11
ငါမူကား မေဒိလူမျိုး ဒါရိမင်းနန်းစံပထမနှစ်တွင် ၎င်းမိက္ခေလကိုအားပေး၍ ခိုင်ခံ့စေခြင်းငှာတည်နေလေပြီ။
ယခုမှာ မှန်သောအရာကိုငါဖော်ပြဦးအံ့။ ပေရသိပြည်တွင် ဘုရင်သုံးဆက်ပေါ်ထွန်းလတ္တံ့။ ၎င်းရှိသမျှတို့ထက် စတုတ္ထဘုရင်သည်ကြွယ်ဝလိမ့်မည်။ ထိုသို့ကြွယ်ဝသဖြင့် တန်ခိုးကြီးသောအခါ ဂရိတ်နိုင်ငံတစ်ဘက်၌ ပြည်သူပြည်သားအပေါင်းတို့ကိုထကြွစေပြီးလျှင်၊ စွမ်းအားရှိသော ဘုရင်တစ်ပါးပေါ်ထွန်းလျက် တိုင်းနိုင်ငံကြီးကိုအုပ်ချုပ်၍ အလိုအတိုင်းပြုလိမ့်မည်။ ထိုမင်းပေါ်လျှင်ပေါ်ချင်းနိုင်ငံကျိုးပဲ့၍ အုပ်ချုပ်သောတိုင်းနိုင်ငံနှင့်မတူ၊ သူ့အမျိုးအနွယ်တို့အားလည်းမဟုတ်၊ အရပ်လေးမျက်နှာတိုင်အောင်ကွဲလွင့်ရာ၊ ထိုနိုင်ငံကိုနုတ်ပစ်လျက် သူတစ်ထူးတို့အားပေးဝေကြလိမ့်မည်။ ထိုနောက် တောင်ပြည်ဘုရင်တန်ခိုးကြီးလိမ့်မည်ဖြစ်သော်လည်း၊ သူ၏အမတ်တစ်ပါးသည် သာ၍တန်ခိုးထူးကဲလျက်အုပ်ချုပ်ရပြီးလျှင် ၎င်းတိုင်းနိုင်ငံကြီးကျယ် လိမ့်မည်။ နှစ်ကာလလွန်သောအခါ ထိုမင်းတို့သည်မဟာမိတ်ဖွဲ့ကြ၍ ကြေအေးစေခြင်းငှာ တောင်ဘုရင့်သမီးသည် မြောက်ပြည်ဘုရင့်ထံဝင်ရောက်ရသော်လည်း ထိုမင်းသမီး၏လက်ရုံးတန်ခိုးသည် ညံ့လိမ့်မည်။ ၎င်းဘုရင်နှင့်တကွ လက်ရုံးရည်လည်းမတည်ရ။ ထိုအခါ မင်းသမီးမှစ၍ မွေးဖခင်ဆောင်နှင်းသူတို့နှင့်အားပေးသူတို့ပါ ပို့အပ်ခံရကြလိမ့်မည်။ ထိုမင်းသမီး၏ အမျိုးအနွယ်မှပေါက်သောအညွန့်သည် ခမည်းတော့်အရိုက်အရာကိုဆက်ခံပြီးလျှင် မြောက်ဘုရင်ဗိုလ်ခြေတစ်ဘက်တက်လာလျက် ခိုမှီးရာခံတပ်ကိုဖောက်ထွင်းလုပ်ကြံသဖြင့် အောင်မြင်၍၊ ၎င်းတို့၏ဘုရားများ၊ ရုပ်ပွားဆင်းတုများ၊ နှစ်သက်ဖွယ်ရွှေ၊ ငွေ၊ အသုံးအဆောင်များကို အိဂျစ်ပြည်သို့သိမ်းသွားလိမ့်မည်။ နှစ်ကာလအတန်ကြာ မြောက်ဘုရင်နှင့်ဆန့်ကျင်ဘက်ပြု၍၊ ထိုမြောက်ဘုရင်သည် တောင်ဘုရင်၏နိုင်ငံသို့တက်လာသော်လည်း ကိုယ့်ပြည်သို့ပြန်သွားရလိမ့်မည်။ 10 သားတော်တို့လည်းစစ်တိုက်၍ များစွာသောဗိုလ်ခြေအလုံးအရင်းကို စုရုံးကြပြီးလျှင် လွှမ်းမိုးစွာချီသွားလျက် ပြန်ဆုတ်ရာတွင် ခိုမှီးရာခံတပ်တိုင်အောင် စစ်တိုက်ကြလိမ့်မည်။ 11 တောင်ဘုရင်သည်မျက်မာန်ထသဖြင့် မြောက်ဘုရင်ကိုဆီးကြိုတိုက်ခိုက်ရာ ၎င်းဘုရင်သည် များစွာသောအလုံးအရင်းကို စီစဉ်သော်လည်း ထိုအလုံးအရင်းသည် ရန်ဘက်မင်းလက်သို့ရောက်လိမ့်မည်။ 12 ဆိုခဲ့သည့်အလုံးအရင်းကို စီစဉ်သောအခါ၌ပင် တောင်ဘုရင်လည်းစိတ်ရဲရင့်သဖြင့် လူအထောင်အသောင်းကိုဖြိုလှဲသော်လည်း အနိုင်မရရာ။ 13 မြောက်ဘုရင်လည်းပြန်ဆုတ်ပြီးလျှင် ယမန်ထက်များစွာသောအလုံးအရင်းကိုစီစဉ်ပြန်လျက် နှစ်ကာလလွန်လျှင် ဗိုလ်ခြေရိက္ခာများစွာနှင့် တကွတက်လာကြလိမ့်မည်။ 14 ထိုကာလ၌ တောင်ဘုရင်ကိုရန်ဘက်ပြုမည့်သူတို့သည်များပြားလျက် သင်၏လူမျိုးအနက် သောင်းကျန်းတတ်သူတို့လည်း ရူပါရုံကိုအတည်ပြုခြင်းငှာထကြွသဖြင့် ပျက်စီးပြိုလဲကြလိမ့်မည်။ 15 မြောက်ဘုရင်သည်ချီလာ၍ ကတုတ်တည်လုပ်ပြီးလျှင် ခိုင်ခ့ံသောမြို့ကိုအောင်မြင်လိမ့်မည်။ တောင်ပြည်၏လက်ရုံးသည် မခံမရပ်နိုင်။ ရွေးချယ်သောလူတို့၌ပင် ခံရပ်နိုင်သောတန်ခိုးမရှိ။​ 16 လိုက်လာသောဘုရင်လည်း အလိုအတိုင်းပြု၍ ရှေ့တွင်မည်သူမျှမခံမရပ်နိုင်။ ရတနာပြည်တွင်စံနေလျက် သူ့လက်တွင်း၌ ကုန်ဆုံးစေခွင့်ရှိလိမ့်မည်။ 17 ထိုဘုရင်သည် ကြေအေးစေမည့်အကြံနှင့် ကိုယ်၏စွမ်းအင်ရှိသမျှပါလာလျက် သတို့သမီးကိုဆောင်နှင်းလတ္တံ့သော်လည်း ၎င်းသမီးပျက်စီးရသဖြင့် မတည်နိုင်။ အကျိုးလည်းမဖြစ်ရာ။ 18 နောက်ကျွန်းစုသို့လှည့်၍ ကျွန်းအများကိုအောင်မြင်သော်လည်း ဗိုလ်မင်းတစ်ပါးသည်ထိုသို့သောကဲ့ရဲ့ခံရခြင်းအကြောင်းကို ပြတ်စဲစေသည့်ပြင် ၎င်းကဲ့ရဲ့ခံရခြင်းကို လက်စားချေလိမ့်မည်။ 19 ထိုဘုရင်လည်း နေရင်းပြည်ရှိခံတပ်များသို့လှည့်ပြန်လျှင် တိုက်မိ၍လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။ 20 ထိုမင်းအရိုက်အရာ၌ တိုင်းနိုင်ငံ၏စည်ပင်ရာတွင် အခွန်တော်ခံကိုေလျှာက်သွားစေမည့်မင်းတစ်ပါးသည်ပေါ်လာ၍ မကြာမီအမျက်ထွက်ခြင်း၊ စစ်တိုက်ခြင်းကင်းလျက် ကျိုးပဲ့ပျက်စီးလိမ့်မည်။ 21 ထိုဘုရင့်အရိုက်အရာ၌လည်းယုတ်မာသူ၊ နိုင်ငံ၏ဘုန်းကြက်သရေကို မဆက်မခံအပ်သောသူသည် ဘေးမမျှော်သောအချိန်၌ပေါ်လာသည်နှင့် လျှို့ဝှက်မြှောက်ပင့်၍ နိုင်ငံကိုသိမ်းယူလိမ့်မည်။ 22 လွှမ်းမိုးသောလက်ရုံးဖြင့် ပြည်သူပြည်သားတို့သည် ပဋိညာဉ်ခံမင်းပါ၊ သူ့ရှေ့တွင် ရှောင်တခင်နစ်မြုပ်ပျက်စီးကြလိမ့်မည်။ 23 ပဋိညာဉ်ဖွဲ့ပြီးမှ ထိုဘုရင်သည်လိမ်လည်စွာပြုသဖြင့် ချီတက်၍ လူအနည်းငယ်ပါသော်လည်း တန်ခိုးကြီးလိမ့်မည်။ 24 ဘေးမမျှေော်သောအချိန်၌ပင် မြေဩဇာကောင်းသောပြည်နယ်များသို့ဝင်လာပြီးလျှင် လုယက်ရသောဥစ္စာပစ္စည်းများကိုဖြုန်းတီးသဖြင့် ဘိုးဘေးတို့မပြုဘူးသောအမှုကိုပြုလျက် ရဲတိုက်များကိုရခြင်းငှာ အတန်ကြာကြံစည်ရလိမ့်မည်။ 25 ကြီးစွာသောဗိုလ်ခြေနှင့်တကွ တောင်ဘုရင့်တစ်ဘက်အစွမ်းသတ္တိ၊ စိတ်သတ္တိတို့ကိုနှိုးဆော်လျက် တောင်ဘုရင်သည် အလွန်ကြီးကျယ်များပြားသော ဗိုလ်ခြေနှင့်တကွ စစ်မက်ခင်းကျင်းတိုက်ခိုက်သော်လည်း အတွင်းမီးပရိယာယ်များကြောင့်မခံမရပ်နိုင်။ 26 ထိုဘုရင်၏ ထမင်းကိုစားရသောသူတို့ပင် ဖျက်ဆီးချိုးဖဲ့သည်နှင့် ဗိုလ်ခြေလည်းနစ်မြုပ်၍များစွာသေရလျက် ပြိုလဲကြလိမ့်မည်။ 27 ထိုဘုရင်နှစ်ပါးတို့ကား အဆိုးကိုကြံစည်လျက် ပွဲတော်တည်ကြစဉ်တွင် မုသာသုံး၍ကြံစည်သော်လည်း အထမမြောက်ရာ၊ ချိန်းချက်တော်မူသောကာလ၌ပင် ကုန်ဆုံးလိမ့်မည်။ 28 တစ်ဖန်မြောက်ဘုရင်သည် များစွာသောဥစ္စာပစ္စည်းနှင့်တကွ နေရင်းပြည်သို့ပြန်သွားလျက် သန့်ရှင်းသောပဋိညာဉ်တရားတော်ကို နှလုံးနာသည့်အတိုင်းပြုပြီးမှ ထိုပြည်သို့ပြန်ရောက်လိမ့်မည်။ 29 ချိန်းချက်တော်မူသောကာလ၌လည်း တောင်ပြည်သို့တစ်ဖန်ပြန်လိမ့်မည်။ သို့ရာတွင် ယမန်အတိုင်းနောက်ဖြစ်မည်မဟုတ်ဘဲ၊ 30 ခိတ္တိမ်စစ်သင်္ဘောများသည် တိုက်လာလတ္တံ့သောကြောင့် စိတ်ပျက်လျက်ပြန်ဆုတ်စဉ် သန့်ရှင်းသောပဋိညာဥ်တော်ကို အမျက်ထွက်သည့်အတိုင်းပြုပြီးမှ ပြန်ဆုတ်ရာတွင် သန့်ရှင်းသောပဋိညာဉ်တော်ကိုစွန့်ပယ်သူတို့အား အမှုထားလိမ့်မည်။ 31 ထိုမင်းလည်း 11.31  ပါဠိ - လက်ရုံးဗိုလ်ထုကိုစီစဉ်သဖြင့် ခံတပ်ဖြစ်သောသန့်ရှင်းရာဌာနတော်ကိုရှုတ်ချလျက် ဆက်မြဲပူဇော်သက္ကာကိုပယ်ဖြတ်ကြသည့်ပြင် ဆိတ်ညံရာဖြစ်စေသော ရွံရှာဖွယ်ကိုတည်ထားကြလိမ့်မည်။ 32 ပဋိညာဉ်တရားအားပြစ်မှားသူတို့ကို လျှို့ဝှက်မြှောက်ပင့်၍ မိစ္ဆာဒိဋ္ဌိဖြစ်စေသော်လည်း ကိုယ့်ဘုရားသခင်ကိုသိကျွမ်းသူတို့ကား ရဲရင့်စွာပြုလုပ်ကြလိမ့်မည်။ 33 ပြည်သူပြည်သားတို့အနက် သတိပညာရှိသူတို့သည် လူအများတို့ကိုသွန်သင်ကြလျက် ဓားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်းများကို ခံ၍ အတန်ကြာပြိုလဲကြလိမ့်မည်။ 34 ပြိုလဲကြသောအခါ မစသူအနည်းငယ်ရှိသဖြင့် လူအများတို့မူကား လျှို့ဝှက်မြှောက်ပင့်၍အတူပါကြလိမ့်မည်။ 35 အန္တိမကာလတိုင်အောင် စစ်ဆေးစင်ကြယ်ဖြူဆွတ်ကြစေခြင်းအလို့ငှာ သတိပညာရှိသူတို့အနက် အချို့တို့သည်ပြိုလဲကြလိမ့်မည်။ ချိန်းချက်သောကာလ၌ပင် ကျလိမ့်မည်။ 36 ထိုဘုရင်လည်း အလိုအတိုင်းပြု၍ ဘုရားတကာတို့ထက်ကိုယ်ကိုချီးမြှင့်ဂုဏ်တင်ပြီးလျှင် ဘုရားထက်ဘုရားကို အထူးသဖြင့်ပြစ်မှားပြောဆိုလျက် အမျက်တော်အဆုံးသတ်မည့်ကာလတိုင်အောင် အကြံထမြောက်လိမ့်မည်။ ပြဋ္ဌာန်းတော်မူသမျှအတိုင်း အတည်ပြုရလိမ့်မည်။ 37 ထိုဘုရင်လည်း ဘိုးဘေးတို့ဘုရားများကိုလည်းကောင်း၊ မိန်းမတို့အားချစ်ခြင်းကိုလည်းကောင်း၊ မည်သည့်ဘုရားကိုလည်းကောင်းအမှုမထားဘဲ ရှိသမျှတို့ထက်ကိုယ်ကိုချီးမြှင့်လိမ့်မည်။ 38 ၎င်းတို့အရာ၌လည်း ခံတပ်ဘုရားကိုရိုသေလေးမြတ်၍ ဘိုးဘေးတို့မသိသောဘုရားအား ရွှေ၊ ငွေ၊ ကျောက်မျက်၊ ထိုက်ထန်သောပစ္စည်းများကို ပူဇော်လိမ့်မည်။ 39 ထူးခြားသောဘုရားကိုအမှီပြု၍ ခိုင်ခံ့သောမြို့များကိုတိုက်ဖြိုလျက် ကျွန်တော်မျိုးခံသူတို့အား ဂုဏ်အသရေတိုးပွားစေသဖြင့် လူများအပေါ်တွင်အုပ်ချုပ်စေလျက် ဆုလပ်အဖြစ်ဖြင့်မြေကိုဝေဖန်လိမ့်မည်။ 40 အန္တိမကာလ၌ တောင်ဘုရင်သည် ထိုမင်းကိုတွန်းလှန်လျက် မြောက်ဘုရင်လည်း စစ်ရထား၊ မြင်းစီးသူရဲ၊ စစ်သင်္ဘောအများနှင့်တကွ လေပြင်းကဲ့သို့တိုက်လာ၍ ပြည်ထဲသို့ဝင်ပြီးလျှင် လွှမ်းမိုးစွာချီသွားလိမ့်မည်။ 41 ရတနာပြည်ထဲသို့ဝင်ပြီးလျှင် ပြည်များစွာကိုမှောက်လှန်သော်လည်း ဧဒုံပြည်၊ မောဘပြည်နှင့်တကွ၊ အမ္မုန်အမျိုးသားအနက်အထွဋ်အမြတ်ဖြစ်သူတို့သည် သူ့လက်မှလွှတ်မြောက်ကြလိမ့်မည်။ 42 တိုင်းပြည်များအပေါ်တွင် လက်ရုံးဆန့်တန်းသည့်ပြင် အိဂျစ်ပြည်လည်းမလွတ်ရ။ 43 အိဂျစ်ပြည်ရှိ ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ ထိုက်တန်သောပစ္စည်းရှိသမျှကိုအပိုင်ရလျက် လိဗုပြည်သားနှင့်ကုရှပြည်သားတို့သည် ခြေရာ၌လိုက်ကြလိမ့်မည်။ 44 သို့ရာတွင် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှသတင်းကိုကြားရ၍ ထိတ်လန့်၍ကြောက်ရွံ့သဖြင့် လူအများတို့ကိုသုတ်သင်ပယ်ရှားခြင်းငှာ ကြီးစွာသောဒေါသနှင့်ချီထွက်ရာ၊ 45 မဟာသမုဒ္ဒရာနှင့် သန့်ရှင်းသောရတနာတောင်စပ်ကြားတွင်တဲတော်ကိုစိုက်ပြီးလျှင် မစနိုင်သူမရှိဘဲ ဆုံးရှုံးရာရောက်လိမ့်မည်။