြင့်၊ ငါရှုကြည့်ရာ၊ တံတိုင်းနံရံ၌အပေါက်ကိုမြင်ရလျှင် အချင်းလူ့သား၊ ထိုနံရံကို ချဲ့ထွင်းလော့ဟုမိန့်တော်မူသည့်အတိုင်းထွင်းသော်၊ တံခါးဝတစ်ခုကိုမြင်ရ၏။ ကိုယ်တော်ကလည်း ဤဌာန၌ ပြုကျင့်ကြသော၊ ရွံရှာဖွယ်ဆိုးသွမ်းမှုများကို၊ ဝင်၍ကြည့်လော့ဟူသောအမိန့်တော်အရ၊ ငါဝင်ရောက်ရှုကြည့်ရာ၊ 10 ပတ်လည်နံရံပေါ်တွင်ထုသော၊ တွားတတ်သည့်သတ္တဝါမှစ၍၊ ရွံ့ရှာဖွယ်တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုးသားတို့ရှိခိုးရာ ရုပ်ပွားအမျိုးမျိုး၏ ပုံရှေ့တွင်၊ ဣသရေလအမျိုးသားလူကြီးခုနစ်ဆယ်နှင့်တကွ၊ 11 ရှာဖန့်သား ယာဇညာတို့သည်၊ မီးကျီးခံကိုယ်စီကိုင်လျက်ရပ်နေသည်ကိုလည်းေကာင်း၊ နံ့သာပေါင်းရနံ့တိမ်တက်သည်ကိုလည်းေကာင်း၊ မြင်ရလျှင်၊ 12 အချင်းလူ့သား၊ ထာဝရဘုရားသည် ငါတို့ကိုအာရုံမပြု၊ ပြည်တော်ကိုစွန့်ပစ်လေပြီဟု ဆိုတတ်သော ဣသရေလအမျိုးသားလူကြီးတို့သည် ကိုယ့်ရုပ်ပွားဆောင်တွင် မှောင်သောအရပ်၌ ပြုလေ့ရှိသည်ကိုမြင်ပြီလောဟူ၍လည်းကောင်း၊ 13 ပြုလေ့ရှိသော အလွန်ရွံရှာဖွယ်အမှုများကို မြင်ရဦးမည်ဟူ၍လည်းကောင်း၊ မိန့်ဆိုလျက်၊ 14 ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ဆောင်သွားတော်မူသော်၊ တမ္မုဇနတ်ဘုရားအား၊ လွမ်းတငိုကြွေးလျက် ထိုင်နေသောမိန်းမတို့ကိုမြင်ရ၏။ 15 ကိုယ်တော်ကလည်း၊ အချင်းလူ့သား၊ ထိုအရာကိုမြင်ပြီလော။ ထိုထက်ရွံရှာဖွယ်အမှုများကိုမြင်ရဦးမည်ဟု မိန့်ဆိုလျက်၊ ဗိမာန်တော်အတွင်းထဲသို့၊ ငါ့ကိုဆောင်သွားတော်မူသော်၊ 16 ဗိမာန်တော်တံခါးဝအနီး၊ မုတ်ဆောင်နှင့်ပူဇော်ရာပလ္လင်တော်ကြားတွင်၊ လူနှစ်ဆယ့်ငါးခန့်တို့သည်၊ ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာမူလျက်၊ 17 နေမင်းအားရှိခိုးကြသည်ကို မြင်ရလျှင်၊ အချင်းလူ့သား၊ ထိုအရာကိုမြင်ပြီလော၊ ယုဒအမျိုးသားတို့သည် ဤဌာန၌ ရွံရှာဖွယ်အမှုများကို ပြုကျင့်သည်ကား၊ အလေးမမူဘဲ ပြုကျင့်ကြသလော၊ ပြည်တော်ကို အဓမ္မမှုနှင့်ပြည့်စေလျက်၊ ထပ်မံအမျက်တော်တိုက်၍ အခက်အလက်များဖြင့် လက်အုပ်ချီကြပြီတကား၊ 18 ငါလည်း သနားကင်းလျက် မျက်စောင်းနှင့် မညှာတာဘဲ၊ အမျက်တော်ထား၍ စီရင်မည်။ ရှေ့တော်တွင် သံကုန်ဟစ်ကြသော်လည်း၊ နားညောင်းမည်မဟုတ်ဟု မိန့်တော်မူ၏။