12
ထိုကာလ၌၊ သင့်အမျိုးသားတို့ကို စောင့်ကြည့်သောမင်းမြတ်မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးဖြစ်ကတည်းက ထိုကာလတိုင်အောင်၊ မဖြစ်စေဘူးသော ဆင်းရဲ ဒုက္ခသည် ရောက်လတံ့။ ထိုအခါစာရင်းတော်တွင် အမည်ပါဝင်သမျှသော၊ သင်၏အမျိုးသားတို့သည် လွတ်မြောက်ကြလိမ့်မည်။ ။ မြေမုန့်၌ အိပ်ပျော်သူအများတို့လည်း။ နိုးထပြီးလျှင်။ အချို့တို့ကား၊ ထာဝရအသက် ရှင်ခြင်းအဖြစ်သို့၎င်း၊ အချို့တို့ကား၊ ထာဝရကဲ့ရဲ့ရွံရှာဘွယ်အဖြစ်သို့၎င်း၊ ရောက် ကြလိမ့်မည်။ ။ သတိပညာရှိသူတို့သည် မိုဃ်းပိတာန်၏အရောင်ကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ရာရောက်စေသူတို့လည်း၊ ကြယ်နက္ခတ်များကဲ့သို့၎င်း၊ ကာလအစဉ်ထွန်းလင်း ကြလိမ့်မည်။ ။ သင်ဒံယေလမူကား။ အန္တိမကာလတိုင်အောင်။ ထိုဗျာဒိတ်တော်ကို သိုထားလျက်။ စာစောင်ကိုလည်း တံဆိပ်ခတ်ပိတ်လော့။ လူအများတို့သည် ရှောက်လိုက်သဖြင့်၊ ပညာတိုးပွားလိမ့်မည်ဟု မြွက်ဆို၏။ ။ ထို့နောက် ငါဒံယေလသည် ကြည့်ရှုပြန်လျှင်။ အခြားသော သူနှစ်ပါးတို့သည်၊ မြစ်ကမ်းတဘက်တချက်၌ရပ်နေကြလျက်။ တပါးက၊ အံ့ဘွယ်မှုများ၏ အန္တိမသည်။ မည်မျှကြလိမ့်မည်နည်းဟု၊ ပိတ်ချောတည်ဆင်ယင်လျက်၊ မြစ်ရေပေါ်တွင် ရှိသောသူကိုမေးမြန်းရာ။ ပိတ်ချောထည်ဆင်ယင်လျက်၊ မြစ်ရေပေါ်တွင်ရှိသောသူက။ တကာလ၊ ကာလများ၊ ကာလဝက်ပတ်လုံးကြာလိမ့်မည်။ သန့်ရှင်းသောလူမျိုး၏လက်ရုံးရည်ကို အစိတ် စိတ်ခွဲပြီးမှ။ ထိုအမှုအရာအလုံးစုံပြီးစီးလိမ့်မည်ဟု၊ လက်ျာ၊ လက်ဝဲလက်ကိုကောင်းကင်သို့မြှောက်လျက်။ ကာလအစဉ်အသက်ရှင်တော်မူသော ဘုရားကိုတိုင်တည်၍၊ သစ္စာဆို သည်ကို ငါကြား၏။ ။ ကြားရလျက်နားမလည်သောကြောင့်ငါက၊ ထိုအရာများ၏ အဆုံးစွန်ကား။ မည်သို့ဖြစ်ပါသနည်းဟု မေးလျှောက်ရာ။ ထိုသူက၊ ဒံယေလသွားလော့။ ထိုဗျာဒိတ်တော်ကို၊ အန္တိမကာလတိုင်အောင်သိုထား၍ တံဆိပ်ခတ်ပိတ်လေပြီ။ ။ 10 လူများတို့လည်း။ စင်ကြယ်ဖြူဆွတ်ရအောင်။ စစ်ဆေးခြင်းကိုခံရကြလိမ့်မည်။ လူဆိုးတို့သည်။ အဆိုးပြုမြဲပြု၍ တယောက်မျှနားမလည်ရာ။ သတိပညာရှိသူတို့မူကား။ နားလည်ကြလိမ့်မည်။ ။ 11 ဆက်မြဲပူဇော်သက္ကာကိုပယ်ဖြတ်၍။ ဆိတ်ညံရာဖြစ်စေသောရွံရှာဖွယ်ကို တည်ထားကတည်းက၊ ရက်ပေါင်းတထောင့်နှစ်ရာ့ကိုးဆယ်ကြာလိမ့်မည်။ ။ 12 ရက်ပေါင်းတထောင့်သုံးရာ့ဆုံးဆယ့်ငါးရက်တိုင်မှီအောင် မြော်လင့်သောသူသည် မင်္ဂလာရှိ၏။ ။ 13 သင်မူကား၊ အဆုံးတိုင်အောင် သွားလော့။ ငြိမ်ဝပ်စွာနေပြီးမှ အန္တိမနေ့ရက်ကာလ၌ ကိုယ်၏ ရိုက်ရာကိုခံ၍၊ ရပ်ရလိမ့်မည်ဟု မြွက်ဆိုလေ၏။