45
နေပြည်ကိုအပိုင်ဝေပေးသော်၊ သီးသန့်ထားသောဝတ္ထုကံအဖြစ်၊ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းကျယ်မြေကွက်လုံးကိုသန့်ရှင်းစေရန်၊ ငါ ထာဝရဘုရားထံလှူကြရမည်။ ၎င်းအတွင်းတွင် အလျားအနံအတောင် ငါးရာစီစတုရန်းဖြစ်သောမြေကွက်ကို၊ သန့်ရှင်းရာဌာနတော်အဖို့ထားလျက်၊ ပတ်ဝန်းကျင်အနံအတောင် ငါးဆယ်ကိုလည်း မြေလပ်ထားကြရမည်။ 3-4 ဝတ္ထုကံမြေပိုင်းခြားလျက်၊ အထူးသန့်ရှင်းရာဌာနတော်ပါသော၊ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံတစ်သောင်းကျယ်မြေကွက်ကိုသန့်ရှင်းရာဌာန၌၊ အမှုတော်ေဆာင်အဖြစ်ဝတ်ပြုရန်၊ ငါထာဝရဘုရားထံချဉ်းကပ်သူ ပရောဟိတ်တို့အိမ်ဆောက်ရာတစ်ရပ်၊ သန့်ရှင်းရာဌာနတစ်ရပ်အဖို့၊ သီးသန့်သော မြေကွက်အဖြစ်၊ ထားကြရမည်။ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံတစ်သောင်းကျယ်မြေကွက်ကိုလည်း၊ ဗိမာန်တော်ကံကျွေးဖြစ်သူလေဝိဂိုဏ်းသားတို့အပိုင်နေရာမြို့ရွာကိုတည်ဆောက် ရန်ထားကြရမည်။ ဣသရေလတစ်မျိုးလုံးဆိုင်ရာ မြို့တော်ဆင်ေခြဖုံးအဖြစ်၊ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံငါးထောင်ကျယ်မြေကွက်ကို၊ သီးသန့်သော ဝတ္ထုကံမြေနှင့်ဆက် ထားကြရမည်။ ပြည့်ရှင်မင်း အရာတော်ကို၊ သီးသန့်သော ဝတ္ထုကံမြေနှင့်၊ မြို့တော်ဆင်ခြေဖုံးများ၊ အရှေ့အနောက် နှစ်ဘက်၌၊ အနောက်စွန်းမှ အရှေ့စွန်းအထိ၊ အနွယ်နွယ်၏ ဝေပုံအလျားနှင့်အမျှဆက်ထားကြရမည်။ ဣသရေလပြည်တွင် အရာတော်အဖြစ်ထိုသို့ရရှိသည့်အတွက်၊ ငါ့ပြည့်ရှင်မင်းအဆက်ဆက်တို့သည်၊ ဣသရေလလူမျိုးတော်အား နောင်မနှိပ်စက်ဘဲ၊ အနွယ်များ အလိုက်၊ မြေကိုဝေပေးကြရလိမ့်မည်ဟု မိန့်တော်မူ၏။
တစ်ဖန်တုံ၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အိုဣသရေလပြည့်ရှင်မင်းတို့၊ များလွန်းပြီးသောကြမ်းကြုတ်မှုနှင့် အဓမ္မမှုကို ပယ်လျက်၊ တရားသဖြင့် စီရင် ဆုံးဖြတ်၍၊ ငါ့လူမျိုးတော်အား နှင်ထုတ်သိမ်းပိုက်မှုဖြတ်ကြလော့။ 10 မှန်သောချိန်ခွင်၊ မှန်သော 45.10  ဧဖာ၊ တစ်တင်း၀င်ေတာင်းဧဖာ၊ မှန်သော 45.10  ဗတ်၊ ခွက်အစိတ်၀င်အိုးဗတ်များကို စီမံကြရမည်။ 11 ဟောမဲအချင့်အဝင်အလိုက်၊ ဆယ်ပုံတစ်ပုံဝင်သော ဗတ်နှင့်ဧဖာသည်၊ အချင်းချင်းညီမျှရမည်။ 12 တစ်ကျပ်တွင်ပဲနှစ်ဆယ်ရှိစေ၊ ငါးကျပ်ကား ငါးကျပ်၊ ဆယ်ကျပ်ကား ဆယ်ကျပ်မှန်စေ၊ 45.12  နံပါတ်၊ ၁၂ ကို၊ ဂရိတ်ပါဠိေတာ်အတိုင်းတမာနေတွင် ကျပ်ငါးဆယ်ရှိစေ။ 13-15 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အပြစ်အဖို့ဖြေခြင်းကိုပြုရန်၊ ဘောဇဉ်သက္ကာ၊ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများအလို့ငှာ လှူရသော အလှူကား၊ ဂျုံစပါး၊ မုယောစပါးဆယ်တင်းလျှင်၊ သုံးပြည်ကျ၊ ကောရခေါ်ဆယ်တင်းနှင့်ညီမျှသော ဆီခွက်နှစ်ရာ့ငါးဆယ်လျှင်၊ ထုံးဖွဲ့ချက်အလိုက် နှစ်ပိဿာငါးဆယ်ကျ၊ ဣသရေလပြည်စား ကျက်ရှိ သိုးဆိတ်နှစ်ရာလျှင်၊ တစ်ကောင်ကျများကို၊ 16 ဣသရေလပြည့်ရှင်မင်း၏ အလှူတော်အဖို့၊ ပြည်သူပြည်သားအပေါင်းတို့ဆက်ကြရမည်။ 17 ပြည့်ရှင်မင်းသည်၊ ပူဇော်ပွဲနေ့၊ လဆန်းနေ့၊​ဥပုသ်နေ့မှစ၍၊ ဣသရေလအမျိုးသားတို့ ပြုမြဲပွဲများ၌၊ မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာ၊ သွန်းလောင်းရာ သက္ကာများကို၊ ဆက်ရသော တာဝန်ရှိသည်။ ထိုဘောဇဉ်သက္ကာ၊ မီးရှို့ရာသက္ကာနှင့်တကွ၊ အပြစ်ဖြေရာသက္ကာ၊ မိတ်သဟာယသက္ကာများကို၊ ဣသရေလအမျိုးသားတို့အပြစ်အဖို့ ဖြေခြင်းကို ပြုရန် စီမံရမည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
18 အရှင်ထာဝရဘုရားကလည်း၊ ပဌမလတစ်ရက်တွင်၊ ကြန်အင်စုံသောနွားပေါက်ကိုရွေးပြီးလျှင်၊ သန့်ရှင်းရာဌာနကို စင်ကြင်စေရန်၊ 19 ပရောဟိတ်သည်၊ အပြစ်ဖြေရာထိုသက္ကာ၏ အသွေးကိုယူ၍၊ ဗိမာန်တော်တံခါးတိုင်၊ ပူဇော်ရာပလ္လင်တော်အဆင့်လေးထောင့်၊ အတွင်းတံတိုင်းတံခါးတိုင်များ၌၊ သုတ် ရမည်။ 20 သတ္တမလတစ်ရက်တွင်လည်း၊ လမ်းလွှဲမိသူ၊ မလိမ္မာသူတို့အတွက်၊ ထိုနည်းအတိုင်း၊ ဗိမာန်တော်ပြစ်အဖို့ ဖြေခြင်းကိုပြုရမည်။ 21 ပဌမလ ဆယ့်လေးရက်ကစ၍၊ ခုနစ်ရက်တိုင်တိုင်ပသခါပွဲကို ကျင်းပရာတွင်၊ တဆေးမဲ့မုန့်ကိုစားကြရမည်။ 22 ပြည့်ရှင်မင်းသည်၊ ကိုယ်တိုင်မှစ၍၊ ပြည်သူပြည်သားအပေါင်းတို့အတွက်၊ အပြစ်ဖြေရာသက္ကာအဖြစ်၊ နွားတစ်ကောင်ကို ပွဲဦးနေ့၌ စီမံရသည့်ပြင်၊ 23 ကျင်းပရာခုနစ်ရက်အတွင်းတစ်နေ့လျှင်၊ ထာဝရဘုရားရှေ့မီးရှို့ရာသက္ကာအဖြစ်၊ ကြန်အင်စုံသောနွားခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်၊ အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်ကျစီမံရမည်။ 24 နွားဖြစ်စေ၊ သိုးထီးဖြစ်စေ၊ တစ်ကောင်စီနှင့်တကွ၊ ဆီလေးပိဿာရောသောမုန့်ညက်တစ်တင်းကို၊ ဘောဇဉ်သက္ကာအဖြစ်စီမံရမည်။ 25 သတ္တမလဆယ့်ငါးရက်ကစ၍၊ ခုနစ်ရက်တိုင်တိုင်၊ ပူဇော်ပွဲကို ကျင်းပရာတွင်၊ ဆိုခဲ့သော အပြစ်ဖြေရာသက္ကာ၊ မီးရှို့ရာသက္ကာ၊ ဆီရောသော ဘောဇဉ်သက္ကာများ၏ ထုံးနည်းအတိုင်း၊ စီမံရမည်ဟုမိန့်တော်မူ၏။