7
1-2 အရှင်ထာဝရဘုရားဖော်ပြတော်မူသည့်အတိုင်း၊ ကံကျွေးစာမရင်းကို ရိတ်သိမ်းပြီးနောက်၊ ကောက်ပင်ပေါက်စကာလ၊ ဖန်ဆင်းတော်မူသောကျိုင်းအုပ်သည်။ တစ်ပြည် လုံးကောက်ပင်ကို စားခဲ့ကြောင်းငါမြင်ရာ၊ အိုအရှင်ထာဝရဘုရား၊ ချမ်းသာပေးတော်မူပါ။ သိမ်ငယ်သောယာကုပ်အမျိုးသည် မည်သို့ထပြန်အံ့နည်းဟု တောင်းလျှောက် သည်ကို ထောက်၍၊ စိတ်တော်ပြောင်းလဲသောထာဝရဘုရားက၊ ထိုသို့ဖြစ်တော့မည်မဟုတ်ဟုမိန့်တော်မူ၏။ တစ်ဖန်၊ အရှင်ထာဝရဘုရား ေဖာ်ပြတော်မူသည့်အတိုင်း၊ ဘက်ပြိုင်တော်မူရာကူညီရန်၊ အရှင်ထာဝရဘုရားမိန့်ခေါ်တော်မူသောမီးသည်၊ မဟာရေထုကို ကျွမ်းလောင်ပြီးလျှင်၊ မြေထုကိုလည်း ကျွမ်းလောင်မည့်ပြုကြောင်းငါမြင်ရာ၊
အိုအရှင်ထာဝရဘုရား၊ ရှိပါစေတော့။ သိမ်ငယ်သောယာကုပ်အမျိုးသည် မည်သို့ထပြန်အံ့နည်းဟု တောင်းလျှောက်သည်ကိုထောက်၍၊ စိတ်တော်ပြောင်းလဲသောအရှင်ထာဝရဘုရားက၊ ထိုသို့ဖြစ်တော့မည်မဟုတ်ဟု မိန့်တော်မူပြန်၏။
တစ်ဖန်ဖော်ပြတော်မူသည့်အတိုင်း၊ မှန်ထုပ်ချ၍တည်ပြီး မြို့ရိုးအနီး၊ မှန်ထုပ်ကိုကိုင်စွဲရပ်နေတော်မူသောထာဝရဘုရားကို ငါဖူးမြင်ရာ၊ အိုအာမုတ်၊ မည်သည့်အရာကိုမြင်ရသနည်းဟု မေးတော်မူသော်၊ မှန်ထုပ်ကိုမြင်ပါသည်ဟုလျှောက်လျှင်၊ အရှင်ဘုရားက၊ ငါသည် နောင်ချမ်းသာမပေးဘဲ၊ ဣသရေလလူမျိုးတော့်ဘောင်တွင် မှန်ထုပ်ကိုချမည့်အလျောက်၊ ဣဇာက်၏မြင့်ရာဌာနများသည် ဆိတ်ညံရာ။ ဣသရေလ၏သန့်ရှင်းရာဌာနများလည်း ဖုန်းဆိုးကုန်းဖြစ်ရလတ္တံ့။ ယေရောဗောင့်အဆက်အနွယ်တစ်ဘက်၊ ဓားဘေးကိုငါသင့်စေမည်ဟုမိန့်တော်မူ၏။
10 ထိုအခါ၊ ဗေသလမြို့ပရောဟိတ်ကြီး အာမဇိသည်၊ ဣသရေလ ဘုရင်ယေရောဗောင်မင်းထံကြားလျှောက်လိုက်သည်မှာ၊ ဣသရေလအမျိုးသားတို့ဘောင်တွင်၊ ဘုရင်မင်းတစ်ဘက် အတွင်းမီးမွေးသောအာမုတ်၏စကားကို၊ ပြည်တော်နားမဆံ့ပါ။ 11 ယေရောဗောင်မင်းသည်၊ ဓားဖြင့်ကွယ်လွန်ခြင်း၊ ဣသရေလအမျိုးသည်၊ နေပြည်မှ သုံ့ဘမ်းသိမ်းသွားခြင်းကိုခံရကြလတ္တံ့ဟူ၍၊ အာမုတ်တော်လှန်သည်ကို လျှောက်လိုက်သည့်ပြင်၊ 12 ငါအာမုတ်အားလည်း၊ အိုအမြော်အမြင်ဆရာ၊ ယုဒပြည်သို့ပြေးသွားပြီးလျှင်၊ ဟောပြော၍အသက်မွေးပါတော့။ 13 ဘုရင်မင်း၏ 7.13  ပါဠိ။ - သန့်ရှင်းရာဌာန။စေတီတော်၊ နိုင်ငံလုံး၏ဗိမာန်တော်ဖြစ်သော၊ ဤဗေသလမြို့တွင်၊ နောင်မဟောရဟုတားမြစ်သော်၊ 14 ငါအာမုတ်က၊ ပရောဖက်မဟုတ်၊ ပရောဖက်ဂိုဏ်းသားမဟုတ်၊ အထိန်းအကျောင်း၊ ပိုးစာခြံစောင့်ဖြစ်သောကျွန်တော်ကို၊ 15 ထိန်းကျောင်းရာမှ ထာဝရဘုရားခေါ်တော်မူလျက်၊ ဣသရေလလူမျိုးတော်အား သွား၍ဟောပြောလော့ဟု မိန့်တော်မူခဲ့လေပြီ။ 16 သို့ဖြစ်၍၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံပါလော့။ ဣသရေလအမျိုးကို ရည်လျက်ဟောပြောခြင်း၊ ဣဇာက်အမျိုးသားတို့ကို ရည်လျက် စကားလွှင့်ခြင်းမပြုလင့် ဟု ဆရာမြစ်တားရာ၌၊ 17 ထာဝရဘုရားက၊ သင့်မယားသည်၊ မြို့အတွင်းတွင် ပြည်တန်ဆာအဖြစ်ရောက်ခြင်း။ သားသမီးတို့သည်၊ ဓားဖြင့်ကျဆုံးခြင်း၊ လယ်ယာသည်၊ ကြိုးဆွဲ၍ ဝေဖန်ခြင်း၊ ကိုယ်တိုင်သည်၊ မသန့်သောပြည်တွင် သေလွန်ခြင်းများကိုခံရလျက်၊ ဣသရေလအမျိုးလည်း၊ နေပြည်မှ သုံ့ဘမ်းသိမ်းသွားခံရကြလတ္တံ့ဟု၊ မိန့်တော်မူကြောင်းပြန်ဆိုလေ၏။