20
သင်တို့သည် ရန်သူတို့ကို စစ်တိုက်ရန် ချီထွက်လျက်၊ သင်တို့ထက်များပြားသည့် မြင်းတပ်၊ ရထားတပ်နှင့် ပြည့်စုံသောရဲမက်တို့ကို တွေ့မြင်သည့်ကာလ၊ အိဂျစ်ပြည်မှ ဆောင်တော်မူခဲ့သော သင်တို့ဘုရားသခင်ထာဝရဘုရားပါရှိတော်မူသောကြောင့်၊ မကြောက်မရွံ့ကြရ။ စစ်မတက်မီ၊ ပရောဟိတ်တစ်ပါးချဉ်းလာလျက် ကိုယ့်ရဲမက်တို့အား နှိုးဆော်ရမည်မှာ အိုဣသရေ လလူမျိုး၊ နာခံကြလော့။ ရန်သူတို့ကိုစစ်တိုက်ရန် ယနေ့ချဉ်းဝင်ကြတော့မည်။ စိတ်ပျက်ကြောက်ရွံ့ထိတ်လန့်တုန်လှုပ် ခြင်းမရှိကြနှင့်။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ဘေးလွတ်စေခြင်းငှါ၊ ဗိုလ်ထုနှင့်တကွကြွချီ၍၊ ရန်သူတို့ ကိုစစ်တိုက်တော်မူလိမ့်မည်ဟု နှိုးဆော်ပြီးမှ၊ တပ်ရေးတို့ကလည်း၊ သင်တို့အတွင်း၊ တိုက်အိမ်သစ်ကိုတည်ဆောက်လျက် အိမ်တက်ပွဲမပြု ရသေးသူရှိလျှင် စစ်ရေး၌ကျဆုံးသဖြင့် အိမ်တက်ပွဲကိုသူတစ်ပါးမပြုရစေခြင်းငှါ အိမ်သို့ပြန်သွားစေ။ စပျစ်ခြံကိုစိုက်ပျိုးလျက် မသုံးစားရသေးသူရှိလျှင်၊ စစ်ရေး၌ကျဆုံးသဖြင့်၊ သူတစ်ပါးမသုံးစား ရစေခြင်းငှါ၊ အိမ်သို့ပြန်သွားစေ။ မိန်းမကိုမှန်းထားလျက် မသိမ်းပိုက်ရသေးသူရှိလျှင်၊ စစ်ရေး၌ကျဆုံးသဖြင့်၊ သူတစ်ပါးမသိမ်း ပိုက်ရစေခြင်းငှါ၊ အိမ်သို့ပြန်သွားစေဟူ၍လည်းေကာင်း၊ ကြောက်ရွံ့စိတ်လျော့သူရှိလျှင် တပ်သားချင်းတို့စိတ်မလျော့စေခြင်းငှါ၊ အိမ်သို့ပြန်သွားစေ ဟူ၍လည်းေကာင်း၊ ရဲမက်တို့အား မိန့်ဆိုသည့်အဆုံး၌ ရဲမက်တို့အပေါ်တွင် ဗိုလ်မှူးများကိုခန့်ထားကြလော့။
10 သင်တို့သည် မြို့တစ်မြို့ကို တိုက်ယူရန်ချဉ်းဝင်ကြမည့်ကာလ၊ အသက်ချမ်းသာခွင့်ကို ကြော် ငြာကြရသည့်အတိုင်း၊ 11 ခံယူလိုကြောင်းတုံ့ပြန်၍၊ တံခါးဖွင့်ပေးကြလျှင်၊ မြို့သူမြို့သားအပေါင်းတို့သည် လမိုင်းအမှု ကို ထမ်းကြစေ။ 12-13 မခံယူဘဲခုခံကြလျှင်ကား၊ ဝန်းဝိုင်းသောသင်တို့လက်တွင်းသို့ သင်တို့ဘုရားသခင်ထာဝရ ဘုရားအပ်နှင်းတော်မူသော် ယောက်ျားဟူသမျှကို ဓားဖြင့်လုပ်ကြံလျက်၊ 14 မိန်းမ၊ သူငယ်၊ တိရစ္ဆာန်များမှစ၍၊ ဥစ္စာပစ္စည်းရှိသမျှကို လက်ရသိမ်းယူသဖြင့်၊ သင်တို့ဘုရား သခင်ထာဝရဘုရားအပ်နှင်းတော်မူသည့်အလျောက်၊ ရန်သူတို့ဥစ္စာပစ္စည်းများကို သုံးစားကြရမည်။ 15 သင်တို့နှင့်ဝေးကွာလျက် ဆိုအံ့သောလူမျိုးခြားတို့ မပိုင်ဆိုင်ရာမြို့ရွာများကို ထိုနည်းအတိုင်း ပြုကြလော့။ 16-18 သင်တို့ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသော၊ ဟိတ္တိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးခြားတို့ပိုင်ဆိုင်ရာမြို့ရွာများမှာမူ ချင်းတို့ဘုရားများအား ရွံရှာဖွယ်ဝတ်ပြုခြင်း အလိုက် သင်ကြား၍၊ သင်တို့ဘုရားသခင်ထာဝရဘုရားကို မပြစ်မှားအ့့ံသောငှါ၊ အမိန့်တော်အ တိုင်း မြေလှန်လျက်၊ ဇီဝသက်ရှိတစ်စုံတစ်ရာကိုမျှ အရှင်မထားကြလင့်။
19 မြို့တစ်မြို့ကို သိမ်းယူရန်ကြာမြင့်စွာ တိုက်ခိုက်ဝန်းဝိုင်းရကြလျှင်၊ အပင်များမှ အသီးကိုစား ခွင့်ရှိ၏။ ပုဆိန်ကိုမြှောက်ဝင်၍ မခုတ်မလှဲမဖျက်ဆီးကြရ။ ခြံရှိအပင်များသည် တိုက်ခိုက်ရသောရန် သူမဟုတ်ချေ။ 20 အသီးမသီးဟု သင်တို့သိသောအပင်မျိုးကိုကား ခုတ်လှဲဖျက်ဆီးသဖြင့် ခုခံသောမြို့ကိုရသည့် တိုင်အောင် ကတုတ်လုပ်ခွင့်ရှိကြ၏။