26
သင်တို့ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်သို့ ဝင်ရောက်ပိုင်ယူနေထိုင်ကြ သည့်ကာလ၊ သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်တွင်၊ မြေထွက်အသီးအနှံလက်ဦး လက်ဖျားအမျိုးမျိုးအနက်ယူ၍ တောင်း၌ထည့်ပြီးလျှင်၊ နာမတော်တည်ရန် သင်တို့ဘုရားသခင် ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာနသို့ ဆောင်သွားလျက် ဖြစ်အံ့သောပရောဟိတ်ထံ ဝင်ရောက်ပြီးလျှင်၊ ပေးမည်ဟူ၍ ဘိုးဘေးတို့အား ထာဝရဘုရား သစ္စာဆိုတော်မူခဲ့သော ပြည်သို့ ကျွန်တော်တို့ဝင်ရောက်ခွင့်ရကြောင်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားရှေ့ ယနေ့ဝန်ခံပါသည်ဟု လျှောက်ဆိုကြလော့။ ပရောဟိတ်လည်း၊ ထိုတောင်းကိုလက်ခံလျက် သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပူဇော်ရာ ပလ္လင်တော့်မျက်နှာစာတွင် ချထားပြီးနောက်၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ သင်တို့က၊ ငါတို့အဘသည်၊ လေလွင့်သောအာရံလူမျိုးဖြစ် လျက် လူအရေအတွက်နည်းပါးခိုက်၊ အိဂျစ်ပြည်သို့သွားရောက်တည်းခို၍၊ ခွန်အားတန်ခိုးကြီးလျက် များပြားသောလူမျိုးဖြစ်လာသဖြင့်၊ အိဂျစ်ပြည်သားတို့နှိပ်စက်ညှဉ်းပန်း၍ အကြပ်အတည်းစေစားကြရာ၊ ငါတို့အော်ဟစ်ကြသောအသံကို၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရား နားညောင်းတော်မူသည့် အလျောက်၊ နှိပ်စက်ညှဉ်းဆဲအပင်အပန်းခံရခြင်းများကို ထောက်ရှုတော်မူ၍၊ အားကြီးသောလက်ရုံးတော်ဆန့်တန်းခြင်း၊ ကြောက်မက်ဖွယ်တန်ခိုးနှင့် သက်သေနိမိတ် လက္ခဏာပြခြင်းများဖြင့်၊ ငါတို့ကိုထုတ်ဆောင်ပြီးလျှင်၊ နို့ရည်ပျားရည်လွှမ်းစီးသောဤပြည်၊ ဤဒေသကို သွင်းဆောင်လျက် ပေးသနားတော်မူလေပြီ။ 10 သို့နှင့်အညီ၊ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနားတော်မူသော မြေအသီးအနှံလက်ဦးလက် ဖျားကိုတင်သွင်းပါပြီဟု လျှောက်ဆိုကြလော့။ ထိုသို့သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့၊ တောင်းကိုချထားပြီးလျှင်၊ မျက်မှောက်တော်တွင် ရှိခိုးလျက်၊ သင်တို့မှစ၍ အိမ်သူအိမ်သားတို့အား သင်တို့ဘုရားသခင်ထာဝရဘုရားပေးတော်မူသမျှသော စည်းစိမ်အတွက် 11 သင်တို့ဘောင်တွင်ရှိသော လေဝိဂိုဏ်းသား၊ ဝင်နေသူတို့ပါ၊ အားရရွှင်လန်းကြလော့။
12 သုံးနှစ်လျှင်တစ်ကြိမ်၊ သန့်ခြားရသောတတိယနှစ်မြေထွက်ဟူသမျှအနက် ဆယ်ဖို့တစ်ဖို့ကို သန့်ခြားပြီးလျှင်၊ လေဝိဂိုဏ်းသား၊ ဝင်နေသူ၊ ဘသက်ဆိုး၊ မုဆိုးမတို့သည်၊ သင်တို့မြို့ရွာများ အတွင်း ဝစွာစားသောက်ခွင့်ရစေခြင်းငှါ၊ လှူဒါန်းပေးကမ်းကြရာ၊ 13-14 ကိုယ့်ဘုရားသခင်ထာဝရဘုရားရှေ့ သင်တို့က၊ သီးသန့်ရာများကို မသာတွင်သုံးဆောင် ခြင်း၊ မသန့်ခိုက်ထုတ်ထားခြင်း၊ သေသူ့အတွက်စွန့်ကြဲခြင်း၊ ပညတ်တော်များကို ဖောက်ကျော်မေ့ လျော့ခြင်းမပြုဘဲ၊ မိန့်မှာတော်မူသမျှပညတ်အတိုင်း၊ ထိုအရာများကိုအိမ်မှထုတ်ထားလျက်၊ လေဝိ ဂိုဏ်းသား၊ ဝင်နေသူ၊ ဖသက်ဆိုး၊ မုဆိုးမတို့အား လှူဒါန်းပေးကမ်းပါပြီ။ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရားဗျာဒိတ်တော်သံကိုနာခံလျက်၊ မိန့်မှာသမျှလိုက်နာပါပြီ။ 15 သန့်ရှင်းသောစံရာတော်ကောင်းကင်ဘဝဂ်မှ စီးကြည့်တော်မူ၍ ဘိုးဘေးတို့အား သစ္စာဆိုခဲ့ သည့်အတိုင်း ပေးသနားသော၊ နို့ရည်ပျားရည်လွှမ်းစီးရာပြည်နယ်နှင့်တကွ၊ ဣသရေလလူမျိုးတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါဟု တောင်းလျှောက်ကြလော့။
16 ဤထုံးဖွဲ့ဆုံးဖြတ်ချက်များကို လိုက်နာကြရန်၊ သင်တို့ဘုရားသခင်ထာဝရဘုရား ယနေ့မိန့်မှာ တော်မူသည့်အလျောက်၊ စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့၊ စောင့်ရှောက်လိုက်နာကြလော့။ 17 ထာဝရဘုရားသည် ကိုယ့်ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းေကာင်း၊ နည်းလမ်းတော်များ၌ လိုက် လျှောက်လျက်၊ ထုံးဖွဲ့မိန့်မှာဆုံးဖြတ်တော်မူချက်များကို စောင့်ထိန်းလျက်၊ ဗျာဒိတ်တော်သံနားထောင် မည့်အကြောင်းကိုလည်းေကာင်း၊ ယနေ့သင်တို့ဝန်ခံကြပြီ။ 18-19 ထာဝရဘုရားကလည်း၊ သင်တို့သည်၊ ကတိတော်အတိုင်း ပညတ်တော်ဟူသမျှကို စောင့်ရှောက်ရသောပိုင်ဆိုင်ရာလူမျိုးတော်ဖြစ်ကြောင်းကိုလည်းေကာင်း၊ ချီးမွမ်းရာ၊ ကျော်စောရာ၊ ဂုဏ်တင်ရာအဖြစ်ဖြင့် ဖန်ဆင်းသောလူမျိုးတကာထက် ချီးမြှင့်တော်မူမည့်အကြောင်းကိုလည်းေကာင်း၊ ကတိတော်အတိုင်း သင်တို့ဘုရားသခင်ထာဝရဘုရားအဖို့ သီးသန့်သောလူမျိုးဖြစ်ကြောင်းကိုလည်းေကာင်း၊ ယနေ့ဝန်ခံတော်မူပြီဟု မောရှေဆင့်ဆိုလေ၏။