10
ထိုအခါ၌ ထာဝရဘုရားက၊ အထက်ကျောက်နှစ်ပြားနှင့်အလားတူ၊ အခြားကျောက်နှစ်ပြားကို ဆစ်၍၊ သစ်သားဖြင့်သေတ္တာတော်ကိုလုပ်ပြီးလျှင်၊ ငါရှိရာတောင်ပေါ်သို့တက်ဦးလော့။ သင်ချိုးဖဲ့သောအထက်ကျောက်ပြား၌ ပါသည့်မူအတိုင်းငါရေးတင်ပြီးမှ၊ သေတ္တာတော်တွင် ထည့်လော့ဟု ငါ့အားမိန့်တော်မူသည်နှင့်အညီ၊ ရှားသားဖြင့်သေတ္တာတော်လုပ်၍၊ အထက်ကျောက်နှစ်ပြားနှင့်အလားတူ၊ အခြားကျောက်နှစ်ပြားဆစ်ပြီးလျှင်၊ ထိုကျောက်နှစ်ပြားကို ကိုင်ယူလျက်၊ တောင်ပေါ်သို့ငါတက်ပြန်သော်၊ သင်တို့စည်းဝေးကြသည့်နေ့ရက်တော်၌၊ တောင်ပေါ်တွင်မီးအလယ်မှထာဝရဘုရားမိန့်မြွက် တော်မူသောပညတ်တော်ဆယ်ပါးကို အထက်မူအတိုင်း အက္ခရာတင်၍အပ်ပေးတော်မူပြီးနောက်၊ ငါသည်တောင်ပေါ်ကလှည့်ဆင်း၍ ထာဝရဘုရားမိန့်မှာတော်မူသည်နှင့်အညီ၊ ထိုကျောက်နှစ်ပြားကို လုပ်ပြီးသောသေတ္တာတော်တွင် ထည့်လျက်အမြဲထားလေ၏။
ဣသရေလအမျိုးသားတို့သည် ဗင်္ယာကန်ရေတွင်းများမှ၊ မောသရုတ်စားခန်းသို့ ချီသွားကြ ပြီးသော်၊ ထိုအရပ်၌အာရုန်သေလွန်၍ သင်္ဂြိုဟ်ရသည့်ကာလ၊ သားဧလာဇာသည် အဘအရိုက်အရာ ပရောဟိတ်ရာထူးကို ဆက်ခံဆောင်ရွက်လေ၏။ ထိုစားခန်းမှ၊ ဂုဒ်ဂေါဒစားခန်းသို့လည်းေကာင်း၊ ဂုဒ်ဂေါဒစားခန်းမှ ချောင်းအသွယ်သွယ်ရှိသောယုပ္ဘါသ အရပ်သို့လည်းေကာင်း၊ ချီပြန်ကြသတည်း။
ထိုကာလ၌၊ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို ပင့်ဆောင်စေရန်လည်းေကာင်း၊ ရှေ့တော်၌ခစားလျက် ဝတ်ပြုစေရန်လည်းေကာင်း၊ နာမတော်ကိုအမှီပြု၍ ကောင်းကြီးမင်္ဂလာပေးစေရန်လည်းေကာင်း၊ လေဝိအနွယ်သားတို့ကို ယခုတိုင်အောင်၊ ထာဝရဘုရားသန့်ခြားတော်မူသည်နှင့်အညီ၊ လေဝိအနွယ်သားတို့သည် ဆွေမျိုးသားချင်းတို့ဘောင်တွင် အမွေဝေပုံစုကိုမရကြ။ သင်တို့ဘုရား သခင်ထာဝရဘုရားကတိတော်အတိုင်း ထိုအနွယ်၏အမွေကား ထာဝရဘုရားပင်တည်း။ 10 ငါသည်အထက်နည်းတူ၊ အရက်လေးဆယ်နေ့ညဉ့်ပတ်လုံး တောင်ပေါ်မှာနေရာ၊ ထိုကာလ၌ပင် ထာဝရဘုရားနားညောင်းလျက်၊ သင်တို့ကိုဖျက်ဆီးလိုတော်မမူသဖြင့်၊ 11 ပေးမည်ဟူ၍ ဘိုးဘေးတို့အား ငါသစ္စာဆိုခဲ့သောပြည်ကို ဤလူမျိုးဝင်ရောက်ပိုင်ယူစေခြင်းငှာ၊ ထ၍ဦးဆောင်ချီသွားလော့ဟု ငါ့အားမိန့်တော်မူ၏။
12-13 ယခုမှာ အိုဣသရေလလူမျိုး၊ သင်တို့ကောင်းစားအံ့သောငှါ၊ သင်တို့ဘုရားသခင်ထာဝရ ဘုရားကို ခန့်ညားလျက်၊ နည်းလမ်းတော်တိုင်း၌လိုက်ေလှျာက်ခြင်း၊ ကိုယ်တော်ကိုချစ်ကြည်မြတ်နိုး ခြင်း၊ စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့ဝတ်ပြုခြင်း၊ ယနေ့ငါဆင့်ဆိုသောမိန့်မှာထုံးဖွဲ့တော်မူချက် များကို စောင့်ရှောက်ခြင်းမှတစ်ပါး၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ မည်သို့အလိုရှိတော်မူသေး သနည်း။ 14 မြေကြီးနှင့်ရှိရှိသမျှမှစ၍ ဘဝဂ်အထိကောင်းကင်အထပ်ထပ်ကို၊ သင်တို့ဘုရားသခင်ထာဝရ ဘုရားပိုင်တော်မူလျက်ပင်၊ 15 ထာဝရဘုရားသည် သင်တို့ဘိုးဘေးများကို စွဲလမ်းမြတ်နိုးသည့်အလျောက်၊ အဆက်အနွယ် ဖြစ်သောသင်တို့ကို၊ လူမျိုးတကာထက်၊ ယခုဖြစ်သည့်အတိုင်း ရွေးချယ်တော်မူလေပြီ။ 16 သို့ဖြစ်၍၊ စိတ်ခဲယဉ်းမြဲမခဲယဉ်းဘဲ၊ နှလုံး၌လှီးဖြတ်ခြင်းမင်္ဂလာကိုပြုကြလော့။ 17 သင်တို့ဘုရားသခင်ထာဝရဘုရားသည် ဘုရားထက်ဘုရား၊ အရှင်ထက်အရှင်၊ တန်ခိုးကြီးလျက် ကြောက်မက်ဖွယ်ရာမဟာဘုရားဖြစ်တော်မူသည့်အလျောက် 18 မျက်နှာကြီးငယ်မထောက်၊ တံစိုးမစား။ ဖသက်ဆိုးနှင့်မုဆိုးမတို့အမှုကို တရားသဖြင့် စီရင်သည့်ပြင်၊ ဝင်နေသူတို့အားလည်း မြတ်နိုး၍၊ အစားအသောက်အဝတ်များကို ပေးသနားတော် မူသောဘုရားဖြစ်တော်မူ၏။ 19 ထိုကြောင့်၊ အိဂျစ်ပြည်တွင် ဝင်နေသူအဖြစ် နေဘူးသောသင်တို့လည်း ဝင်နေသူတို့ကိုချစ်ခင် လျက်၊ 20 သင်တို့ဘုရားသခင်ထာဝရဘုရားအား ခန့်ညားစွာဝတ်ပြုဆည်းကပ်၍၊ နာမတော်ကိုသာတိုင် တည်လျက် သစ္စာဆိုကြရမည်။ 21 ကိုယ်တော်သည် သင်တို့ဒိဋ္ဌမြင်ရသောကြောက်မက်ဖွယ်ဤတန်ခိုးများကို ပြုစုတော်မူခဲ့သည့် အလျောက်၊ ချီးမွမ်းထိုက်ချီးမွမ်းရာ သင်တို့ဘုရားသခင်ဖြစ်တော်မူ၏။ 22 သင်တို့ဘိုးဘေးများသည် လူပေါင်းခုနစ်ဆယ်သာ အိဂျစ်ပြည်သို့ဆင်းသွားကြသော်လည်း ယခုမှာမူ၊ ကောင်းကင်ကြယ်လုံးနှင့်အမျှ၊ သင်တို့ဘုရားသခင်ထာဝရဘုရားများပြားစေတော်မူပြီ။