26
တစ်ဖန်၊ ဆယ့်တစ်နှစ်၊ လဆန်းနေ့တွင်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ တုရုမြို့က၊ လူအမျိုးမျိုးတို့၏တံခါးပေါက်ပျက်လျက်၊ ငါ့ဘက်သို့လှည့်ခဲ့ပြီ။ ဆိတ်ညံရာရောက်သောကြောင့်၊ ငါစည်ကားတော့မည်ဟု ယေရုရှလင်မြို့ ကိုရည်၍ ကဲ့ရဲ့သောကြောင့်၊ ငါအရှင်ထာဝရဘုရားက၊ အိုတုရုမြို့၊ ငါသည် သင့်တစ်ဘက်နေ၍၊ သမုဒ္ဒရာလှိုင်းတံပိုးတက်သည့်နည်းတူ၊ မြောက်မြားသောလူမျိုးတို့ကို သင့်ထံချီတက်စေပြီးလျှင်၊ သင့်မြို့ရိုးကိုဖောက်ဖျက်လျက်၊ ရဲတိုက်များကိုဖြိုလှဲကြလိမ့်မည်။ ငါလည်း၊ ပြောင်သောကျောက်ကျန်သည့်တိုင်အောင်၊ မြေကိုြခစ်ခွာသဖြင့်၊ ငါအရှင်ထာဝရဘုရားဗျာဒိတ်ချက်အရ၊ သင်သည် သမုဒ္ဒရာအလယ်တွင်ပိုက်ကွန်ဖြန့်ရာ၊ လူမျိုးခြားတို့လုယူရာအဖြစ်ရောက်လျက်၊ ကမ်းခြေရှိဇနပုဒ်များလည်း၊ ဓားဖြင့်လုပ်ကြံခံ၍၊ အရှင်ထာဝရဘုရားငါဖြစ်သည်ကို၊ သိရကြလတ္တံ့ဟုမိန့်ဆို၏။ ငါအရှင်ထာဝရဘုရားကလည်း၊ မြင်းတပ်၊ ရထားတပ်၊ မြင်းစီးသူရဲတို့နှင့်တကွ၊ များပြားသောအလုံးအရင်းတို့ပါ၊ မြောက်ပိုင်းမှတုရုမြို့သို့ငါချီတက်စေသော၊ ဘုရင်ထက် ဘုရင်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ ကမ်းခြေရှိဇနပုဒ်များကိုဓားဖြင့်လုပ်ကြံပြီးလျှင်၊ သင့်ရင်ဆိုင်ရင်တားတည်ခြင်း၊ ကတုတ်လှန်ခြင်း၊ ဒိုင်းရှည်မြှောက်ကာခြင်းများကိုပြုလျက်၊ မြို့ရိုးကိုသစ်မောင်းနှင့်နှက်၍၊ ရဲတိုက်များကို ဓားဖြင့်ဖြိုဖျက်သည်နှင့်၊ 10 ပေါက်ပြီးမြို့ကိုဝင်တတ်သည့်နည်းတူ၊ မြို့တံခါးဖြင့်ချဉ်းဝင်သော၊ မြင်းတပ်မြောက်မြားသည့်အတွက်၊ ခွာစာမုန့်လွှမ်းမိုးသည့်ပြင်၊ မြင်းတပ်၊ လှည်းတပ်၊ ရထားတပ်အသံ ကြောင့်၊ မြို့ရိုးပင်တုန်လှုပ်လတ္တံ့။ 11 လမ်းမလမ်းမြောင်များကို မြင်းခွာချခြင်း၊ မြို့သူမြို့သားတို့ကိုဓားဖြင့် လုပ်ကြံခြင်း၊ ခိုင်ခံ့သောကျောက်တိုင်များကို ဖြိုလှဲခြင်း၊ ကုန်စည်ဘဏ္ဍာကို လုယက်ယူငင်ခြင်း၊ 12 မြို့ရိုးကိုဖြိုလှဲခြင်း၊ နှစ်သက်ဖွယ်တိုက်အိမ်များကို ဖြိုဖျက်လျက်၊ ကျောက်၊ သစ်သားများကို အမုန့်ပါ၊ သမုဒ္ဒရာသို့ချပစ်ခြင်းများကို ပြုကြသည်နှင့်၊ 13 သီချင်းဆိုသံကို၊ ငါပြတ်စဲစေ၍၊ စောင်းတီးသံကိုလည်းကြားရတော့မည်မဟုတ်။ 14 ငါအရှင်ထာဝရဘုရားဗျာဒိတ်ချက်အရ၊ ပြောင်သောကျောက်၊ ပိုက်ကွန်ဖြန့်ရာ၊ ငါထားသောသင်သည်၊ ပြုစုခွင့်ရတော့မည်မဟုတ်ဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။
15 တုရုမြို့အား၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည်မှာ၊ သင့်အတွင်းတွင်လုပ်ကြံမှုပြုသည့်အတိုင်း၊ ထိရှခံရသူတို့ညည်းသောအခါ၊ သင့်ပြိုလဲသံကြောင့်၊ သမုဒ္ဒရာကမ်းခြေ များတုန်လှုပ်မည်မဟုတ်လော။ 16 သမုဒ္ဒရာစံမင်းတို့လည်း၊ နန်းဆင်း၍မင်းမြောက်တန်ဆာပယ်ခြင်း၊ ပန်းထိုးဝတ်လဲတော်ချွတ်ခြင်းပြုပြီးလျှင်၊ တုန်လှုပ်ခြင်းကိုဝတ်ခြုံလျက်၊ သင့်ကိုအံ့အားသင့်၍အလန့်တကြားမပြတ် မြေပေါ်တွင်ထိုင်နေစဉ်၊ 17 မြို့သားတို့နှင့်တကွ သမုဒ္ဒရာတွင်ခိုင်လှုံလျက်၊ သင်္ဘောစီးသူအပေါင်းတို့ကိုချောက်လှန့်လျက်၊ သင်္ဘောသားတို့နေရာ၊ ကျော်စောကိတ္တိရှိသောအိုမြို့တော်၊ သင်ပျက်စီး လေပြီတကားဟု၊ သင်နှင့်ဆိုင်ရာငိုချင်းကိုဖွဲ့ဆိုကြလတ္တံ့။ 18 သင်ပြိုလဲသည့်ကာလ၊ သမုဒ္ဒရာကမ်းခြေတုန်လှုပ်ခြင်း၊ ကွယ်လွန်သဖြင့်၊ သမုဒ္ဒရာရှိကျွန်းများ ထိတ်လန့်ခြင်း၊ ခံရကြလတ္တံ့ ဟုမိန့်ဆို၏။ 19 ငါအရှင်ထာဝရဘုရားကလည်း၊ နေသူမဲ့မြို့ရွာများကဲ့သို့ သင့်ကိုဆိတ်ညံရာမြို့ဖြစ်စေလျက်၊ မဟာသမုဒ္ဒရာဖုံးလွှမ်းအောင်၊ ရေထုကိုငါတက်စေသည့်ကာလ၊ 20 သင်္ချၖိုင်းတွင်ဆင်းရသူတို့နှင့်တကွ၊ ရှေးလူဟောင်းတို့ထံချပြီးလျှင်၊ ရှင်သူတို့နေရာတွင် ဂုဏ်အသရေကင်းလျက်၊ နေသူမဲ့အံ့သောငှာ၊ ယမန်ကဆိတ်ညံရာအရပ်၊ မြေပထဝီနက်ရှိုင်းရာအရပ်များတွင်၊ သင်္ချၖိုင်းတွင်းဆင်းရသူတို့နှင့်အတူ နေရာပေးမည်။ 21 ထိုသို့ထိန့်လန့်ဖွယ်အဖြစ်ငါထားသော သင်သည်၊ တည်ရှိရတော့မည်မဟုတ်။ ရှာသော်လည်းသင့်ကိုတွေ့ရတော့မည်မဟုတ်ဟု၊ငါအရှင်ထာဝရဘုရားမိန့်ဆိုသည် ဟူ၍တည်း။