4
1 အရှင်ဖြစ်သူတို့ သင်တို့အပေါ်တွင်လည်း ကောင်းကင်ဘုံ၌ အရှင်ရှိတော်မူကြောင်းသိကြသည့်အလျောက်ကိုယ့်ကျွန်များအား သမာသမရာ ဖြစ်စေကြလော့။
2 အမြဲ ပဌနာပြု၍ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်နေကြလော့။
3-4 ခရစ်တော်၏နက်နဲရာကြောင့် အကျဉ်းခံရသောငါသည် ကြားပြောသင့်သည်နှင့်အညီ ၊ ဖော်ပြရန် ဓမ္မတံခါးကို ဘုရားသခင်ဖွင့်ထားတော်မူပါမည့်အကြောင်းငါတို့ အဘို့လည်း ပဌနာပြုကြလော့။
5 အခါအခွင့်ကို ဝယ်ယူလျက် သာသနာပတို့ရှေ့ လိမ္မာစွာ ကျင့်ကြံပြုမူကြလော့။
6 အသီးအသီးတို့အား မည်သို့ဖြေဆိုသင့်ကြောင်း သိစေခြင်းငှာယဉ်ကျေးသောစကား ကို သင်တို့အပြောအဆိုတွင် ဆားသဖွယ် ခတ်ကြလော့။
7 ချစ်လှစွာသောညီအစ်ကို၊ အရှင်ဘုရား၌ သစ္စာစောင့်သော အမှုတော်ဆောင် ကျွန်ချင်းဖြစ်သူ တုခိတ်သည် ငါ့အဖြစ်အပျက်ရှိသမျှကို ကြားပြောလိမ့်မည်။
8 ငါတို့ အဖြစ်အနေကို သိသဖြင့် သင်တို့စိတ် နှစ်သိမ့်စေအံ့သောငှာ
9 ထိုသူနှင့်တကွသင်တို့အပါအဝင် သစ္စာစောင့်သူ ချစ်လှစွာသော ညီအစ်ကိုသြနေသိမ်ကိုလည်း ငါစေလွှတ်ပြီ။ ၎င်း တို့သည်ဤဒေသ၌ ဖြစ်ပျက်သမျှကို ကြားပြောကြလိမ့်မည်။
10 ငါနှင့်အတူအကျဉ်းခံရသူ အာရိတ္တာခု၊ ယုတ္တုခေါ် ယေရှုပါ ရောက်လာလျှင် လက်ခံကြလော့ဟု ငါမှာဘူးသော ဗာနဗ၏ ညီတော်သူ မာကုတို့က သင်တို့ကိုနှုတ်ဆက်လိုက်ကြ၏။
11 လှီးဖြတ်ခြင်း မင်္ဂလာခံပြီးသူတို့အနက် ထိုသူတို့သာလျှင် ဘုရားသခင့်နိုင်ငံတော်အလို့ငှာငါ့လုပ်ဖော်ဆောင်ဖက် ငါ့ကိုနှစ်သိမ့်စေသူများ ဖြစ်ကြ၏။
12 သင်တို့အပါအဝင် ခရစ်တော်၏ကျွန်ဧပဖြကသင်တို့သည်ဘုရားသခင်အလိုတော်ရှိသမျှ၌ စုံလင်၍ စိတ်ချစွာ တည်နေကြစေခြင်းငှာအစဉ် လုံ့လနှင့် ပဌနာပြုလျက် နှုတ်ဆက်လိုက်၏။
13 ထိုသူသည် သင်တို့နှင့် လောဒိကိမြို့၊ ဟေရပေလိမြို့များ၌ ရှိနေသူတို့အတွက် များစွာပင်ပန်းခံကြောင်း ငါသက်သေခံ၏။
14 ချစ်လှစွာသော ဆေးသမားလုကာနှင့် ဒေမတို့လည်း နှုတ်ဆက်လိုက်ကြ၏။
15 နုမ်ဖမှစ၍သူ့အိမ်ရှိ အသင်းတော်ပါ လောဒိကိမြို့နေ ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။
16 ဤစာကို သင်တို့ဖတ်ပြီးနောက်လောဒိကိ အသင်းတော်ဖတ်စေကြလော့။ ထိုအသင်းတော်တဆင့် ပို့လိုက်မည့် စာကိုလည်း သင်တို့နှင့် ဖတ်ကြလော့။
17 အရှင်ဘုရားရှေ့ ခံရသောအမှုတော်ကိုဂရုပြု ဆောင်ရွက်ရန် အာခိပ္ပုအား ကြားပြောကြလော့။
18 ငါပေါလုသည် နှုတ်ဆက်စကားကို ကိုယ်တိုင်ရေးလိုက်၏။ ငါအကျဉ်းခံရခြင်းကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့်အတူတည်ရှိစေသတည်း။