2
ငါသည်သင်တို့ထံပူပန်ခံရန် ပြန်လာမည်မဟုတ်ဟု စိတ်ပြဋ္ဌာန်းခဲ့၏။ သင်တို့ကိုငါပူပန်စေလျှင် ငါ့ကိုဝမ်းမြောက်စေမည့်သူကား ပူပန်ရသူသင်တို့မှတပါးမည်သူရှိတော့အံ့နည်း။ ငါ့၏ရွှင်လန်းခြင်းအကြောင်းသည် သင်တို့ရှိသမျှ၏ရွှင်လန်းခြင်းအကြောင်းဖြစ်သည်ဟု သင်တို့ရှိသမျှကိုရည်လျက် ငါစိတ်ချသည့်အလျောက် ငါ့ကိုရွှင်လန်းစေအပ်သောသင်တို့ထံမှာ ပူပန်မည်စိုး၍ ငါမလာဖြစ်ဘဲစာရေးလိုက်၏။ သင်တို့ကိုပူပန်စေရန်မဟုတ်။ လွန်ကဲသောမေတ္တာရှိကြောင်းသိစေရန် ကြီးစွာသောစိတ်ဒုက္ခနှင့် အပူအဆွေးခံလျက် မျက်ရည်များစွာကျလျက်ရေးလိုက်ရ၏။
ပူပန်စေသူရှိလျှင် ငါ့ကိုသာမဟုတ်။ သင်တို့ရှိသမျှကိုမနည်းမများပူပန်စေကြောင်း အပြစ်ကြီးမတင်လို၍ ငါဆို၏။ ထိုသို့သောသူ့ကို အများစီရင်ပြီး ပြစ်ဒဏ်တော်လောက်ပြီဖြစ်၍၊ လွန်စွာပူပန်ခြင်း၌မနစ်မွန်းစေရန် ချမ်းသာပေးလျက်နှစ်သိမ့်စေလျှင် သင့်လျော်၏။ ထိုကြောင့် ထိုသူ့အပေါ်၌ သင်တို့မေတ္တာကိုတည်ပြန်စေရန် ငါနှိုးဆော်၏။ သင်တို့သည် အရာရာ၌လိုက်နာမည်၊ မနာမည်ကိုစုံစမ်းလျက်သိအံ့သောငှါသာ ငါရေးခဲ့သည့်အလျောက် 10-11 တစ်စုံတစ်ယောက်ကိုသင်တို့ချမ်းသာပေးလျှင် ငါလည်းပေးမည်။ ငါသည်ချမ်းသာပေးရန်ရှိခဲ့လျှင် ငါတို့အပေါ်တွင်စာတန်တင်စားခွင့်မရစေခြင်းငှာ ခရစ်တော့်ရှေ့တွင်သင်တို့အတွက် ငါပေးပြီ။ စာတန်၏အကြံအစည်များကို ငါတို့သိကြ၏။
12 ငါသည် ခရစ်တော်၏သတင်းတော်မြတ်အတွက် တရောမြို့သို့ရောက်ရာ အရှင်ဘုရားအားဖြင့် ဆောင်ရွက်ခွင့်တံခါးပွင့်သော်လည်း၊ 13 ညီတိတုနှင့်မဆုံမိသောကြောင့် စိတ္တသုခမရှိသည်ဖြစ်၍ အသင်းတော်ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်သွားရ၏။ 14 သို့ရာတွင် ငါတို့ကိုခရစ်တော့်နောက်အောင်ပွဲတွင် အစဉ်ထုတ်ပြလျက် အရပ်ရပ်၌ ကိုယ်တော်နှင့်သိကျွမ်းခြင်းရနံ့ကို ငါတို့ကြောင့်ထင်ရှားစေတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှပေ၏။ 15 အသို့ဆိုသော် ငါတို့သည် ကယ်တင်ရာရောက်လျက်နေသူတို့၌လည်းေကာင်း၊ ပျက်စီးရာရောက်လျက်နေသူတို့၌လည်းေကာင်း၊ ဘုရားသခင့်ရှေ့ ခရစ်တော်၏အမွေၖ္းအကြိုင်ဖြစ်သည့်အလျောက်၊ 16 တစ်ဖက်သားတို့၌သေခြင်းကို အထပ်ထပ်တိုးတက်စေသောရနံ့၊ တစ်ဖက်သားတို့၌ ရှင်ခြင်းကိုအထပ်ထပ်တိုးတက်စေသောရနံ့ဖြစ်ကြ၏။ ထိုသို့ဆောင်ရွက်ရန် မည်သူတတ်စွမ်းသနည်းဟုမေးလျှင်၊ 17 အများတို့ကဲ့သို့ ဘုရားသခင့်တရားတော်ကို ရောစပ်မြတ်စွန်းမှုမပြုဘဲ ကြည်လင်သူအဖြစ်၊ ဘုရားသခင်သွန်သင်သူအဖြစ်၊ မျက်မှောက်တော်တွင်ခရစ်တော်ကိုအမှီပြု၍ ဟောပြောသောငါတို့ပင်တည်း။