9
1-2 သင်တို့စေတနာကိုငါသိသည့်အတိုင်း ယမန်နှစ်ကပင် အခါယအသင်းတော်အသင့်ရှိနေကြောင်းကို မာကေဒေါနိအသင်းတော်အား ငါဂုဏ်တင်သည့်အလျောက် သင်တို့စေတနာထက်သန်ခြင်းကြောင့် အများတို့အားကျသောစိတ်ရှိသည်ဖြစ်၍ သီးသန့်ထားတော်မူသူတို့အား ထောက်ပံ့မှုအကြောင်း သင်တို့ထံရေးလိုက်သော်ပိုမို၏။ သို့ရာတွင် ဤအမှုနှင့်စပ်၍ သင်တို့ကိုငါတို့ဂုဏ်တင်ချက် အချည်းအနှီးဖြစ်မည်စိုးသောကြောင့် ငါပြောနှင့်သည်အတိုင်း သင်တို့အသင့်ရှိနေကြစေရန် ထိုညီအစ်ကိုတို့ကို ငါလွှတ်လိုက်၏။ အကယ်၍ ငါနှင့်အတူ မာကေဒေါနိအသင်းတော်သားတို့လိုက်လာလျက် သင်တို့အသင့်မရှိကြောင်းတွေ့မြင်လျှင် သင်တို့ကိုမဆိုနှင့်ဦး။ ငါတို့ပင်ထိုသို့ယုံကြည်အားကိုးမိသောကြောင့် ရှက်ရလိမ့်မည်။ သို့ဖြစ်၍ တွန့်တိုခြင်းကင်းလျက် စေတနာအလျောက်အလှူအဖြစ်အသင့်ရှိစေရန် ဆိုခဲ့သော ညီအစ်ကိုတို့ကို သင်တို့ထံတင်ရင်သွားစေပြီးလျှင် ဂတိထားပြီးအလှူငွေကိုပြင်ဆင်နှင့်ကြမည့်အကြောင်း နှိုးဆော်သင့်သည်ဟု ငါသဘောရှိ၏။
သို့ရာတွင် စေးနည်းစွာစိုက်ပျိုးသူသည် စေးနည်းစွာရိတ်သိမ်းခွင့်၊ ရက်ရောစွာစိုက်ပျိုးသူသည် ရက်ရောစွာရိတ်သိမ်းခွင့်ရလိမ့်မည်။ အသီးအသီးတို့သည် ပူပန်စွာ၊ မလွှဲသာစွာမဟုတ်။ စိတ်ပြဋ္ဌာန်းပြီးသည့်အတိုင်းလှူစေ၊ ဘုရားသခင်သည် ရွှင်လန်းစွာပေးကမ်းသူ့ကို နှစ်သက်တော်မူ၏။ 8-9 သူသည်စွန့်ကြဲပြီ၊ နွမ်းပါးသူတို့အားပေးကမ်းပြီ၊ သူ့ဖြောင့်မတ်ခြင်းသည် ကာလအစဉ်တည်၏ဟူသော ကျမ်းချက်အရ သင်တို့သည် အခါခပ်သိမ်းစည်းစိမ်ချမ်းသာလုံလောက်သဖြင့် ကောင်းမှုအမျိုးမျိုးကို ပြုရစေခြင်းငှာ ဆုကျေးဇူးအမျိုးမျိုးနှင့် ဘုရားသခင်ကြွယ်ဝစေတော်မူနိုင်၏။ 10 ကြဲလိုသူ့အား မျိုစေ့နှင့်စားနပ်ရိက္ခာကို မစသနားတော်မူသောအရှင်သည် သင်တို့စိုက်ပျိုးရန်မျိုးစေ့ကို များပြားစွာပေးသနားလျက် သင်တို့ဖြောင့်မတ်ခြင်းအသီးကိုလည်း တိုးပွားစေတော်မူမည့်အလျောက်၊ 11 စည်းစိမ်ချမ်းသာအမျိုးမျိုးရှိသောသင်တို့သည် ဒါနအမျိုးမျိုးကိုလှူကြသဖြင့် ငါတို့ဆောင်ရွက်မှုကြောင့် ဘုရားသခင့်ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြစ်ထွန်းလိမ့်မည်။ 12 အသို့ဆိုသော် ထိုအလှူတော်ထောက်ပံ့မှုကြောင့် သီးသန့်ထားတော်မူသူတို့အလိုပြည့်သည့်ပြင် ဘုရားသခင့်ကျေးဇူးတော်ကို လူအမြောက်အြမားတို့ ချီးမွမ်းကြလိမ့်မည်။ 13 ဤထောက်ပံ့မှုသက်သေကိုထောက်၍ သူတို့သည် ခရစ်တော်၏သတင်းတော်မြတ်ကို သင်တို့ဝန်ခံလိုက်နာကြသောကြောင့်လည်းေကာင်း၊ ကိုယ်တိုင်မှစ၍သူခပ်သိမ်းတို့အား သင်တို့လှူဒါန်းကြသောကြောင့်လည်းေကာင်း၊ ဘုရားသခင့်ဘုန်းတော်ကိုချီးမွမ်းလျက်၊ 14 သင်တို့ခံစားရာလွန်ကဲသောကျေးဇူးတော်အတွက် လွမ်းတသောစိတ်နှင့် သင်တို့အဖို့ အသနားတော်ခံကြလိမ့်မည်။ 15 ချီးမွမ်း၍ မကုန်နိုင်သောဆုတော်ကြောင့် ဘုရားသခင်၏ကျေးဇူးတော်သည်ကြီးလှပေသတည်း။