6
ငါသို့ရောက်ပြန်သော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ အချင်းလူ့သား ဣသရေလတောင်များသို့ မျက်နှာမူ၍ဟောပြောဆင့်ဆိုလျက်၊ အိုဣသရေလတောင်တို့ အရှင်ထာဝရဘုရား၏ဗျာဒိတ်တော်ကို နာခံကြလော့။ တောင်ကုန်းများအားလည်းေကာင်း၊ ချောင်းချိုင့်များအားလည်းေကာင်း၊ အရှင်ထာဝရဘုရားက၊ ငါသည် သင်တို့အပေါ်သို့ ဓားဘေးသင့်စေ၍၊ မြင့်ရာဌာနများကိုဖျက်ဆီးသဖြင့်၊ ယဇ်ပလ္လင်များဆိတ်ညံခြင်း၊ နေမင်းတိုင်များကျိုးပဲ့ခြင်းခံရလိမ့်မည်။ ငါသည် ရုပ်ပွားဆင်းတုများရှေ့လုပ်ကြံခံရသူ၊ ဣသရေလအမျိုးသားအသေကောင်များကို ချထားလျက်၊ ယဇ်ပလ္လင်များပတ်လည်၌အရိုးများကိုကြဲဖြန့်မည်။ ယဇ်ပလ္လင်များဆိတ်ညံရာဖုန်းဆိုးကုန်းဖြစ်ခြင်း၊ ရုပ်ပွားများကျိုးပျက်ပပျောက်ခြင်း၊ နေမင်းတိုင်များခုတ်လှဲခြင်း၊ လက်ဖြစ်ဘုရားများသုတ်သင်ခြင်းခံရစေခြင်းငှာ၊ သင်တို့နေရာအရပ်ရပ်ရှိ မြို့ရွာနှင့် မြင့်ရာဌာနများသည်၊ ဆိတ်ညံရာဖုန်းဆိုးကုန်းရောက်လျက်၊ လုပ်ကြံခံရသူတို့ကျဆုံးသဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း၊ သင်တို့သိရကြလတ္တံ့။ သို့ရာတွင် အပြည်ပြည်၌ သင်တို့ကွဲလွင့်ကြသည့်ကာလ၊ လူမျိုးခြားတို့တွင် ဓားဘေးလွတ်သူအချို့ကို၊ ငါခြွင်းချန်လျှင်၊ ဘေးလွတ်ရသူတို့သည် ကိုယ့်ရုပ်ပွားဆင်းတုများနှင့်မှားယွင်းသောမျက်စိ၊ အထံတော်မှ ပြန်ဆုတ်မှားယွင်းသောစိတ်နှလုံးကို ချေခွဲပြီးသောငါ့အား သုံ့ပန်းခံ၍ နေရသောလူမျိုးခြားတို့ဘောင်တွင် သတိရလျက်၊ ပြုဖူးသမျှသောရွံရှာဖွယ်ဆိုးသွမ်းမှုများအတွက်၊ ကိုယ်ကိုစက်ဆုပ်၍၊ 10 ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလည်းေကာင်း၊ ဤဘေးသင့်စေမည်ဟူသော၊ ငါမိန့်ဆိုချက်အချည်းနှီးမဖြစ်ကြောင်းကိုလည်းေကာင်း၊ သူတို့သိရကြလတ္တံ့ဟု မိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။
11 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များဖြင့်ကျဆုံးမည်ဖြစ်သောကြောင့်၊ လက်ပမ်းပေါက်ခတ်ခြင်း၊ ခြေဆောင့်ခြင်းပြုလျက်၊ ချင်းတို့ဆိုးသွမ်းရွံ့ရှာဖွယ်ရုပ်ပွားများကိုထောက်၍၊ ဟာဟာဟုရယ်လော့။ 12 ဝေးသောသူသည် ရောဂန္တရကပ်ဖြင့်သေလွန်ခြင်း၊ နီးသောသူသည် သတ္တန္တရကပ်ဖြင့်ကျဆုံးခြင်း၊ ကြွင်းကျန်၍ ဝိုင်းထားခံရသူသည် ဒုဗ္ဘိက္ခန္တရကပ်ဖြင့် သေလွန်ခြင်းခံရမှ၊ အမျက်တော်ငြိမ်းလိမ့်မည်။ 13 ရုပ်ပွားဆင်းတုများအား၊ စိတ်ပြေဖွယ်ရနံ့တင်သရာအရပ်ရပ်ရှိ၊ မြင့်လှသောကုန်းနှင့် တောင်ထိပ်ပေါ်၌လည်းေကာင်း၊ စိမ်းလန်းသော သစ်ပင်နှင့်အရွက်ဖြာသော ညန်ပင် အောက်၌လည်းေကာင်း၊ ယဇ်ပလ္လင်များပတ်လည်၌ ရုပ်ပွားများအလယ်တွင်၊ ထိုသူတို့လုပ်ကြံခံရသည့်ကာလ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလတ္တံ့။ 14 ဆန့်တန်းသောလက်ရုံးတော်ဖြင့် သဲတောမှစ၍ ဒိဗလတ်မြို့တိုင်အောင်၊ နေပြည်အရပ်ရပ်ကို ဆိတ်ညံရာ ဖုန်းဆိုးကုန်းငါဖြစ်စေသော်၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်း၊ သူတို့သိရကြလတ္တံ့ဟုမိန့်တော်မူ၏။