15
တစ်ဖန်၊ ငါသို့ရောက်လာသော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား။ အချင်းလူ့သား၊ စပျစ်သားသည်၊ ေတာပင်ငယ်အသားတစ်မျိုးမျိုးထက်၊ မည်သို့မြတ်သနည်း။ ကိရိယာတစ်စုံတစ်ခုကို လုပ်ရန်သော်လည်းေကာင်း၊ အိုးခွက်ဆွဲသော ချိတ်ကို လုပ်ရန်သော်လည်းေကာင်း၊ စပျစ်သားကိုရွေးယူမည်လော။ လောင်စာအဖြစ်မီးသို့ပစ်ချ၍၊ အရင်းအဖျား ကျွမ်းလောင်ခြင်း၊ အလယ်လည်း မြိုက်ခြင်းခံပြီးမှ၊ အသုံးဝင်သေးသလော။ တစ်န္ယ်လုံးရှိခိုက်၊ မည်သည့်အသုံးမျှမဝင်လျှင်၊ ကျွမ်းလောင်ခြင်း၊ မြိုက်ခြင်းခံပြီးမှ၊ သာ၍အသုံးမဝင်ချေ။ သို့နှင့်အညီ၊ ငါအရှင်ထာဝရဘုရားက၊ တောပင်များအနက်စပျစ်ပင်ကို၊ လောင်စာအဖြစ်၊ မီးသို့ငါပစ်ချသည်းနည်းတူ၊ ယေရုရှလင်မြို့သူမြို့သားတို့ကိုလည်း၊ငါပစ်ချ ခဲ့ပြီ။ ထွက်ခဲ့ကြသော်လည်း၊ မျက်နှာထားသည့်အလျောက်၊ ကျွမ်းလောင်ခံရကြဦးမည်။ ထိုသို့မျက်နှာတော်ထားသည့်ကာလ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း၊ သင်တို့ သိရကြလတ္တံ့။ သစ္စာတော်ကိုဖောက်ကျော်ကြသောကြောင့်၊ နေပြည်ကိုဆိတ်ညံရာဖြစ်စေမည်ဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။