42
1-3 ထို့နောက်၊ မြောက်ဘက်အပြင်တံတိုင်းသို့ ငါ့ကိုခေါ်ဆောင်ပြီးလျှင်၊ မဟာရံနှင့် မြောက်တံတိုင်းရိုးကြားတွင်လည်းေကာင်း၊ အတွင်းတံတိုင်းရှိအတောင်နှစ်ဆယ်ကျယ်ရာ ကွက်လပ်နှင့် အပြင်တံတိုင်း ကျောက်သမံတလင်းကြားတွင်လည်းေကာင်း၊ မြောက်တံခါးများရှိလျက်၊ အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်ရှိသော၊ တတိယအဆင့်၌၊ မျက်နှာ ချင်းဆိုင် စင်္ကြံများနှင့်ပြည့်စုံသည့်အခန်းစဉ်ရှေ့သို့၊ ငါ့ကိုခေါ်သွားလေ၏။ မြောက်တံခါးများရှိသော ထိုအခန်းစဉ်ရှေ့၊ အတွင်းတံတိုင်းသို့ဝင်ရန်၊ အလျားအတောင်တစ်ရာ၊ အနံဆယ်တောင်ကျယ်လမ်းရှိ၏။ 5-6 အဆင့်သုံးထပ်ရှိသောထိုတိုက်၌၊ တံတိုင်းများကဲ့သို့၊ တိုင်များမရှိသည့်အတွက်၊ စင်္ကြံများကြောင့်ဆုတ်ရသောအထက်ခန်းများသည်၊ အောက်ခန်း၊ အလယ်ခန်းများ ထက်ကျဉ်းလျက်ရှိ၏။ 7-8 ထိုအခန်းစဉ်နှင့်မျက်နှာချင်းဆိုင်၍၊ အပြင်တံတိုင်းသို့လှည့်သော အခန်းစဉ်ကပ်သည့်တံတိုင်းရိုးအလျားသည်၊ အပြင်တံတိုင်းသို့လှည့်သောထိုအခန်းစဉ်နှင့်အမျှ အတောင်ငါးဆယ်ရှိ၏။ ဗိမာန်တော်အလျားကား၊ အတောင်တစ်ရာတည်း။ 9-10 အောက်အပြင်တံတိုင်းမှဝင်သော်၊ ထိုအခန်းစဉ်အရှေ့ဘက်တံတိုင်းရိုး၌၊ ဝင်ပေါက်ရှိ၏။ တောင်ဘက်မဟာရံနှင့်၊ တံတိုင်းရိုးကြားတွင်လည်း၊ အခန်းစဉ်ရှိသေး၏။ 11 ထိုအခန်းစဉ်သည်၊ မြောက်ဘက်အခန်းစဉ်နှင့်အမျှ အနံအလျားချင်း၊​ဝင်ပေါက်ထွက်ပေါက်ချင်း၊ အစီအရင်ချင်းတူလျက်၊ ရှေ့တွင်လည်း လမ်းရှိ၏။ 12 တောင်ဘက်အခန်းစဉ်တံခါးများသည်၊ အထက်အခန်းစဉ်တံခါးများနှင့်တူသည့်ပြင်၊ ဝင်ရသော်၊ လမ်းဦးအနီး အရှေ့ဘက်ကပ်သော၊ တံတိုင်းရိုး၌ ဝင်ပေါက်ရှိ၏။ 13 ထိုအခါသူက၊ မြောက်မဟာရံ၊ တောင်မဟာရံ၊ ရှေ့တွင်ရှိသော၊ အခန်းစဉ်များကား၊ ထာဝရဘုရားထံချဉ်းကပ်ရသူပရောဟိတ်တို့သည်၊ အထူးသီးသန့်ရာများကို၊ ဘုန်း ပေးခွင့်ရသော၊ သန့်ရှင်းရာအခန်းစဉ်ဖြစ်၏။ သန့်ရှင်းသောထိုဌာန၌၊ ဘောဇဉ်သက္ကာ၊ အပြစ်ဖြေရာသက္ကာ၊ ပြစ်ဒဏ်ဖြေရာသက္ကာမှစ၍၊ အထူးသီးသန့်ရာများကိုသိုထားကြရမည်။ 14 သန့်ရှင်းရာဌာနသို့ဝင်သောပရောဟိတ်တို့သည်၊ အမှုတော်ဆောင်ရွက်ရာတွင်၊ ဆင်ယင်အပ်သော၊ သန့်ရှင်းသောသင်္ကန်းစုံကိုထိုဌာန၌ထား၍၊ အဝတ်လဲပြီးမှ လူပရိသတ်ဆိုင်ရာအပြင်တံတိုင်းသို့၊ ထွက်သွားကြရမည်ဟု ငါ့အားဆိုလေ၏။
15 အတွင်းဌာနတော်ကို အဆုံးသတ်တိုင်းပြီးလျှင်၊ အရှေ့တံခါးဖြင့် ငါ့ကိုထွက်စေလျက်၊ ပတ်လည်တစ်လှေျာက်တိုင်းသော်၊ 16 တာဝါးနှင့်အရှေ့ဘက်တစ်လှေျာက်ကိုအတောင်ငါးရာ၊ 17 မြောက်ဘက်တစ်လှေျာက်ကိုအတောင်ငါးရာ၊ 18 တောင်ဘက်ကိုအတောင်ငါးရာ၊ တိုင်းပြီးမှ၊ 19 အနောက်ဘက်သို့လှည့်သွား၍ တာဝါးဖြင့် အတောင်ငါးရာတိုင်း၏။ 20 သန့်ရာ၊ မသန့်ရာပိုင်းခြားသောတံတိုင်းရိုးလေးမျက်နှာကို ထိုသို့အတောင်ငါးရာစီ တိုင်း၏။