13
1-2 ပရောဖက်ဖြစ်သူသော်လည်းေကာင်း၊ အိပ်မက်ကိုမြင်သူသော်လည်းေကာင်း၊ သင်တို့ဘောင်တွင်ပေါ်ထွန်းရာ၊ သင်တို့မသိဘူးသောဘုရားများကိုရည်လျက်၊ အခြားဘုရားများနောက်သို့ လိုက်ေလျှာက်ဝတ်ပြုကြ ကုန်အံ့ဟူ၍၊ ပေးသောသက်သေနိမိတ်လက္ခဏာထင်ရှားသော်လည်း၊ ထိုပရောဖက်၊ ထိုမြင်မက်သူ့စကားကို မနာမယူကြရ။ အသို့ဆိုသော်၊ သင်တို့ဘုရားသခင်ထာဝရ ဘုရားသည် စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့၊ ကိုယ်တော်အားချစ်ကြည်မြတ်နိုးခြင်း ရှိ မရှိ သိအံ့သောငှာ၊ စုံစမ်းတော်မူသတည်း။ သင်တို့ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ လိုက်ေလျှာက်၍၊ ကိုယ်တော်ကိုခန့်ညားစွာ ဝတ်ပြုဆည်းကပ်လျက်၊ မိန့်မှာတော်မူချက်များကိုလည်း နာယူစောင့်ရှောက်ကြလော့။ ထိုပရောဖက်၊ ထိုမြင်မက်သူသည် သင်တို့လိုက်ေလျှာက်ရန် သင်တို့ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသောလမ်းမှဖယ်စေခြင်းငှါ၊ ကျွန်ခံနေရာအိဂျစ်ပြည်က ရွေးနုတ်ထုတ်ဆောင်တော်မူခဲ့ သော သင်တို့ဘုရားသခင်ထာဝရဘုရားနှင့် စပ်လျဉ်းသည့်ေဖာက်ပြန်ခြင်းစကားကို ထွက်ဆိုပြီဖြစ် သောကြောင့် သေဒဏ်ခံစေ။ သို့မှ၊ သင်တို့ဘောင်တွင်ရှိသော ဆိုးသွမ်းခြင်းကို ကျွမ်းလောင်ရာ ရောက်လိမ့်မည်။
6-7 တစ်မိသား ညီအစ်ကို၊ သား၊ သမီး၊ သိမ်းပိုက်သောမယား၊ အသက်ထပ်တူအဆွေတစ်စုံ တစ်ယောက်က၊ သင်တို့ပတ်ဝန်းကျင်ရှိ နီးစပ်သောလူမျိုး၊ မြေကြီးတစ်စွန်းမှတစ်စွန်းတိုင်အောင် ဝေးကွာသောလူမျိုးတို့ဘုရားများအနက်၊ ဘိုးဘေးတို့မှစ၍ သင့်ကိုယ်တိုင်မသိဘူးသော ဘုရား များကိုရည်လျက်၊ အခြားဘုရားများထံတိုးဝင်ဝတ်ပြုကြကုန်အံ့ဟု လျှို့တဝှက်တိုက်တွန်းလျှင်၊ မလိုက်လျော၊ မနာယူနှင့်။ မျက်စောင်းဖြင့်ညှာတာစာနာခြင်းကင်းလျက်၊ မဝှက်ထားဘဲ ကိုယ်တိုင်လက်ရောက်ပြုပြီးမှ တစ်မျိုးလုံးလက်ရောက်ပြုသဖြင့်၊ သေဒဏ်ခံစေ။ 10 ကျွန်ခံနေရာအိဂျစ်ပြည်က ထုတ်ဆောင်တော်မူခဲ့သော၊ သင်၏ဘုရားသခင်ထာဝရဘုရားထံမှ သွေးဆောင်ရန်ရှာကြံသောကြောင့်၊ ခဲပစ်သတ်ဒဏ်ခတ်လော့။ 11 ဣသရေလတစ်မျိုးလုံးလည်း ကြားသိကြောက်ရွံ့လျက် ထိုဆိုးသွမ်းမှုအလိုက် ပြုတော့မည် မဟုတ်ချေ။
12-13 သင်တို့မသိဘူးသောဘုရားများကို ရည်လျက်၊ အခြားဘုရားများထံ တိုးဝင်ဝတ်ပြုကြကုန် အံ့ဟူ၍ ဆိုကြသောတရားမဲ့သူတို့သည်၊ သင်တို့ဘောင်မှ ထွက်ခွာသဖြင့် ကိုယ့်မြို့သူမြို့သားတို့ကို သွေးဆောင်ကြပြီဟု နေထိုင်ရာအဖြစ်၊ သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူခဲ့ပြီး မြို့တစ်မြို့နှင့်စပ်လျဉ်းသောအကြောင်းသတင်းကိုကြားမိလျှင်၊ 14 ရှာဖွေမေးမြန်းစိစစ်သည့်အတိုင်း၊ သင်တို့ဘောင်တွင် ထိုရွံရှာဖွယ်အမှုပြုကျင့်ကြသည်ကို သေချာမှန်ကန်စွာတွေ့သော်၊ 15 ထိုမြို့ကိုမြေလှန်၍၊ ရှိနေသမျှသောမြို့သူမြို့သားတို့နှင့်တကွ တိရစ္ဆာန်များပါ ဓားေဘးသင့် စေပြီးနောက်၊ 16 ဥစ္စာပစ္စည်းဟူသမျှကိုလည်း မြို့လမ်းဆုံတွင်စုပုံ၍၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ မြို့ပါ အကုန်အစင်မီးတိုက်ကြလော့။ နောက်တစ်ဖန်မပြုစုရ၊ မြို့ဆိုးကုန်းအမြဲဖြစ်ရမည်။ 17-18 ယနေ့ငါဆင့်ဆိုသမျှသော သင်တို့ဘုရားသခင်ထာဝရဘုရား၏ပညတ်များကို နာယူစောင့် ရှောက်လျက်၊ မျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်ကြသည့်ကာလ သင်တို့အပေါ်၌ကရုဏာရှိ သဖြင့် သနား၌တိုးပွားစေမည်ဟု ဘိုးဘေးတို့အား သစ္စာဆိုတော်မူခဲ့သည့်အလျောက်၊ အမျက်တော် ရှိန်ကိုငြိမ်းစေတော်မူအံ့သောငှာ မြေလှန်ဖွယ်အရာမည်သည်ကိုမျှ လက်မလွှတ်ဘဲမနေကြလင့်။