32
အချင်းကောင်းကင်၊ နာခံလော့။ ငါဖွဲ့ဆိုမည်။ မြေပထဝီလည်း ငါမြွက်ဆိုချက်များကို နာယူပါစေသော။ ငါ့သွန်သင်ချက်သည် မိုးသဖွယ်ရွာလျက် မြွက်ဆိုချက်လည်း၊ နှင်းသဖွယ်ကျလျက်၊ မြက်နု ပေါ်တွင် နှင်းပေါက်ကဲ့သို့လည်းေကာင်း၊ ကောက်ပင်ပေါ်တွင် မိုးစက်ကဲ့သို့လည်းေကာင်း၊ တည်ပါစေသော။ ထာဝရဘုရား၏ နာမတော်ကို ငါကြော်ငြာမည့်အလျောက် ငါတို့ဘုရားသခင်တန်ခိုးကြီးတော်မူ ကြောင်းဝန်ခံကြလော့။
အပြုအမူတော်စုံလင်လျက်၊ နည်းလမ်းတော်များတရားယှဉ်လျက်၊ ထိုကျောက်တောင်သည် တသမတ်တည်းသစ္စာစောင့်၍ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။ ကောက်ကျစ်စဉ်းလဲသောလူမျိုးတစ်ဆက်သည် သားရင်းမဟုတ်သောကြောင့် ကြန်အင်ယွင်း လျက် ေဖာက်ပြန်ကြလေပြီ။
အိုဉာဏ်ပညာကင်းလျက် ယုတ်မာသောလူမျိုး၊ ထာဝရဘုရားအား ထိုသို့ကာပြန်ကြမည်လော။ ကိုယ်တော်သည် သင်တို့ကို ဖြစ်ပွားစေသောအဘ၊ ဖန်ဆင်း၍တည်စိုက်သောအရှင်ဖြစ်တော်မူသည် မဟုတ်လော။ ရှေးကာလကိုသတိရလျက်၊ အစဉ်အဆက်နှစ်ပေါင်းများကို အောက်မေ့ကြလော့။ အဘထံ မေးမြန်းလျှင်၊ ေဖာ်ပြမည်။ လူကြီးတို့ထံမေးမြန်းလျှင် ကြားပြောကြမည်။ 8-9 ယာကုပ်လူမျိုးတော်သည် ထာဝရဘုရား၏ပိုင်ရာတော်နှင့် ဝေပုံတော်ဖြစ်သောကြောင့် လူ့သားတို့ကို ခွဲခြားခြင်း၊ လူမျိုးတို့အား အပိုင်ပေးခြင်းများကို မြင့်မြတ်သောဘုရားပြုတော်မူသည့် ကာလ၊ ဣသရေလအမျိုးသားအရေအတွက်ကိုထောက်၍၊ လူအမျိုးမျိုးတို့၏ နယ်နိမိတ်များ ချထားတော်မူ၏။ 10 ထိုလူမျိုးကို၊ ကန္တာရအရပ်၊ သားရဲဟောက်ရာလဟာပြင်အရပ်၌၊ တွေ့တော်မူကတည်းက၊ ဝန်းရံပြုစုလျက်၊ စက္ခုသူငယ်အိမ်သဖွယ်စောင့်ထိန်းတော်မူ၏။ 11 ရွှေလင်းတသည်သားငယ်များကို သိုက်မြုံမှနှိုးဆော်၍၊ အုပ်ထိန်းဝဲပျံသည့်နည်းတူ၊ ထာဝရ ဘုရားသည် ဖြန့်သောအတောင်တော်ဖြင့်၊ ထိုလူမျိုးကိုဆောင်ယူသယ်ပိုးလျက် 12 အခြားဘုရားမဟုတ်၊ ကိုယ်တော်သာလျှင် ပို့ဆောင်တော်မူ၏။ 13 နေပြည်ရှိ မြင့်မြတ်ရာများ၌ စီးနင်းစေတော်မူသည့်အတိုင်း မြေထွက်အသီးအနှံကို စားရကြ ၏။ ကျောက်ကြားထွက်ပျားရည်၊ မီးခတ်ကျောက်ထွက်ဆီမှစ၍ 14 နွားနို့ဓမ်း၊ သိုးနို့ရည့်ပြင်၊ သိုးကြီးသိုးငယ့်ဆီဥ၊ ဗာရှန်ပြည်နွားသား၊ ဆိတ်သားနှင့်တကွ ဂျုံ စပါးအထူးအမြတ်များကို တိုက်ကျွေးတော်မူသည့်အလျောက်၊ စပျစ်သီးအသွေးတည်းဟူသော စပျစ်ရည်သောက်ခွင့်ကို ရကြပြီတကား။
15 ယေရှုရုန်သည် ဆူဖြိုးသန်မာကြွယ်ဝသဖြင့် ကန်လျက် ဖန်ဆင်းတော်မူသော ဘုရားသခင်ကို စွန့်၍ ကယ်တင်ရာကျောက်တောင်ကို ပြောင်လှောင်လေ၏။ 16 အခြားဘုရားများဖြင့် မရှုဆိတ်တော်မူခြင်းကိုလည်းေကာင်း၊ ရွံရှာဖွယ်ဓလေ့များဖြင့် အမျက်တော်တိုက် ခြင်းကိုလည်းေကာင်း၊ ပြုလျက်၊ 17 ဘုရားမဟုတ်သော နတ်ဆိုး၊ ကိုယ်တိုင်မသိ၊ ဘိုးဘေးတို့မကျွမ်း၊ နောက်ပေါ်ဘုရားတုများ အား ပူဇော်ကြရာ၊ 18 ဖွားရင်းကျောက်တောင်ကိုသတိလစ်လျက်၊ ဝေဒနာခံစားတော်မူခဲ့ရာ ဘုရားသခင်ကို မေ့လျော့ကြလေစွ။
19 ထာဝရဘုရားသည် ရှုမြင်၍၊ ထိုသို့အမျက်တော်တိုက်သောသားသမီးများကို အရေးမယူဘဲ မိန့်တော်မူသည်ကား၊ 20 ငါသည်မျက်နှာတော်လွှဲ၍၊ အကျိုးအပြစ်ကိုမြော်ကြည့်မည်။ ထိုလူမျိုးသည်၊ ကောက်ကျစ် သောသားစဉ်၊ သစ္စာဖျက်သောမြေးဆက်ဖြစ်လျက်၊ 21 ဘုရားမစစ်ဖြင့် မရှုဆိတ်တော်မူခြင်းကိုလည်းေကာင်း၊ အနတ္တများဖြင့် အမျက်တော်တိုက်ခြင်းကိုလည်းေကာင်း၊ ပြုကြသည့်အလျောက်၊ ငါလည်းလူမျိုးမစစ်ဖြင့် မရှုဆိတ်ခြင်း၊ ယုတ်မာသောလူမျိုးခြားဖြင့် အမျက်တိုက်ခြင်းကိုပြုတော်မူလိမ့်မည်။ 22 နှာတော်ထွက်လောင်မီးသည် မြေပထဝီနှင့်ပေါက်ရောက်သမျှကို ကျွမ်းလျက်၊ တောင်အခြေ အမြစ်တိုင်းကို သင့်လျက်၊ အဝီစိတိုင်အောင်ပင် တောက်လျက်ရှိ၏။ 23-24 ထိုလူမျိုးသည် မွတ်သိပ်ဝမ်းဟာခြင်း၊ မဟာတေဇောရောက်ခြင်း၊ ရောဂါဆိုးကပ်ခြင်းများဖြင့် မပျက်မချင်း၊ ဘေးခပ်သိမ်းကိုငါစုပုံ၍၊ မြှားတော်ကိုလည်း အကုန်အစင်လွှတ်သည့်ပြင်၊ သားရဲဘေး၊ မြေမုန့်ရှိမြွေဆိပ်ဘေးကို ငါသင့်စေမည်။ 25 လူပျိုနှင့်အပျို၊ နို့စို့သူငယ်နှင့်ဆံဖြူအိုမင်းသူတို့ပါ အိမ့်အပြင်ဓားဖြင့်သော်လည်းေကာင်း၊ အိမ့်အတွင်း ကြောက်မက်ဖွယ်ဖြင့်သော်လည်းေကာင်း၊ ကျဆုံးကြလိမ့်မည်။ 26-27 ထင်ယောင်ထင်မှားသောရန်ဘက်ရန်သူတို့က၊ ထာဝရဘုရားမဟုတ်၊ ငါတို့မြင့်မြတ်သော လက်ရုံးဖြင့် စီရင်ကြပြီဟူသော စကားနှင့် အမျက်တော်တိုက်ကြမည်ကို ငါမစိုးရိမ်ရလျှင်၊ ထိုလူမျိုးကို ကွယ်ပျောက်စေ၍ အမှတ်ကိုလည်း လူ့ဘောင်မှပြတ်စဲစေသောအကြံရှိခဲ့လေပြီဟူ၍တည်း။
28 ထိုလူမျိုးသည် အကြံအစည်ပလျက်၊ ဉာဏ်ပဋိဘာန်ကင်းကြသည်တကား။ 29 ဉာဏ်ပညာမကင်းလျှင်၊ ထိုအခြင်းအရာကိုနားလည်၍ အကျိုးအပြစ်ကိုလည်း မြော်မြင်ခဲ့ကြ လေပြီ။ 30 ၎င်းတို့ကျောက်တောင်တည်းဟူသော ထာဝရဘုရားသည် ရောင်းချအပ်နှင်းတော်မမူခဲ့လျှင်၊ လိုက်လံသူတစ်ယောက်ကြောင့်၊ ထောင်တပ်သည်လည်းေကာင်း၊ နှစ်ယောက်ကြောင့် သောင်းတပ်သည်လည်းေကာင်း၊ မည်သို့ပြေးကြရမည်နည်း။ 31 ရန်သူတို့သမာဓိပြုကြသည့်အတိုင်းပင်၊ ချင်းတို့ကျောက်တောင်သည် ငါတို့ကျောက်တောင်နှင့် မတူ၊ 32 ချင်းတို့စပျစ်ပင်လည်း သောဒုံ၊ ဂေါမောရခြံတွင် ပေါက်ရောက်သောစပျစ်ပင်မျိုးဖြစ်လျက်၊ ခါးသောအပြွတ်၊ အဆိပ်ပါသောအသီးသီးသဖြင့် အရည်မှာမူ 33 မြွေဆိုးမြွေဟောက်၏ ပြင်းထန်သောအဆိပ်အတောက်ဖြစ်၏။ 34 ထိုအခြင်းအရာသည် အပါးတော်၌သိုထားရာ၊ လှောင်တိုက်တော်၌ တံဆိပ်ခတ်ပိတ်ရာဖြစ် သည်မဟုတ်လော။ 35 ဘေးသင့်ရာနေ့ရက်နီးလျက်၊ တမလွန်လျင်မြန်သည့်အလျောက်၊ ချင်းတို့ခြေချော်ကြသည့် ကာလ၊ လက်စားချေတော်မူခြင်း၊ ဆပ်ပေးတော်မူခြင်းသည် အရံသင့်ရှိသည်တကား။ 36 လက်ရုံးတန်ခိုးအားလျော့သည်ကိုလည်းေကာင်း၊ အကျဉ်းသား၊ အလွတ်သားမကျန်သည်ကိုလည်းေကာင်း၊ ရှုမြင် တော်မူရာ ထာဝရဘုရားသည် ကျွန်တော်ရင်းတို့အတွက် စိတ်တော်ပြောင်းလဲ၍ လူမျိုးတော်ဘက်၌ တရားစီရင်တော်မူလိမ့်မည်။ 37-38 ကိုယ်တော်ကလည်း၊ ချင်းတို့ခိုလှုံရာကျောက်တောင်၊ ကိုးကွယ်ရာဘုရား၊ ပူဇော်ကြရာ၊ ဆီဥနှင့်သွန်းလောင်းကြရာ စပျစ်ရည်ကို သုံးဆောင်သောဘုရားများကား၊ အဘယ်မှာနည်း။ ထ၍ထောက်မခြင်း၊ ပေါ်၍ကွယ်ကာခြင်းကိုပြုကြပါစေ။ 39 စဉ်းစားကြဦး။ အခြားမဟုတ်။ ငါသာလျှင်ဘုရားဖြစ်၏။ ငါသာလျှင်အသက်ပေးခြင်းနှင့် နုတ်ခြင်းကိုလည်းေကာင်း၊ ထိပါးခြင်းနှင့်ကုသခြင်းကိုလည်းေကာင်း၊ စီရင်၏။ 40-42 လက်တော်မှလွှတ်နိုင်သူမရှိချေ။ ငါသည်ပြောင်လက်သောဓားတော်ကိုသွေး၍ တရား ဆုံးဖြတ်ခြင်းကို စွဲကိုင်လျှင်၊ ရန်သူတော်တို့အား လက်စားချေခြင်း၊ မုန်းထားသူတို့အား ဆပ်ပေး ခြင်းကိုပြုသည့်အတိုင်း မြှားတော်များကို သုံ့ဘမ်းလုပ်ကြံသူတို့ အသွေးဖြင့် ယစ်စေလျက် ထားတော်လည်း ဦးဆံကျသူ ရန်ဘက်တို့အသားကို စားမည့်အကြောင်း ကောင်းကင်သို့လက်ရုံး မြှောက်လျက် အသက်တော်ကာလအစဉ်တည်သည်ကို တိုင်တည်လျက်၊ ငါသစ္စာဆိုသည်ဟူ၍တည်း။
43 အိုလူမျိုးခြားတို့၊ လူမျိုးတော်ကိုထောက်၍ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည်၊ ကျွန်တော်ရင်းတို့အသွေးအတွက်၊ ရန်သူတော်တို့အား လက်စားချေခြင်း။ ဆပ်ပေးခြင်းကိုလည်းေကာင်း၊ ပြည်တော်နှင့်လူမျိုးတော့်အပြစ်အဖို့ ဖြေခြင်းကိုလည်းေကာင်း၊ ပြုတော်မူလိမ့်မည်ဟူသော သီချင်းဖွဲ့ဆိုချက် ရှိသမျှကို 44 မောရှေနှင့်နုန့်သားယောရှုတို့သည် လူမျိုးတော်ရှေ့သွားရောက်မြွက်ဆိုကြသတည်း။
45 ဣသရေလတစ်မျိုးလုံးအား အထက်မိန့်မှာချက်ဟူသမျှကို ဆင့်ဆိုသည့်အဆုံး၌ မောရှေက၊ 46 ဤပညတ်တရားအချက်ချက်ကို စောင့်ရှောက်လိုက်နာကြရစေခြင်းငှါ၊ သားမြေးတို့အား သင်တို့မှာထားရမည့် ယနေ့ငါသက်သေခံသမျှကို နှလုံးသွင်းကြလော့။ 47 ဤတရားသည် အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့အသက်ရှင်ရာရှင်ကြောင်းဖြစ်သည့်အလျောက်၊ ယော်ဒန်မြစ်ကိုကူးချီ၍ ပိုင်ယူမည့်ပြည်တွင် တာရှည်ခွင့်ရကြလိမ့်မည်ဟု ဆင့်ဆိုလေ၏။
48 ထိုနေ့ချင်းတွင် မောရှေအား ထာဝရဘုရားက၊ ယေရိခေါမြို့ရင်ဆိုင်၊ 49 မောဘပြည်ရှိ ဤအာဗာရိမ်တောင်တန်း၊ နေဗောတောင်ထိပ်သို့ တက်ပြီးလျှင်၊ ဣသရေလအမျိုး သားတို့အား ငါအပိုင်ပေးသောပြည်ကို မြော်ကြည့်လော့။ 50-51 ဇိနတော၊ ကာဒေရှမြို့၊ မေရိဘရေအနီး၌ ထိုလူမျိုးတို့အလယ်တွင် အမိန့်တော်ကိုလွန်ကျူး၍၊ ငါ့အားသီးသန့်မှုကိုမပြုကြသောကြောင့် အစ်ကိုအာရုန်သည် ဟောရတောင်တွင် သေလွန်၍ ဘိုးဘေးတို့ထံသွားရသည့်နည်းတူ၊ သင်လည်းဤတောင်၌သေလွန်၍ ဘိုးဘေးတို့ထံသွားရမည်။ 52 ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို မြော်ကြည့်ခွင့်ရသော်လည်း ဝင်ရောက်ခွင့်မရှိ ချေဟု မိန့်တော်မူ၏။