13
တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ စိတ်ထင်တိုင်းဟောပြောလေ့ရှိသူ၊ ဣသရေလအမျိုးပရောဖက်တို့အား၊ ဟောပြောဆင့်ဆိုရမည်မှာ၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံကြလော့။ မည်သည်ကိုမျှမမြော်မြင်ဘဲ၊ စိတ်ထင်တိုင်းလိုက်၍ ယုတ်မာသောပရောဖက်တို့သည် အမင်္ဂလာရှိကြ၏။ အို ဣသရေလလူမျိုး၊ သင်၏ပရောဖက်တို့သည်၊ မြို့ဆိုးကုန်းရှိ မြေခွေးများကဲ့သို့ ဖြစ်ကြလေစွ။ ထာဝရဘုရား၏နေ့ရက်တော်၌၊ ဣသရေလအမျိုးသားတို့ခံရပ်စစ်တိုက်နိုင်စေခြင်းငှာ၊ မြို့ရိုးကိုပြုပြင်ခြင်း၊ အပေါက်များကိုတက်စီးခြင်းမပြုကြချေ။ ထာဝရဘုရားဗျာဒိတ်ပေးတော်မူသည်ဟု၊ ငါထာဝရဘုရားစေလွှတ်ခြင်းကင်းလျက်ဆိုတတ်သော ပရောဖက်တို့သည်၊ အကျိုးမဲ့မုသာဗေဒင်ကို မြော်ကြည့်လျက်၊ ထိုအချက်တည်မည်ဟုစောင့်စားကြ၏။ ထာဝရဘုရားဗျာဒိတ်ပေးတော်မူသည်ဟု၊ ဗျာဒိတ်တော်မခံရဘဲဆိုတတ်သော ချင်းတို့က၊ အကျိုးမဲ့ရူပါရုံကိုမြော်မြင်လျက်၊ မုသာဗေဒင်ဟောကြပြီမဟုတ်လောဟု အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ သို့ဖြစ်၍ အရှင်ထာဝရဘုရားကလည်း၊ အကျိုးမဲ့ဟောပြောလျက်၊ မုသာရူပါရုံကိုမြော်မြင်ကြသော၊ သင်တို့တစ်ဘက်၌ငါနေ၏။ လက်တော်လည်း၊ အကျိုးမဲ့မြော်မြင်လျက်၊ မုသာဟောပြောသော ထိုပရောဖက်တို့ဆန့်ကျင်ဘက်တည်နေသဖြင့်၊ ငါ့လူမျိုးတော်တိုင်ပင်စည်းဝေးရာပါဝင်ခွင့်ဣသရေ လ အမျိုးသားတို့စာရင်း၌အမည်သွင်းခွင့်၊ ဣသရေလပြည်သို့ဝင်ရောက်ခွင့်မရကြသည့်အလျောက်၊ ငါသည်အရှင်ထာဝရဘုရားဖြစ်သည်ကို၊ သင်တို့သိရကြလတ္တံ့ဟု၊မိန့်တော် မူကြောင်းများကိုဆင့်ဆိုလော့။ 10 ပါးစွာတည်ပြီး နံရံကိုထုံးသုတ်၍၊ မချမ်းသာသည့်ကာလ၊ ချမ်းသာသည်ဟု ဆိုလေ့ရှိသည်နှင့်၊ လူမျိုးတော်ကိုလမ်းလွဲစေကြသောကြောင့်၊ 11 ထိုသို့ထုံးသုတ်သူတို့အား ဆင့်ဆိုရမည်မှာ၊ လွှမ်းစီးအောင်မိုးရွာလျက်၊ ငါလွှတ်သောမိုးသီးကျလျက်၊ ဖောက်ခွဲသောမိုးသက်မုန်တိုင်း တိုက်သဖြင့်၊ ထိုနံရံပြို လဲလတ္တံ့။ 12 နံရံပြိုလဲပြီးမှ၊ သုတ်သောထုံးအဘယ်မှာနည်းဟု၊ အပြောင်အလှောင်ခံကြရမည် မဟုတ်လော။ 13 သို့နှင့်အညီအရှင်ထာဝရဘုရားက၊ ငါသည် ဒေါသအမျက်တော်ထားလျက်၊ မိုးသက်မုန်တိုင်းဖြင့်ဖောက်ခွဲခြင်း၊ မိုးရွာသဖြင့် လွှမ်းစီးခြင်း၊ မိုးသီးများနှင့်ကုန်ခန်း စေခြင်းကိုပြု၍၊ 14 ထုံးသုတ်ပြီး နံရံကိုပယ်ဖျက်လျက်၊ အခြေအမြစ်ဟင်းလင်းပေါ်အောင် ဖြိုလှဲသဖြင့်၊ ပျက်စီးခံရသောသင်တို့သည်၊ ထာဝရဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့ဟု၊ မိန့်တော်မူကြောင်းဆင့်ဆိုလော့။ 15-16 သို့မှ၊ နံရံနှင့်တကွ၊ ထုံးသုတ်သူတို့အပေါ်၌ အမျက်တော်ငြိမ်းပြီးလျှင်၊ ယေရုရှလင်မြို့ကိုရည်လျက်၊ မချမ်းသာသည့်ကာလ၊ ချမ်းသာရာရူပါရုံများကိုမြင်လေဟန် ဟောပြောသူ၊ ဣသရေလလူမျိုးပရောဖက်တည်းဟူသောထုံးသုတ်သူတို့သည်၊ နံရံပါပပျောက်ပြီးဖြစ်ကြောင်း၊ သင်တို့အားဆုံးမမည်ဟု ငါအရှင်ထာဝရဘုရားမိန့်ဆို၏။
17 ၎င်းပြင်၊ အချင်းလူ့သား၊ စိတ်ထင်တိုင်းဟောပြောလေ့ရှိသူ၊ သင့်အမျိုးသမီးတို့အားလည်း၊ မျက်နှာထားလျက် ဟောပြောဆင့်ဆိုရမည်မှာ၊ 18 တတောင်ဆစ်တိုင်း၌၊ လက်ဖွဲ့ချုတ်တွယ်ခြင်း၊ ဦးခေါင်းတိုင်းမှခြေထိ ဖုံးအုပ်ခြင်းပြုလျက်၊ လူ့အသက်ကိုလိုက်ဖမ်းသော မိန်းမတို့သည်၊ အမင်္ဂလာရှိကြ၏။ ငါ့လူတို့ အသက်ကိုလိုက်ဖမ်းခြင်း၊ ကိုယ့်အဖို့အရှင်ထားခြင်းပြုကြမည်လော။ 19 သင်တို့သည် မုသာကိုနာခံသောလူမျိုးတော်အား၊ မုသာဟောပြောသဖြင့်၊ မသေအပ်သူတို့ကို သတ်လျက်၊ မရှင်အပ်သူတို့ကိုထားလျက်၊ မုယောစပါး တစ်လက်ခုပ်၊ မုန့်တစ်လုတ်စာနှင့်၊ လူမျိုးတော်တွင် ငါ့ကိုရှုတ်ချကြလေပြီဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ 20 သို့ဖြစ်၍၊ ငါသည် လူတို့အသက်ကိုငှက်သဖွယ်လိုက်ဖမ်းခြင်းပြုသောသင်တို့လက်ဖွဲ့များနှင့်ဆန့်ကျင်ဘက်နေသဖြင့်၊ လက်မောင်းများမှ ဆုတ်ဖြတ်လျက်၊ အဖမ်း ခံရသူတို့အသက်ကိုလွှတ်၍၊ 21 ဖုံးအုပ်ရာများကိုလည်းဆုတ်ဖြတ်လျက်၊ သင်တို့လက်အောက်တွင်၊ နောင်အဖမ်းမခံရအောင်၊ ငါ၏လူမျိုးတော်ကို လက်မှလွှတ်စေသဖြင့်၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်း၊ သင်တို့သိရကြလတ္တံ့။ 22 ငါမပူဆွေးစေသော သူတော်ကောင်း၌၊ မုသာအားဖြင့် စိတ်ပျက်စေခြင်းကိုလည်းေကာင်း၊ ဆိုးသွမ်းသောအလေ့အလာမှ ကြဉ်ရှောင်သဖြင့်၊ အသက်ချမ်းသာမရစေခြင်းငှာ၊ မသူ တော်၌ အားပေးခြင်းကိုလည်းေကာင်းပြုကြသည့်အတွက်၊ 23 သင်တို့သည် အကျိုးမဲ့မြော်မြင်ခွင့်၊ ဗေဒင်ဟောခွင့်၊ ရကြတော့မည်မဟုတ်။ သင်တို့လက်မှ လူမျိုးတော်ကိုကယ်လွှတ်အံ့သောကြောင့်၊ ငါသည်ထာဝရဘုရားဖြစ်သည် ကို သိရကြလတ္တံ့ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။