4
အချင်းလူ့သာ၊ အုတ်တစ်ချပ်ကိုယူ၍ ရှေ့တွင်ထားပြီးနောက် ယေရုရှလင်မြို့ပုံကို ထွင်းလျက်၊ ထိုပုံပတ်လည်၌ဝိုင်းထားခြင်း၊ ရင်တားတည်ခြင်း၊ ကတုတ်လှန်ခြင်း၊ တပ်စွဲခြင်း၊ သစ်မောင်းဆင်ခြင်း ပုံများကိုလုပ်၍၊ သံမြို့ရိုးအဖြစ်၊ သင်နှင့်မြို့ပုံကြားတွင် သံအိုးကင်းကိုယူထားပြီးလျှင် မြို့ပုံကိုမျက်နှာမူလျက် ပိတ်ဆို့ရန်ဝိုင်းထားလော။ ဣသရေလအမျိုးသားတို့အဖို့ သက်သေ လက္ခဏာဖြစ်လိမ့်သတည်း။
၎င်းပြင်၊ သင်သည် ဝဲဘက်သို့ စောင်းအိပ်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်ဝန်ကို နံပေါ်တွင်တင်လျက်၊ စောင်းအိပ်ရသောနေ့ရက်နှင့်အမျှ၊ ချင်းတို့ ဒုစရိုက်ဝန်ကိုဆောင်လော့။ ချင်းတို့ဒုစရိုက်ဝန်ဆိုင်ရာနှစ်ပေါင်းတည်းဟူသောရက်သုံးရာ့ကိုးဆယ်တိုင်တိုင် သင်၌ငါစီမံသည့်အလျောက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်ဝန်ကို၊ သင်ဆောင် ရမည်။ ထိုရက်လွန်ပြီးမှ ယာဘက်သို့ စောင်းအိပ်လျက်၊ ယုဒအမျိုးသားတို့၏ဒုစရိုက်ဝန်ကို တစ်နှစ်အဖို့တစ်ရက်၊ ရက်ပေါင်းလေးဆယ်တိုင်တိုင်၊ သင်၌စီမံသည့်အလျောက်၊ ဆောင်ဦးလော့။ ယေရုရှလင်မြို့ဝိုင်းထားပုံကိုမျက်နှာမူလျက်၊ လက်တစ်ဖက်ထုတ်၍ ဆန့်ကျင်ဘက်ဟောပြောလော့။ ဝိုင်းထားခြင်းပုံဆိုင်ရာရက်ပေါင်းမကုန်မချင်း၊ ငါချည်နှောင်သဖြင့် သင်မလှည့်မစောင်းရ။
ဂျုံ၊ မုယော၊ ပဲကြီး၊ ပဲကြား၊ ဆတ်၊ ပြောင်းများကိုယူ၍၊ အိုးတစ်လုံးတွင်ရောထားလျက် ပေါင်းလုပ်ပြီးလျှင်၊ စောင်းအိပ်ရသောရက်ပေါင်းသုံးရာ့ကိုးဆယ်ပတ်လုံး၊ 10 တစ်နေ့လျှင်အဖန်ဖန်အလေးချိန်ကျပ်နှစ်ဆယ်ကုန်စားရမည်။ 11 ရေကိုလည်း တစ်နေ့လျှင်၊ ခုနစ်ဆယ့်ငါးကျပ်ခြင်အဖန်ဖန်သောက်ရမည်။ 12 ထိုလူမျိုးရှေ့တွင်၊ မစင်ဆိုက်၍ ပေါင်းပြီးလျှင်၊ မုယောမုန့်နည်းတူသင်စားရမည်။ 13 ထိုအတိုင်း ဣသရေလအမျိုးသားတို့သည်၊ ငါနှင်ထုတ်ရာလူအမျိုးမျိုးတို့တွင် မသန့်သောအစာကိုစားရကြလတ္တံ့ဟု ထာဝရဘုရားမိန့်တော်မူသော်၊ 14 ငါက အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်ရွယ်စဉ်ကစ၍ ယခုတိုင်အောင် အိုသေ၊ နာသေ၊ သားရဲကိုက်သေ၊ ပံသုကူသားကိုစားခြင်း၊ ရွံရှာဖွယ်အသားကို မြည်းခြင်းမပြုသောကြောင့်၊ မသန့်ရာမရောက်ခဲ့ပါဟု လျှောက်ထားသဖြင့်၊ 15 မုန့်ကိုသင်ပေါင်းချက်ရန် မစင်အစား နွားချေးကို၊ ငါပေးပြီဟုမိန့်တော်မူ၏။ 16-17 ကိုယ်တော်ကလည်း၊ အချင်းလူ့သား၊ အစာကိုချိန်စက်၍ကြောင့်ကြလျက်စားခြင်း၊ ရေကိုခြင်တွယ်၍ အံ့အားသင့်လျက်သောက်ခြင်းပြုရာ၊ ခဲဖွယ်သောက်ဖွယ် လိုလားသဖြင့်၊ အချင်းချင်းအံ့အားသင့်၍ ကိုယ့်ဒုစရိုက်ကြောင့်၊ ပိန်ခြောက်ကြရစေခြင်းငှာ၊ ယေရုရှလင်မြို့ရှိအစာအာဟာရအထောက်အခံကိုငါချိုးဖျက်မည်။