8
တစ်ဖန်၊ အရှင်ထာဝရဘုရားဖော်ပြတော်မူသည့်အတိုင်း၊ 8.1  ပါဠိ။ - ကာယစ်။အသီးပြည့်သောတောင်းတစ်လုံးကို ငါမြင်ရာ၊ အိုအာမုတ်၊ မည်သည့်အရာကိုမြင်ရသနည်းဟုမေးတော်မူသော်၊ အသီးပြည့်သော တောင်းတစ်လုံးကို မြင်ပါသည်ဟုလျှောက်လျှင်၊ ထာဝရဘုရားက၊ ဣသရေလလူမျိုးတော်သည် 8.2  ပါဠိ။ - ကာယစ်။အဆုံးတိုင်ရောက်ပြီ။ ငါသည် နောင်ချမ်းသာပေးတော့မည်မဟုတ်။ ထိုနေ့ရက်ကာလ၌၊ အသေကောင်များပြား၍၊ အရပ်ရပ်မှတိတ်တဆိတ်ထုတ်ပစ်ရသည့်အလျောက်၊ ဗိမာန်တော်ဆိုင်ရာကျူးဧသံများအစားအော်ဟစ်သံဖြစ်လတ္တံ့ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 4-6 တင်းငယ်ခြင်း၊ အလေးကြီးခြင်း၊ ချိန်ခွင်စဉ်းလဲခြင်းများကို သုံးလျက်၊ နွမ်းပါးသူတို့ကို ငွေနှင့်လည်းေကာင်း၊ ဆင်းရဲသားတို့ကို ဖိနပ်တစ်ရံနှင့်လည်းေကာင်း၊ ဝယ်ယူလျက်၊ စပါးကိုရောင်းခွင့် ရရန်လဆန်းနေ့၊ ဆန်ပြခွင့်ရရန် ဥပုသ်နေ့ကုန်လွန်မည်မှာ၊ မည်မျှလိုသေးသနည်းဟု ဆိုလျက်၊ ဆင်းရဲသားတို့ကိုဖိနင်း၍၊ နေပြည်ရှိနွမ်းပါးသူတို့ကို တိမ်ကောစေသောသင်တို့၊ ဤဗျာဒိတ်တော်ချက်ကိုနာခံကြဦး။ ငါသည်၊ ထိုသူတို့ အကျင့်အကြံအပြုအမူများကို၊ လျစ်လျူရှုတော့မည်မဟုတ်ဟု၊ ယာကုပ်အမျိုး၏မာနကိုတိုင်တည်လျက်၊ ထာဝရဘုရားသစ္စာဆိုတော်မူလေပြီ။ အရှင်ထာဝရဘုရားက၊ ထိုအကြောင်းကြောင့်နေပြည်သည်၊ အိဂျစ်မြစ်ရေကဲ့သို့တက်ခြင်း၊ လျှံခြင်း၊ ဆုတ်ခြင်းခံရသည့်တိုင်အောင်လှုပ်ရှားလျက်၊ နေထိုင်သူ အပေါင်းတို့လည်း၊ မြည်တမ်းရကြလတ္တံ့။ ထိုနေ့ရက်ကာလငါသည်၊ မွန်းတည့်အချိန်၌နေဝင်စေလျက်၊ နေ့လည်အချိန်၌ မြေပထဝီကို မှောင်ကျစေမည့်ပြင်၊ 10 သင်တို့ပူဇော်ပွဲကျင်းပခြင်း၊ အစားမြည်တမ်းခြင်း၊ သီချင်းအစားငိုချင်းများကိုပေးလျက်၊ လူအပေါင်းတို့၌လျှော်တေဆည်းခြင်း၊ ဦးဆံပယ်ခြင်းများကို ပြုသည့်အတိုင်း၊ ထိုကာလကို၊ ဧကပုတ္တသားအတွက် လွမ်းဆွတ်ရသောနေ့ရက်၊ အဆုံးကိုလည်း၊ နစ်နာသောနေ့ရက်ဖြစ်စေမည်။ 11 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အစားအသောက်မွတ်သိပ်ခြင်းကိုမဟုတ်၊ ငါထာဝရဘုရား၏ ဗျာဒိတ်အား နာခံနာယူရန် မွတ်သိပ်ခြင်းကို၊ ငါသင့်စေမည့် နေ့ရက်ကာလရောက်အံ့သောကြောင့်၊ 12 အိုင်ကြီးမှ ပယ်လယ်အထိကိုလည်းေကာင်း၊ မြောက်ဘက်မှ အရှေ့ဘက်ထိလည်းေကာင်း၊ ပြည်သူပြည်သားတို့သည်၊ ငါထာဝရဘုရား၏ ဗျာဒိတ်တော်ကို၊ ခေါက်တုံ့ခေါက်ပြန်လိုက်ရှာသော်လည်း၊ တွေ့ကြတော့မည်မဟုတ်။ 13-14 အိုဒန်မြို့၊ သင်၌ရှိသော ဘုရားအသက်ရှင်သည် ဟူ၍လည်းေကာင်း၊ ဗေရရှေဘမြို့လမ်းတည်ရှိသည်ဟူ၍လည်းေကာင်း၊ ဆိုလျက်၊ ရှမာရိနိုင်ငံပြစ်မှားရာပြစ်မှားကြောင်းကို တိုင်တည်၍၊ သစ္စာဆိုသူအဆင်းလှသော အပျိုကညာနှင့်လူပျိုတို့သည်၊ ထိုကာလအမြိုက်ရေငတ်၍မူးမော်လျက်၊ နောင်မထရဘဲ လဲကျရကြလတ္တံ့ဟုမိန့်တော်မူ၏။