13
လွန်ကဲသောနည်းလမ်းကိုငါပြဦးမည်မှာ ငါသည်လူတို့နှင့် စေတမန်တော်တို့ဘာသာစကား ထူး​ေပြာဆိုသော်လည်း၊ မေတ္တာမရှိလျှင် ပဲ့တင်ခတ်သောကြေးစည်၊ အသံမြည်သောလင်းကွင်းမျှဖြစ်လေပြီ။ ဟောပြောခွင့်ရ၍ နက်နဲရာရှိသမျှ၊ အသိပညာရှိသမျှကို ထိုးထွင်းလျက် တောင်များကိုရွှေ့နိုင်သည့်တိုင်အောင် ယုံကြည်ခြင်းအစုံအလင်ရသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။ ပစ္စည်းရှိသမျှကိုစွန့်ကြဲ၍ ငါ့ကိုယ်ခန္ဓာကိုမီးဖြင့်ပူဇော်သော်လည်း မေတ္တာမရှိလျှင်အကျိုးမရှိ။ မေတ္တာသည် စိတ်ရှည်လျက်ကျေးဇူးပြုတတ်၏။ မေတ္တာသည်ငြူစူခြင်း၊ ထောင်လွှားခြင်း၊ ဝင့်ဝါခြင်း၊ မသင့်မလျော်ပြုကျင့်ခြင်း၊ ကိုယ့်အကျိုးကိုရှာခြင်း၊ စိတ်တိုခြင်း၊ နစ်နာမှုကိုအရေးယူခြင်းများနှင့် ကင်းသည့်ပြင်၊ အဓမ္မကြောင့်မရွှင်လန်းဘဲ သမ္မာဓမ္မကြောင့်ရွှင်လန်း၍ အရာရာကိုရပ်ခံလျက်၊ အရာရာကိုယုံကြည်လျက်၊ အရာရာကိုမြော်လင့်လျက်၊ အရာရာကိုသည်းခံလျက်နေ၏။ မေတ္တာသည် ကြွေကျတော့မည်မဟုတ်။ ဟောပြောဉာဏ်ဖြစ်လျင် ပပျောက်ခြင်း၊ ဘာသာစကားထူးဖြစ်လျင် ရပ်စဲခြင်း၊ အသိပညာဖြစ်လျှင် ကွယ်ပျောက်ခြင်းကိုခံရတော့မည်။ ငါတို့သည် မစုံမလင်သိလျက်၊ မစုံမလင်ဟောပြောလျက်နေရသည်မှန်၏။ 10 စုံလင်သော အဖြစ်ရောက်သော် မစုံမလင်ခြင်းပပျောက်လိမ့်မည်။ 11 ငါသည်သူငယ်ဖြစ်စဉ် သူငယ့်ဘာဝပြောဆိုခြင်း၊ သူငယ့်ဘာဝထင်မြင်ခြင်း၊ သူငယ့်ဘာဝ စူးစမ်းခြင်းပြုသည်မှန်၏။ အရွယ်ရောက်သော် သူငယ့်အလေ့များကိုပပျောက်စေပြီ။ 12 ယခုကာလ ငါတို့သည် စကားဝှက်သဖွယ် ကြေးမှုံရိပ်မျှသာမြင်ရကြ၏။ ထိုကာလ၌မူကား မျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်။ ယခုကာလငါသည် မစုံမလင်သိရ၏။ ထိုကာလ၌မူကား သိမြင်တော်မူခြင်းခံရသကဲ့သို့ပင် သိမြင်ရလိမ့်မည်။ 13 ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်းမူကား တည်လျက်နေ၏။ ထိုသုံးပါးတွင် ချစ်ခြင်းမေတ္တာသည် အထူးအမြတ်ဖြစ်သတည်း။