5
အချင်းလူ့သား သင်သည် ဆတ္တာသည်၏သင်တုန်းအဖြစ်၊ ထက်သောဓားတစ်စင်းကိုယူလျက်၊ ဆံမုတ်ဆိတ်ရိတ်ပယ်ပြီးလျှင်၊ အမွှေးကိုချိန်စက်၍သုံးစုခွဲထားပြီးနောက်၊ ဝိုင်းထားရာရက်ပေါင်းစေ့လျှင်၊ တစ်စုကို၊ မြို့ပုံအတွင်းမီးရှို့ခြင်း၊ တစ်စုကို ပတ်လည်၌ဓားစဉ်းခြင်း၊ တစ်စုကို ဓားတော်ထုတ် ဒဏ်ခံရအံ့သောငှာ၊ လေ၌လွှင့်ခြင်းပြုလော့။ သို့ရာတွင် အနည်းငယ်ရွေးယူ၍၊ အဝတ်မြိတ်၌တပ်ပြီးလျှင်၊ ၎င်းအနက်အချို့ကိုယူပြန်လျက် မီးတွင်းသို့ပစ်ချ၍ရှို့လော့။ ဣသရေလအမျိုးသားအပေါင်းတို့အပေါ်သို့၊ သင့်သောမီးထွက်လိမ့်မည်ဟု မိန့်တော်မူ၏။
အရှင်ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ ဤမြို့ပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်ဝန်းကျင်တွင်အပြည်ပြည်ရှိလျက်၊ လူမျိုးခြားတို့ဗဟိုတွင်ငါထားသော် လည်း၊ ငါ့ဆုံးဖြတ်ချက်များကိုစွန့်ပစ်လျက်၊ ထုံးဖွဲ့ချက်များအတိုင်း မလိုက်မလျှောက်ဘဲနေသဖြင့်၊ ထိုလူမျိုးခြားတို့ထက် ဆုံးဖြတ်ချက်များကို လည်းေကာင်း၊ ပတ်ဝန်းကျင်ရှိအပြည်ပြည်ထက်ထုံးဖွဲ့ချက်များကိုလည်းေကာင်း ဖီဆန် လျက်ဆိုးသွမ်း၏။ သို့ဖြစ်၍ ငါအရှင်ထာဝရဘုရားက၊ ငါ့ထုံးဖွဲ့ချက်များအတိုင်းလေျှာက်လိုက်ခြင်း၊ ဆုံးဖြတ်ချက်များကို စောင့်ေရှာက်ခြင်း၊ ပတ်ဝန်းကျင်ရှိလူမျိုးခြားတို့ ဓမ္မသတ်အတိုင်း လိုက်နာခြင်းမပြုဘဲ၊ ထိုလူမျိုးခြားတို့ထက် သောင်းကျန်းလေ့ရှိသောကြောင့်၊ ငါဘုရားသည်၊ သင့်တစ်ဘက်နေ၍လူမျိုးခြားတို့ရှေ့၊ သင့်အလယ်တွင် စီရင်ဒဏ်ခတ်လျက်၊ ရွံ့ရှာဖွယ်ရုပ်ပွားအပေါင်းတို့အတွက် ယမန်မပြုဘူးသော နောင်လည်းမပြုလတ္တံ့သောအမှုကိုစီရင်မည်။ 10 သင့်အတွင်းတွင် အဖတို့သည်သားများကိုလည်းကောင်း၊ သားတို့သည် အဖများကိုလည်းကောင်း၊ စားရကြလျက်၊ ငါစီရင်ဒဏ်ခတ်သဖြင့် အကြွင်းအကျန်အပေါင်းတို့ကို၊ အရပ်လေး မျက်နှာလေ၌လွှင့်မည်ဟုမိန့်ဆို၏။ 11 အသက်တော်ကိုတိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါ၏သန့်ရှင်းရာဌာနကို စက်ဆုပ်ရွံရှာဖွယ်ရုပ်ပွားဆင်းတုများဖြင့်၊ သင်ညစ်ညူးစေသော ကြောင့်၊ ငါလည်းသနားကင်းလျက်၊ မျက်စောင်းနှင့်မညှာတာဘဲ၊ တိမ်ကောစေမည့်အလျောက်၊ 12 သုံးစုတစ်စုသည်၊ သင့်အတွင်းတွင် ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်များဖြင့်သေလွန်ကုန်ခန်းခြင်း၊ တစ်စုသည်၊ သင့်ပတ်လည်၌ သတ္တန္တရကပ်ဖြင့်ကျဆုံးခြင်း၊ တစ်စုသည် အရပ်လေးမျက်နှာလေ၌ ကွယ်လွင့်ပြီးနောက်၊ ဓားတော်ထုတ်ခြင်းဒဏ်ခံရမှ၊ 13 ငါ၏အမျက်ဒေါသပြေငြိမ်း၍၊ စိတ်တော်ဧလိမ့်မည်။ ထိုသို့အမျက်တော် ငြိမ်းသည့်ကာလ စိတ်စေတနာထက်သန်၍၊ ငါထာဝရဘုရားမိန့်ဆိုခဲ့ကြောင်းသိရကြလတ္တံ့။ 14 ထိုသို့ပင် ပတ်ဝန်းကျင်ရှိလူမျိုးခြားတို့တွင်လည်းကောင်း၊ သီသွားသမျှသော သူတို့ရှေ့တွင်လည်းကောင်း၊ ဆိတ်ညံရာ၊ ကဲ့ရဲ့ရာ၊ ငါဖြစ်စေသည့်အလျောက်၊ 15-16 ငါထာဝရဘုရားမိန့်ဆိုခဲ့သော ဒဏ်များကို၊ အမျက်ဒေါသထား၍ပဲ့ပြင်စီရင်သည့်ကာလ၌လည်းကောင်း၊ သင်တို့ကိုဖျက်ဆီးပယ်ရှားရန်၊ အစာခေါင်းပါးခြင်းဘေးတည်းဟူသော မြှားဆိုးများကို၊ ငါပစ်လိုက်သည့်ကာလ၌လည်းကောင်း၊ ပတ်ဝန်းကျင်ရှိလူမျိုးခြားတို့ရှေ့ကဲ့ရဲ့ရာ၊ ဆဲရေးရာ၊ ဆုံးမရာ၊ အံ့ဖွယ်သရဲဖြစ်လိမ့်မည်။ ငါထာဝရဘုရားမိန့်ဆိုခဲ့သည့်အတိုင်း၊ အစာခေါင်းပါးခြင်းဘေးကို ငါတိုးတက်စေလျက်၊ အစာအာဟာရအထောက်အခံကို ချိုးဖျက်သည့်ပြင်၊ 17 သားဆုံးပါးစေမည့်အစာခေါင်းပါးခြင်းဘေး၊ သားရဲဘေး၊ ဓားဘေးများကို ငါသင့်ရောက်စေသဖြင့်ကပ်ရောဂါဘေး၊ သွေးသွန်ဘေးလည်း၊ အနှံ့အပြားရှိလိမ့်မည်ဟူ၍ တည်း။