14
ထိုနည်းတူ ဣကောနိမြို့တွင်လည်း ယုဒလူမျိုးတို့ဓမ္မာရုံသို့ ပေါလုနှင့်ဗာနဗဝင်၍ဟောပြောကြသဖြင့် ယုဒလူမျိုးနှင့်ဂရိတ်လူမျိုးအမြောက်အမြားတို့သည်ယုံကြည်ကြ၏။ သို့ရာတွင် မနာမယူသောယုဒလူမျိုးတို့သည် လူမျိုးခြားတို့ကိုနှိုးဆော်၍ ညီအစ်ကိုတို့အပေါ်တွင်ရန်ငြိုးဖွဲ့စေကြ၏။ ပေါလုနှင့်ဗာနဗတို့သည် ကာလရှည်ကြာစွာနေထိုင်လျက် အရှင်ဘုရားကိုအမှီပြု၍ ရဲရင့်စွာဟောပြောကြစဉ် အရှင်ဘုရားလည်းနိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများကို ပြုမူပြသခွင့်သနားလျက် မေတ္တာကျေးဇူးတော်တရားအဖို့ သက်သေခံတော်မူ၏။ သို့နှင့်အညီ ထိုမြို့သူမြို့သားတို့သည်နှစ်စုကွဲ၍ ယုဒလူမျိုးတို့ဘက်တစ်စု၊ တမန်တော်တို့ဘက်တစ်စုနေကြ၏။ လူမျိုးခြားတို့နှင့်ယုဒလူမျိုးတို့သည် အရာရှိတို့ပါညှဉ်းပန်းပစ်ခတ်ရန် တိုင်ပင်ကြံစည်ကြသည်ကို ပေါလုနှင့်ဗာနဗတို့သိသော်၊ လုကောနိနယ် လုတ္တရမြို့၊ ဒေရဗေမြို့များနှင့်မြို့နယ်များသို့ထွက်ပြေး၍ သတင်းတော်မြတ်ကို ကြားပြောလျက်နေကြ၏။
လုတ္တရမြို့၌မည်သည့်အခါမျှ မလှမ်းမသွားနိုင်သောဝမ်းတွင်းပါ ခြေဆွံ့တစ်ယောက်သည်ထိုင်၍ ပေါလုဟောပြောသည်ကို နားထောင်လျက်နေစဉ်၊ ပေါလုစိုက်ကြည့်၍ ကျန်းမာခွင့်ရရန် ယုံကြည်ခြင်းရှိကြောင်းသိမြင်သော်၊ 10 မတ်တတ်ရပ်လော့ဟု ကျယ်သောအသံနှင့်ဆိုလျှင် ထိုသူထခုန်လှမ်းသွားလေ၏။ 11 ထိုသို့ပေါလုပြုသောအမှုကို လူပရိသတ်မြင်ကြသော် ဘုရားတို့သည်လူသဏ္ဌာန်ဆောင်လျက် ငါတို့ထံသက်ဆင်းကြပြီဟု လုကောနိဘာသာနှင့်ကြွေးကြော်၍၊ 12 ဗာနဗကို ​ေဇဥဘုရားဟူ၍လည်းေကာင်း၊ အဟောများသောကြောင့်ပေါလုကို ဟေရမေဘုရားဟူ၍လည်းေကာင်း၊ သမုတ်ကြသည့်ပြင်၊ 13 မြို့ရှေ့ဇေဥဘုရားကျောင်းထိုင်ပရောဟိတ်သည် လူပရိသတ်ပါလျက်ပူဇော်မည့်အကြံနှင့် မြို့တံခါးဝသို့ နွားများ၊ ပန်းကုံးများကိုဆွဲယူခဲ့လေ၏။ 14 ထိုအကြောင်းကို တမန်တော်ဗာနဗနှင့်ပေါလုတို့ကြားသော် ကိုယ့်အဝတ်များကိုဆုတ်လျက် ပရိသတ်ထဲသို့ပြေးဝင်ပြီးလျှင်၊ 15 အချင်းတို့၊ မည်သို့ပြုဘိသနည်း။ ငါတို့သည်သင်တို့နှင့် ဇာတိတူလူဖြစ်လျက် ဤအနတ္တဘုရားများကိုသင်တို့ပယ်ပြီးလျှင် မိုးမြေရေနှင့်ပါရှိသမျှကိုဖန်ဆင်း၍ အသက်ရှင်တော်မူသော ဘုရားသခင့်အထံတော်သို့လှည့်ဝင်ကြစေရန် သတင်းတော်မြတ်ကိုဟောပြောသူများဖြစ်ကြ၏။ 16 ရှေးကာလတွင် ဘုရားသခင်သည် လူမျိုးခပ်သိမ်းကို ကိုယ့်အကျင့်အကြံအလျောက် လိုက်ေလျှာက်ခွင့်ပြုတော်မူသော်လည်း၊ 17 သင်တို့အပေါ်သို့မိုးရွာစေလျက် အသီးအနှံထွက်ရာဥတုများကိုသနား၍ စိတ်နှလုံးရွှင်လန်းစေသောအစာအဟာရကို ကြွယ်ဝစွာပေးတော်မူသည့်အတိုင်း ကျေးဇူးရှင်ဖြစ်ကြောင်းသက်သေမဲ့နေစေတော်မမူဟု ကြွေးကြော်ပြောဆိုကြ၏။ 18 ထိုသို့ပြောဆိုလျက် ပူဇော်လိုသောလူပရိသတ်ကို တားဆီးမိရုံမျှရောက်ရကြ၏။
19 သို့သော်လည်း ယုဒလူမျိုးတို့သည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့များမှရောက်လာ၍ လူပရိသတ်ကို သွေးဆောင်သည်နှင့် ပေါလုကိုပစ်ခတ်၍သေပြီထင်မှတ်သဖြင့်၊ 20 မြို့ပြင်သို့ထုတ်ပစ်ကြပြီးနောက် တပည့်တော်တို့ဝိုင်းအုံကြစဉ် ပေါလုသည်ထ၍မြို့ထဲသို့ဝင်ပြီးလျှင် နောက်နေ့ဗာနဗနှင့်တကွ ဒေရဗေမြို့ရောက်သွားလေ၏။ 21 ထိုမြို့သူမြို့သားတို့အား သတင်းတော်မြတ်ကိုကြားပြော၍ တပည့်တော်အများဖြစ်စေကြပြီးနောက် လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့များသို့ပြန်ရောက်ရာ၊ 22 များစွာသောဆင်းရဲဒုက္ခခံခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်သို့ဝင်ရမည်ဟူ၍လည်းေကာင်း၊ ယုံကြည်ခြင်းတရားတော်၌ တည်မြဲရကြမည်ဟူ၍လည်းေကာင်းနှိုးဆော်လျက် တပည့်တော်တို့စိတ်ကို တည်ကြည်စေကြသည့်ပြင်၊ 23 အသင်းတော်တိုင်းတွင် ဥက္ကဋ္ဌများကိုခန့်ထား၍ အစာရှောင်ခြင်း၊ တောင်းလျှောက်ခြင်းပြုလျက် ယုံကြည်ရင်းအရှင်ဘုရားထံအပ်ကြ၏။ 24 သို့ပြီးသော်၊ ပေါလုနှင့်ဗာနဗတို့သည် ပိသိဒိနယ်ကိုဖြတ်၍ပံဖုလိပြည်သို့ရောက်သဖြင့်၊ 25 ပေရဂေမြို့တွင်တရားတော်ကိုဟောပြီးနောက် အတ္တလိမြို့သို့ဆင်းသွား၍၊ 26 ထိုမြို့မှ ဆောင်ရွက်ပြီးဖြစ်သောအမှုတော်အလို့ငှာ ဘုရားသခင့်ကျေးဇူးတော်သို့အပ်လိုက်ရင်း အန္တိအုတ်မြို့ရောက်သင်္ဘောစီးကြ၏။ 27 ဆိုက်လျှင် အသင်းတော်ကိုစုရုံးစေပြီးသော် ဘုရားသခင်သည်သူတို့အားဖြင့်ပြုတော်မူသမျှကိုလည်းေကာင်း၊ လူမျိုးခြားတို့အဖို့ယုံကြည်ခြင်းတံခါးဖွင့်တော်မူကြောင်းကိုလည်းေကာင်း ပြန်ကြားပြီးနောက်၊ 28 တပည့်တော်တို့နှင့် ကာလအတော်ကြာနေထိုင်ကြ၏။