23
သင်းကွပ်ပြီးသူသည် ထာဝရဘုရား၏ ပရိသတ်တော်၌၊ မပါမဝင်ရ။ အဗြဟ္မပြု၍ရသောသားသည် အနွယ်ဒသမ အဆက်တိုင်အောင် ထာဝရဘုရား၏ပရိသတ်တော် ၌မပါမဝင်ရ။ 3-4 အမ္မုန်အမျိုး၊ မောဘအမျိုးသားတို့သည် အိဂျစ်ပြည်မှ သင်တို့ထွက်လာကြသည့်ကာလ၊ အစားအသောက်နှင့်မကြိုဆိုဘဲ မေသောပေါတာမိပြည်၊ ပေသော်မြို့နေ ဗောရသားဗာလမ်ကို သင်တို့ အားအမင်္ဂလာပေးစေရန်ငှားသောကြောင့်၊ အခါခပ်သိမ်း၊ အနွယ်ဒသမအဆက်တိုင်အောင်၊ ထာဝရ ဘုရား၏ပရိသတ်တော်၌ မပါမဝင်ရ။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုမြတ်နိုး၍၊ ဗာလမ်၏စိတ်အကြံကိုနားညောင်း သောသဘောတော်မရှိသည့်အတိုင်း၊ ထိုအမင်္ဂလာကို မင်္ဂလာဖြစ်စေတော်မူသော်လည်း၊ ချင်းတို့စည်းစိမ်ချမ်းသာအကျိုးကို သားစဉ်မြေးဆက်တည်သည့်ကာလပတ်လုံး၊ သင်တို့မရှာ ကြရ။ ဆွေရင်းမျိုးချာဖြစ်သော ဧဒုံအမျိုးသားတို့ကိုသော်လည်းေကာင်း၊ ဝင်နေသူအဖြစ်သင်တို့နေထိုင်ခဲ့ရာ အိဂျစ်ပြည်သားတို့ကိုသော်လည်းေကာင်း၊ မရွံရှာကြရ။ အနွယ်တတိယအဆက်သားတို့သည်၊ ထာဝရဘုရား၏ပရိသတ်တော်၌ ပါဝင်ကြစေ။
သင်တို့သည် ရန်သူတို့တစ်ဘက်ချီထွက်စွဲရပ်ကြသည့်ကာလ၊ ညစ်ညူးရာအမျိုးမျိုးကို ကြဉ်ရှောင် ကြလော့။ 10 ညဉ့်အခါဖြစ်ပျက်သောအရာကြောင့်၊ မသန့်ရာရောက်သူရှိလျှင်၊ တပ်စားခန်းပြင်သို့ ထွက်သွား ၍ နေလွဲသောအချိန်နေချိုးလျက် 11 နေဝင်မှသာတပ်စားခန်းအတွင်းသို့ပြန်ဝင်စေ။ 12-14 ၎င်းပြင်၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ ဘေးလွတ်စေ၍ ရန်သူတို့ကိုသင်တို့ရှေ့ အပ်နှင်းတော်မူရန် တပ်စားခန်းအတွင်းတွင် ကြွလာတော်မူသည့်အတိုင်း ရှက်ဖွယ်ရာကိုရှုမြင်၍ ရှောင်ထွက်တော်မမူစေခြင်းငှါ စားခန်းသန့်ရှင်းအပ်သည်ဖြစ်သောကြောင့် တပိုတပါးသွားရာအရပ် ကိုတပ်စားခန်းအပတွင် ပြင်ဆင်လျက်၊ အခင်းပြုတိုင်း၊ လက်နက်အဝင်အပါတူးရွင်းဖြင့် တူးပြီးလျှင်၊ မစင်ကိုလှည့်၍ဖုံးကြရမည်။
15 ပိုင်ရှင့်လက်မှလွတ်၍၊ သင်တို့ထံပြေးလာသောကျွန်ကို ပြန်မအပ်ဘဲ၊ 16 သင်တို့ဘောင်တွင် သဘောကျရွေးချယ်သောမြို့ရွာတစ်ရပ်ရပ်၌၊ အနှိပ်အစက်ကင်းလျက် သင်တို့နှင့်အတူနေထိုင်စေ။
17 ဣသရေလပြည်သူပြည်သားတို့တွင်၊ ပြည်တန်ဆာမ၊ ပြည်တန်ဆာယောက်ျားမရှိစေရ။ 18 ထိုကျား၊ မတို့ရသောပြည့်တန်ဆာခငေွသည် သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ရွံရှာဖွယ်ဖြစ်သောကြောင့် သစ္စာဝတ်ဖြေခြင်းငှါ၊ သင်တို့ဘုရားသခင်ထာဝရဘုရားဗိမာန်တော်သို့ မဆောင်မသွင်းကြရ။
19 ငွေ၊ ရိက္ခာမှစ၍၊ ငှါးတတ်သောအရာရာအတွက်၊ ဆွေမျိုးသားချင်းတို့ထံ အတိုးမစားရ။ 20 တစ်ပါးအမျိုးသားတို့ထံ အတိုးစားသော်လည်း၊ သင်တို့ဝင်ရောက်ပိုင်ရသောပြည်တွင် ပြုလေရာရာ၌ သင်တို့ဘုရားသခင်ထာဝရဘုရား ကောင်းကြီးမင်္ဂလာပေးတော်မူစေခြင်းငှါ၊ ဆွေမျိုး သားချင်းတို့ထံ အတိုးမစားဘဲနေကြလော့။
21 သင်တို့ဘုရားသခင်ထာဝရဘုရားအား သစ္စာဝတ်ကိုထားကြသည့်အလျောက်၊ သင်တို့ဘုရား သခင်ထာဝရဘုရားမုချတောင်းယူတော်မူမည်ဖြစ်၍၊ အပြစ်မရောက်စေခြင်းငှါ၊ မဖင့်နွဲဘဲ ဖြေကြလော့။ 22-23 မထားလျှင်မူကား၊ အပြစ်ကင်းလိမ့်မည်။ နှုတ်ထွက်ကတိအတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားအား စေတနာအလျောက်ထားခဲ့သော သစ္စာဝတ်ကို ဖြေ၍စောင့်ရှောက်ပြုကျင့်ကြ လော့။
24 သူတစ်ပါးစပျစ်ခြံတွင်းသို့ ဝင်မိလျှင်၊ ချင်ရဲပြေအောင်အသီးကိုစားခွင့်ရှိသော်လည်း၊ မထည့်မယူ ကြရ။ 25 သူတစ်ပါး၏လယ်တွင်းသို့ ဝင်မိလျှင်၊ စပါးနှံကိုဆွတ်ခူးခွင့်ရှိသော်လည်း၊ တံစဉ်ကြော့၍ မရိတ်ကြရ။