2
ပင်တေကုတ္တေပွဲနေ့ တိုင်ရောက်သော် ထိုသူရှိသမျှတို့သည် တစ်နေရာတည်းတွင်စုရုံးကြရာ၊ လေပြင်းတိုက်သံနှင့်တူသောအသံသည် ကောင်းကင်မှရုတ်တရက်ရောက်လာ၍၊ ထိုင်နေကြရာတစ်အိမ်လုံးပြည့်လျက် မီးလျှံသဖွယ်လျှာများလည်းထင်ရှား၍ အသီးအသီးအပေါ်တွင်အဖြာဖြာတည်နေသည့်ပြင် ရှိသမျှတို့သည်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက် ဝိညာဉ်တော်သွန်သင်သည့်အတိုင်း၊ အခြားဘာသာများဖြင့်ဟောပြောကြ၏။
ထိုကာလ ကောင်းကင်အောက်ရှိလူမျိုးတိုင်းမှ ဘုရားတရားကြည်ညိုသူယုဒလူမျိုးတို့သည်၊ ယေရုရှလင်မြို့တွင်တည်းနေကြရာ ထိုအသံရောက်သော် လူအမြောက်အမြားစုရုံး၍ ကိုယ့်ဘာသာဖြင့် ဟောပြောသည်ကို အသီးအသီးကြားရသောကြောင့်၊ အံ့သြမိန်းမောတွေဝေလျက် ကြည့်ပါ။ ဟောပြောသူတို့ကား ဂါလိလဲနယ်သားများမဟုတ်လော။ သို့ဖြစ်လျက် ငါတို့ဇာတိဘာသာဖြင့် အသီးအသီးကြားရသည်မှာအသို့နည်း။ ပါရသိ၊ မေဒိနှင့်ဧလံပြည်သားများ၊ မေသောပေါတာမိ၊ ယုဒ၊ ကပ္ပဒေါကိ၊ ပုန္တု၊ အာရှိ၊ 10 ဖြုဂိ၊ ပမ်ဖုလိ၊ အိဂျစ်ပြည်များပြင်၊ ကုရေနေမြို့ပတ်လည်ရှိ လိဗုနယ်တွင်နေထိုင်သူများ၊ ရောမမြို့လာ အာဂန္တုတို့တည်းဟူသော ယုဒလူမျိုးနှင့်ယုဒဘာသာဝင်သူများ၊ 11 ကရေတေကျွန်းသားများ၊ အာရပ်လူမျိုးများဖြစ်သူငါတို့သည် ဘုရားသခင်၏ အမှုတော်ကြီးများအကြောင်းကို ငါတို့ဘာသာဖြင့်ဟောပြောရာ ကြားနာရပါသည်တကားဟု ဆိုကြ၏။ 12 ရှိသမျှတို့ပင်မိန်းမောတွေးတောလျက် ဤအမှုကားမည်သို့နည်းဟု အချင်းချင်းမေးမြန်းကြ၏။ 13 အချို့ကမူ စပျစ်ရည်ကြူးသူများဖြစ်သည်ဟု ပြောင်လှောင်ပြောဆိုကြ၏။
14 ထိုအခါပေတရုသည် တစ်ဆယ့်တစ်ပါးတို့နှင့်ရပ်လျက် အသံကျယ်စွာဟောပြောသည်မှာ အချင်းယုဒပြည်သားယေရုရှလင်မြို့သူတို့၊ ငါ့စကားကိုနာခံ၍ ဤအကြောင်းကိုသိမှတ်ကြလော့။ 15 ဤသူတို့သည် သင်တို့ထင်မြင်သည့်အတိုင်း မူးယစ်ကြသည်မဟုတ်။ ယခုမှာ နံနက်ကိုးနာရီအချိန်ပါတကား။ 16 ဤအမှုသည် ပရောဖက်ယောလဖြင့်ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်းဖြစ်၏။ 17 ဗျာဒိတ်တော်ကား၊ နောင်လာလတ္တံ့သောကာလတွင် လူအပေါင်းတို့အပေါ်သို့ ဝိညာဉ်တော်ကိုငါသွန်းလောင်းသဖြင့် သင်တို့သားသမီးများသည်တရားဟောလျက် လူပျိုတို့သည် ရူပါရုံေမျှာ်မြင်လျက်၊ လူအိုတို့သည်အိပ်မက်လျက် နေရကြလတ္တံ့။ 18 ၎င်းပြင်ငါ့ကျွန်ယောကျ်ား၊ ကျွန်မိန်းမတို့အပေါ်သို့ ထိုနေ့ရက်ကာလ၌ဝိညာဉ်တော်ကိုငါသွန်းလောင်းသဖြင့် သူတို့တရားဟောရကြလတ္တံ့။ 19 အထက်မိုးကောင်းကင်၊ အောက်မြေကြီး၌လည်း သွေးရောင်၊ မီးလျှံ၊ မီးငွေ့တည်းဟူသော အံ့ဖွယ်ရာနိမိတ်လက္ခဏာများကို၊ ငါပြမည့်အတိုင်း၊ 20 ငါထာဝရဘုရား၏နေ့ထူးနေ့ကြီးမတိုင်မီ နေကိုအမိုက်၊ လကိုအသွေးဖြစ်စေမည်။ 21 ထိုအခါ ငါထာဝရဘုရား၏နာမတော်ကိုပဌနာပြုသူတိုင်း၊ ဘေးလွတ်ခွင့်ရလတ္တံ့ဟု ဘုရားသခင်မိန့်တော်မူသည်ဟူ၍တည်း။ 22 အချင်းဣသရေလအမျိုးသားတို့၊ ဤစကားကိုနာယူကြလော့။ ကိုယ်တိုင်သိကြသည့်အတိုင်းပင် သင်တို့ဘောင်တွင်အမှုကြီးများ၊ အံ့ဖွယ်ရာများ၊ နိမိတ်လက္ခဏာများကိုပြုစေတော်မူခြင်းဖြင့် နာဇရက်မြို့သားယေရှုဘက်၌ သင်တို့ရှေ့ဘုရားသခင်သက်သေခံတော်မူ၏။ 23 အနာဂတံသဉာဏ်တော်၊ အကြံတော်များဖြင့် ဘုရားသခင်ပြဋ္ဌာန်းတော်မူပြီးသည့်အလျောက်၊ ပို့အပ်ခံရသောထိုအရှင်ကို မတရားသူတို့လက်ဖြင့်၊ 24 သင်တို့ကားတင်၍သတ်ကြရာ သေခြင်းဖြင့်အချည်အနှောင်မခံရသည်နှင့်အညီ ဘုရားသခင်သည် သေခြင်းဝေဒနာငြိမ်းစေလျက် ရှင်ပြန်ထမြောက်စေတော်မူပြီ။ 25 ထိုအရှင်နှင့်စပ်၍ ဒါဝိဒ်မင်းမြွက်ဆိုသည်ကား၊ ငါသည် ထာဝရဘုရားကိုအစဉ်မျက်မှောက်ပြုပါပြီ။ ငါမရွေ့စေခြင်းငှာကိုယ်တော်သည် ငါ့လက်ျာဘက်၌ရှိနေတော်မူ၏။ 26 သို့ဖြစ်၍ ငါ့စိတ်နှလုံးဝမ်းမြောက်လျက် ငါ့လျှာရွှင်လန်းပါ၏။ ငါ့ကိုယ်ခန္ဓာလည်း စောင့်မျှော်လျက်တည်းခိုပါလိမ့်မည်။ 27 အသို့ဆိုသော် ကိုယ်တော်သည် အကျွန်ုပ်အသက်ဝိညာဉ်ကို မရဏာ့နိုင်ငံတွင်ပစ်ထားတော်မမူ၊ သီးသန့်ထားတော်မူသောသူ့ကို ပုပ်ပျက်ခြင်းနှင့်ကြုံကြိုက်စေတော်မူမည်မဟုတ်။ 28 အသက်လမ်းကိုအကျွန်ုပ်အား ကိုယ်တော်သိကျွမ်းစေတော်မူပါပြီ။ ရှေ့တော်၌လည်းဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေတော်မူပါလိမ့်မည်ဟူ၍တည်း။ 29 ညီအစ်ကိုတို့၊ အဘဒါဝိဒ်မင်းအကြောင်းကိုလွတ်လွတ်ပြောဆိုရမည်ဖြစ်လျှင် ထိုမင်းကွယ်လွန်၍ စျာပနခံရသဖြင့် သင်္ချၖိုင်းဂူတော်သည် ယခုတိုင်ငါတို့၌ရှိ၏။ 30 သို့ရာတွင် ပရောဖက်ဖြစ်သောကြောင့် ကိုယ့်အမျိုးအနွယ်အနက် တစ်ပါးကိုနန်းဆက်စေတော်မူမည်ဟု ဘုရားသခင်သည်သစ္စာဓိဋ္ဌာန်ပြုတော်မူကြောင်းသိလျက်၊ 31 ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းကိုေမျှာ်မြင်၍ ကိုယ်တော်ကိုမရဏာ့နိုင်ငံတွင် ပစ်ထားတော်မမူကြောင်းကိုလည်းေကာင်း၊ ကိုယ်ခန္ဓာတော်လည်း ပုပ်ပျက်ခြင်းနှင့်ကြုံကြိုက်စေတော်မမူကြောင်းကိုလည်းေကာင်း ဟောပွောလေ၏။ 32 ထိုယေရှုကို ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူရာ ငါတို့ရှိသမျှသည်သက်သေဖြစ်ကြ၏။ 33 ၎င်းပြင် ဘုရားသခင်၏ညာလက်ရုံးတော်ဖြင့် ချီးမြှောက်ခံရ၍ ကတိထားတော်မူခဲ့သည့် သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော့်ထံခံရသဖြင့် သင်တို့ယခုကြားမြင်သမျှကို သွန်းလောင်းတော်မူပြီ။ 34-35 ငါ့အရှင်ဘုရားအား ထာဝရဘုရားက၊ သင့်ရန်သူတို့ကို သင့်ခြေတင်ရာငါမဖြစ်စေမီအတွင်း ငါ့လက်ျာဘက်မှာစံနေလော့ဟူ၍မိန့်တော်မူသည်ဟု ဒါဝိဒ်မင်းဆင့်ဆိုရာတွင် ကောင်းကင်သို့တက်ရသူသည် ဒါဝိဒ်မင်းမဟုတ်ပါ။ 36 သို့ဖြစ်၍ သင်တို့ကားတင်သောထိုယေရှုကို အရှင်ဘုရားအဖြစ်၊ 2.36 ပါဠိ။ ခရစ်ေတာ်။ ဘိသိက်ခံမင်းအဖြစ်၊ ဘုရားသခင်ခန့်ထားတော်မူကြောင်း ဣသရေလတစ်မျိုးလုံးစိတ်ချလျက် သိမှတ်စေဟုဟောပြောလေ၏။
37 ထိုသူတို့ကြားကြသော် စိတ်နာကျင်၍ ပေတရုနှင့်အခြားတမန်တော်တို့အား ညီအစ်ကိုတို့ မည်သို့ပြုရပါအံ့နည်းဟုမေးကြရာ၊ 38 ပေတရုက နောင်တရ၍အပြစ်ပြေလွတ်ခြင်းအလိုငှါ လူတိုင်းယေရှုခရစ်၏နာမတော်၌ ဗတ္တိဇံမင်္ဂလာခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော့်ဆုကျေးဇူးကိုခံရကြလိမ့်မည်။ 39 ကတိတော်မူကား သင်တို့မှစ၍သားစဉ်မြေးဆက်တို့ပြင် ဝေးကွာသူအပေါင်းတို့အနက် ငါတို့ဘုရားသခင်ထာဝရဘုရား ခေါ်တော်မူမည့်သူရှိသမျှနှင့်စပ်ဆိုင်သတည်းဟု ဖြေဆိုပြီးလျှင်၊ 40 အခြားစကားအများဖြင့် သက်သေခံလျက် ကောက်ကျစ်သောဤလူမျိုးမှ ထွက်မြောက်ကြလော့ဟု တိုက်တွန်းနှိုးဆော်လေ၏။ 41 ထိုအခါ ပေတရုစကားကိုနာယူသူတို့သည် ဗတ္တိဇံမင်္ဂလာခံကြသဖြင့် ထိုနေ့ချင်းတွင် လူသုံးထောင်ခန့်ထပ်ဝင်ရာ၊ 42 တမန်တော်တို့ဒေသနာပေးခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းများကို ထိုသူတို့စွဲမြဲလျက်နေကြ၏။
43 လူတိုင်းခန့်ညားလျက် တမန်တော်တို့သည် အံ့ဖွယ်ရာနိမိတ်လက္ခဏာအများကိုပြကြ၏။ 44 ယုံကြည်သူရှိသမျှတို့လည်း တစ်စုတစ်ဝေးတည်းနေ၍ ပိုင်သမျှကိုဘုံပစ္စည်းပြုလျက်၊ ပိုင်ဆိုင်ရာဥစ္စာကိုလည်းရောင်းချပြီးလျှင်၊ 45 မည်သူမဆို လိုသည့်အလျောက်ဝေငှပေးကမ်းကြ၏။ 46 တစ်နေ့နောက်တစ်နေ့ တညီတညွတ်တည်းဗိမာန်တော်သို့တက်မြဲတက်လျက်၊ ကိုယ့်အိမ်၌မုန့်ကိုဖဲ့လျက်၊ စိတ်ရွှင်လန်းကြည်ဖြူစွာ အစာအာဟာရကိုသုံးဆောင်လျက်နေရာ၊ 47 ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်း၍ ပြည်သူပြည်သားအပေါင်းတို့ရှေ့ မျက်နှာသာရကြ၏။ အရှင်ဘုရားလည်း ကယ်တင်တော်မူရာရောက်လျက်နေသူတို့ကို တစ်နေ့နောက်တစ်နေ့ထပ်သွင်းတော်မူ၏။