15
1-2 ခုနစ်နှစ်လျှင်တစ်ကြိမ်လည်း လွတ်ငြိမ်းခြင်းပြုကြရမည့်နည်းဟူမူကား၊ ထာဝရဘုရားကို ထောက်၍လွတ်ငြိမ်းစေဟု ကြော်ငြာပြီးသောကြောင့် မြီရှင်ဟူသမျှသည် အပေါင်းအေဖာ်ဆွေမျိုး သားချင်းတို့ထံ၊ ချေးငှါးရာကိုမတောင်းမယူဘဲ၊ လွတ်ငြိမ်းစေရမည်။ တစ်ပါးအမျိုးသားတို့ထံမှ တောင်းယူခွင့်ရှိသော်လည်း ဆွေမျိုးသားချင်းတို့အား ချေးလေသမျှ လွတ်ငြိမ်းစေရမည်။ 4-5 သို့ရာတွင်၊ သင်တို့ဘုရားသခင်ထာဝရဘုရား ဗျာဒိတ်တော်သံကို နာခံနာယူလျက်၊ ယနေ့ငါဆင့်ဆိုသမျှသော ဤပညတ်ကိုစောင့်ရှောက်လိုက်နာကြလျင်၊ ပိုင်စုအဖြစ် သင်တို့ဘုရား သခင်ထာဝရဘုရားပေးသနားတော်မူသောပြည်တွင် ကောင်းကြီးမင်္ဂလာပေးတော်မူမည်ဖြစ်၍၊ နွမ်းပါးသူရှိမည်မဟုတ်ချေ။ အသို့ဆိုသော်၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ကတိတော်အတိုင်းကောင်းကြီးမင်္ဂလာ ပေးတော်မူမည်ဖြစ်သောကြောင့်၊ သင်တို့သည် မြောက်မြားသောလူမျိုးခြားတို့ထံ ချေးယူခြင်းကင်း လျက်၊ ချေးငှားခြင်းကိုလည်းေကာင်း၊ အအုပ်အစိုးခံခြင်းကင်းလျက်၊ အုပ်စိုးခြင်းကိုလည်းေကာင်း၊ ပြုရကြလိမ့်မည်။
အကယ်၍သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်ရှိ မြို့ရွာများတွင်၊ ဆွေမျိုးသားချင်းနွမ်းပါးသူရှိခဲ့လျှင်၊ လက်မခက်ဘဲ ရက်စက်သောစိတ်ကင်းလျက်၊ ထိုနွမ်းပါးသူသားချင်းအား၊ အလိုဆန္ဒပြည့်ရန် လုံလောက်အောင်၊ လက်လွယ်စွာချေးငှါးရမည်။ လွတ်ငြိမ်းရာသတ္တမနှစ်ရောက်လုပြီဟူ၍ ယုတ်မာသောအကြံနှင့် ထိုနွမ်းပါးသူသားချင်းအား တွန့်တိုလျက် မပေးကမ်းဘဲနေသဖြင့် ထာဝရဘုရားထံ ထိုသူအော်ဟစ်ခြင်းကြောင့် ပြစ်ဒဏ်မသင့် ရန် သတိမူလော့။ 10 မစသည့်အတွက်၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည် လုပ်ဆောင်ပြုမူရာရာ၌၊ ကောင်းကြီးမင်္ဂလာပေးတော်မူမည်ကိုထောက်၍၊ တွန့်တိုသောစိတ်မရှိဘဲပေးကမ်းကြလော့။ 11 နေပြည်ရှိ ဆွေမျိုးသားချင်းဆင်းရဲနွမ်းပါးသူတို့အား လက်လွယ်ကြလော့ဟူ၍ ငါမိန့်မှာသည့် အကြောင်းကား၊ နွမ်းပါးသူတို့သည် နေပြည်အတွင်းပြတ်စဲမည်မဟုတ်သောကြောင့်တည်း။
12 ဆွေမျိုးသားချင်းဖြစ်သော ဟေဗြဲယောက်ျား၊ မိန်းမတစ်ဦးသည်၊ သင့်ထံကိုယ်ကိုရောင်းချ ရလျှင်၊ ခြောက်နှစ်စေစားပြီးမှ သတ္တမနှစ်တွင် လွတ်သွားခွင့်ပေးလော့။ 13 လွတ်သွားခွင့်ပေးသည့်ကာလ၊ လက်ချည်းမလွှတ်ဘဲ 14 သင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူသည်နှင့်အမျှ သိုးဆိတ်အုပ်၊ ကောက်နယ်တလင်း၊ ဖိနင်းရာစပျစ်ကျင်းများမှ လည်ဆွဲသဖွယ်ပေးကမ်းလျက်၊ 15 အိဂျစ်ပြည်တွင် ကျွန်ခံရသောသင်တို့ကို ကိုယ့်ဘုရားသခင်ထာဝရဘုရားရွေးနုတ်တော်မူခဲ့ ကြောင်း အောက်မေ့ကြလော့။ သို့နှင့်အညီ ယနေ့ဤမိန့်မှာချက်ကို ငါပေး၏။ 16 သို့ရာတွင် သင်၌ကောင်းစားသည့်အလျောက်၊ သင်မှစ၍ အိမ်သူအိမ်သားတို့ကို ချစ်ခင်သော ကျွန်က၊ ကျွန်တော်မထွက်လိုပါဟု ပြောဆိုလျှင်၊ 17 အိမ်တံခါးသို့ကပ်၍၊ စူးနှင့်ထုတ်ချင်းနားဖောက်ခံပြီးမှ၊ သင့်ထံအစဉ်ကျွန်ခံစေ။ ကျွန်မိန်းမ ကိုလည်း၊ အထက်နည်းအတိုင်းပြုရမည်။ 18 သူရင်းခတစ်ဝက်နှင့်ခြောက်နှစ်ပတ်လုံး အစေခံပြီးဖြစ်သောကြောင့် လွှတ်ရန်ခဲယဉ်းသည်ကို မအောက်မေ့ကြလင့်။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ပြုလေရာရာ၌ ကောင်းကြီးမင်္ဂလာ ပေးတော်မူလိမ့်မည်။
19 နွား၊ သိုး၊ ဆိတ်တို့တွင် အဦးဖွားသောအထီးဟူသမျှကို သင်တို့ဘုရားသခင်ထာဝရဘုရား အဖို့ သီးသန့်ထားရသည့်အလျောက် ထိုနွားကိုစေစားခြင်း၊ ထိုသိုးဆိတ်ကိုအမွေးညှပ်ခြင်းမပြုဘဲ၊ 20 အိမ်သူအိမ်သားတို့ပါ၊ သင်တို့ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာန၌၊ နှစ်စဉ်သုံး ဆောင်ကြလော့။ 21 ခြေ၊ မျက်စိ၊ အင်္ဂါချို့တဲ့ခြင်းမှစ၍ အချက်မလွတ်၊ ကြန်အင်ယွင်းမူ သင်တို့ဘုရားသခင်ထာဝရ ဘုရားထံမပူဇော်ရဘဲ၊ 22 သမင်ဒရယ်သားကို စားရသည့်နည်းတူ မသန့်သူ၊ သန့်သူတို့ပါ မြို့ရွာများအတွင်းသုံးဆောင် ခွင့်ရှိကြ၏။ 23 အသွေးကိုကား မသုံးဆောင်ရ။ ရေကဲ့သို့မြေတွင်သွန်ကြရမည်။